ခန္ဓာကိုယ်ပိန်တဲ့ သတို့သမီးလောင်းလေးတို့ ထိုင်မသိမ်းဝတ်ရင်

by: Phyo Pyae Thu
 0 comments  1 love

ခန္ဓာကိုယ်ပိန်လို့ ထိုင်မသိမ်းဝတ်ပြီးမလှမှာစိုးရိမ်နေရင် Marry က ပြောတဲ့အတိုင်း ထိုင်မသိမ်း ရွေးချယ်ကြည့်ပါ။ ဒါဆိုရင် ခန္ဓာကိုယ် ပြည့်တဲ့ပုံပေါက်ပြီး လှမှာပါ။ 

သတို့သမီးလောင်းလေးတို့ရေ  ခန္ဓာကိုယ်ပိန်လို့ စိတ်ညစ်နေပြီလား၊ တချို့ သတို့သမီးလေးတွေက ပိန်လို့ ထိုင်မသိမ်းဝတ်ရင် မလှလောက်ဘူးလို့ ထင်ကြပါတယ်။ သတို့သမီးလောင်းလေးတို့ သေချာလေး ရွေးချယ် ဝတ်ဆင်မယ်ဆိုရင်တော့ လိုက်ဖက်တဲ့ ထိုင်မသိမ်းလေး ရရှိမှာပါ။

ချိတ်လှိုင်းရွေးချယ်တဲ့အခါ

သတို့သမီးလေးတို့ရေ ပိန်တယ်ဆိုရင်တော့ ပွဲမှာ ခန္ဓာကိုယ်ပြည့်ပြည့်လေး ဖြစ်နေတဲ့ပုံလေး ဖြစ်အောင် ထိုင်မသိမ်း ရွေးချယ်တဲ့အခါမှာ ချိတ်လှိုင်းကို နည်းနည်းကြီးကြီးနဲ့ ကျဲကျဲလေး ဝတ်ဆင်ပါ။ ဒါဆိုရင် သတို့သမီးလောင်းလေးတို့ ချိတ်လှိုင်းကြောင့် ပြည့်သယောင် ထင်နေမှာပါ။ နောက်ပြီး ထိုင်မသိမ်းမှာ ထိုးမယ့် စီကွင့်နဲ့ Accessories လေးတွေကို ခပ်စိပ်စိပ်လေး ထိုးပါ။  ဒီဇိုင်နာနဲ့လည်း သေချာ တိုင်ပင်ဖို့ လိုပါတယ်နော်။

ပုဝါရွေးချယ်တဲ့အခါ

အတွင်းခံ

သတို့သမီးလောင်းလေးတို့ရေ ထိုင်မသိမ်းဆိုတာက ခန္ဓာကိုယ်အချိးအစား ပြေပြစ်လေ ပိုလှလေပါပဲ။ ဒီတော့ သတို့သမီးလေးတို့ ပွဲနေ့မှာရော ဓါတ်ပုံတွေထဲမှာပါ လှနေစေဖို့ဆိုရင် ခန္ဓာကိုယ် အချိုးအစားကို ဂရုစိုက်ရပါမယ်။ သတို့သမီးလောင်းလေတို့ ပိန်ပြီး တင်ရင် မရှိဘူးဆိုရင် အတွင်းခံကို သေချာ ရွေးဖို့ လိုပါတယ်။ ရင်ဘတ်နေရာမှာလည်း ပြည့်ပြည့်လေး ဖြစ်အောင် ဖော့ထူထူလေး သုံးတာမျိုး လုပ်ပါ။ တင်နေရာမှာလည်း အဲဒီလိုပါပဲနော်။

ချိတ်လှိုင်းရွေးချယ်တဲ့အခါ

ပုဝါ

ခန္ဓာကိုယ် ပိန်တဲ့ သတို့သမီးလေးတို့ ထိုင်မသိမ်းဝတ်မယ်ဆိုရင် နောက်ထပ် ကိုယ်နဲ့ လိုက်ဖက်အောင် လုပ်လို့ရမယ့် အရာကတော့ ပုဝါပါ။ ပုဝါကိုလည်း ခန္ဓာကိုယ်ကို ကြီးသယောင်ဖြစ်စေမယ့် ပုံစံလေး ရွေးချယ်မယ်ဆိုရင် ပိန်တာ မပေါ်တော့ပါဘူး။

ထိုင်မသိမ်းနဲ့ ပွဲနေ့မှာ လှနေအောင်

သတို့သမီးလောင်းလေးတို့ ထိုင်မသိမ်းနဲ့ မင်္ဂလာပွဲနေ့မှာ လှနေဖို့ဆိုရင် မျက်နှာ ပြည့်ပြည့်လေးနဲ့ ကြည်ကြည်လင်လင်လေး ဖြစ်ဖို့ လိုပါတယ်နော်။ အိပ်ရေးဝဝ အိပ်ပါ။ အစားပုံမှန် စားပါ။ စိတ်ဖိစီးတွေ လျှော့ချထားပါ။ တချို့သတို့သမီးလောင်းလေးတွေဆိုရင် ပွဲနေ့အတွက် စိတ်ပူပြီး မျက်ကွင်းကျသွားတာတွေ ရှိပါတယ်။ ကိုယ်က ပိန်လည်း ပိန်တယ်ဆိုရင်တော့ မျက်နှာချောင်မကျသွားဖို့ ဂရုစိုက်ရပါမယ်နော်။

ခန္ဓာကိုယ်ပိန်လို့ ထိုင်မသိမ်းဝတ်ရင် မလှမှာစိုးရိမ်နေရင် Marry က ပြောတဲ့အတိုင်းလေး ထိုင်မသိမ်း ရွေးချယ်ကြည့်ပါ။ ဒါဆိုရင် ခန္ဓာကိုယ် ပြည့်တဲ့ပုံပေါက်ပြီး လှမှာပါ။ 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords