စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ တင့်တယ်လှတဲ့မင်္ဂလာဝတ်စုံ

by: seng yar
 1 comments  0 love

နေနဲ့လ ရွှေနဲ့မြလို့ လိုက်ဖက်ညီလှတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ မင်္ဂလာဦးကစလို့ နောင်နှစ်ပေါင်းများစွာတိုင် ဆံဖြူသွားကျိုးတဲ့အထိ ပေါင်းဖက်နိုင်ပါစေ

ကျက်သရေပြည့် လှပနေတဲ့မင်္ဂလာမောင်နှံ

မင်္ဂလာပွဲလေးမှာ အလှဆုံး ဖြစ်နေရမယ့် မင်္ဂလာမောင်နှံလေးတွေအတွက် ဘယ်လို မင်္ဂလာဝတ်စုံမျိုးကို ရွေးချယ်မလဲ ဆိုတာကတော့ အရေးကြီးပါတယ်။ တစ်သက်မှာ တစ်ကြိမ်ပဲ ပြုလုပ်ရတဲ့မင်္ဂလာပွဲလေးမှာ ကျက်သရေပြည့် လှပနေစေမယ့် မင်္ဂလာဝတ်စုံလေး တစ်စုံကို Marry က ပြောပြပေးချင်ပါတယ်။ သရုပ်ဆောင် စိုးရန်အောင်နဲ့ မော်ဒယ် သက်သခင်တို့ရဲ့ မင်္ဂလာပွဲတုန်းက ဝတ်စုံလေး အလှကို တဆင့်ပြန်လည် ဝေမျှပေးလိုက်ရပါတယ်။

အရံလေးတွေနဲ့ အရောင်ဆင်တူလေး

မင်္ဂလာပွဲလေးမှာ သတို့သမီး၊ သတို့သားနဲ့ အရံလေးတွေကို

အရောင်လေးတွေ ဆင်တူ ဆင်ယင်ပေးထားပါတယ်။ မင်္ဂလာဝတ်စုံပုံစံလေးတွေကိုလည်း ရိုးရိုးလေးနဲ့ ကြည့်လို့ ကောင်းတဲ့ပုံစံလေး ဖြစ်နေစေပါတယ်။ မင်္ဂလာမောင်နှံလေးတွေရဲ့ ဝတ်စုံအရောင်ကိုလည်း မင်္ဂလာပွဲအလယ်မှာ တင့်တယ်နေအောင် အရောင်ကိုလည်း မတောက်လွန်း၊ မနုလွန်းဘဲ တည်ငြိမ်နေတဲ့အရောင်လေးကို ရွေးချယ်ပေးထားတာကို တွေ့ရမှာပါ။

မင်္ဂလာပွဲအလယ် ခမ်းနားစွာ တင့်တယ်နေစေတဲ့ ဝတ်စုံလေး

သတို့သမီးလေးရဲ့ အလှကို တည်ငြိမ်အောင် အကောင်းဆုံး ပံ့ပိုးပေးနေတဲ့

ထိုင်မသိမ်းဝတ်စုံလေးပဲ ဖြစ်ပါတယ်။ အောက်ခံ အဝါရောင်အပေါ်မှာမှ စီးကွင့်လေးတွေကို ပြည့်နေအောင် အအြည့် ထိုးထားတာကတော့ ဝတ်စုံလေးရဲ့ အလှကို ပိုတိုးပြီး အလှမှာ အယဉ်ဆင့်စေနိုင်တဲ့ ကျက်သရေပြည့်တဲ့သတို့သမီးလေး အသွင်ကို ပြောင်းလဲ ပေးလိုက်နိုင်ပါတယ်။

ပွဲအလယ် ထင်ပေါ်နေတဲ့သတို့သားလေး

သတို့သားလေးအတွက်တော့

အရောင်ကို အတောက်လေး ဆင်မြန်ပေးထားတာကို တွေ့ရမှာပါ။ လိုက်ဖက်ညီပြီး မင်္ဂလာပွဲလေးမှာ နေနဲ့လ ရွှေနဲ့မြလို့ လိုက်ဖက်ညီလှတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ မင်္ဂလာဦးကစလို့ နောင်နှစ်ပေါင်းများစွာတိုင် ဆံဖြူသွားကျိုးတဲ့အထိ ပေါင်းဖက်နိုင်ပါစေလို့ Marry က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords