အလှဧကရီအသွင် ဆောင်ကျဉ်းပေးမယ့် အဝါရောင်သတို့သမီးထိုင်မသိမ်း

by: Phyo Pyae Thu
 0 comments  0 love

အလှဆုံး သတို့သမီးလေး ဖြစ်ချင်တဲ့သူတွေအတွက်  အလှဧကရီတစ်ဦးရဲ့ အသွင်အပြင်ဆောင်ကျဉ်းပေးမယ့် ထိုင်မသိမ်း ဝတ်စုံလေး တစ်စုံအကြောင်းကို Marry က ဖော်ပြပေးလိုက်ပါတယ်။

သတို့သမီးေ်လးတို့ရေ တစ်သက်မှာ တစ်ခါဆောင်တဲ့ မင်္ဂလာဆောင်ပွဲလေးမှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်ကြတယ် မဟုတ်လား။ အလှဆုံး သတို့သမီးလေး ဖြစ်ချင်တယ်ဆိုရင်တော့ ဝတ်စုံရွေးချယ်တဲ့အခါမှာ သေချာလေး ဂရုစိုက်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အလှဆုံး သတို့သမီးလေး ဖြစ်ချင်တဲ့သူတွေအတွက်  အလှဧကရီတစ်ဦးရဲ့ အသွင်အပြင်ဆောင်ကျဉ်းပေးမယ့် ထိုင်မသိမ်း ဝတ်စုံလေး တစ်စုံအကြောင်းကို Marry က ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာအရောင်

သတို့သမီးလောင်းလေးတို့ရေ အဝါရောင်ဆိုတာ မင်္ဂလာရှိတဲ့ အရောင်တစ်ရောင်ပါပဲ။ ခေါင်းအစ ခြေအဆုံး အဝါစစ်စစ်နဲ့ ဖန်တီးထားတာပါ။ ရေသီနားလေး ခပ်ဝိုင်းဝိုင်းနဲ့ ထိုင်မသိမ်း တစ်စုံလုံးကို Crystal အပြည့် စီထိုးထားပြီး လက်မောင်းတစ်လျှောက်မှာတော့ အပွင့်သဏ္ဍန်လေး ပုံဖော်ထားတာပါ။

အင်္ကျီတစ်စုံ ရိုးရှင်းစွာ ဆန်းသစ်ဖန်တီးထားပုံ

အင်္ကျီရင်ခံမှာ ပုံမှန်မြင်တွေ့နေကျ ရင်ပြတ်အဝိုက်ဒီဇိုင်း မဟုတ်ဘဲ ရင်ပြတ်အတန်းပုံစံလေး ဖော်ထားတာဖြစ်ပြီး ဇာလေးနဲ့ အနားပြန်ကွပ်ပေးထားသေးတာမို့ ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ဘတ်မပေါ်တာကို ကြိုက်တဲ့ သတို့သမီးလေးတွေအတွက် အကောင်းဆုံး ထိုင်မသိမ်း ရင်ခံအင်္ကျီလေး တစ်ထည်ပါ။ အပေါ်ထပ်အင်္ကျီမှာလည်း crystal ကြိုးလေးတွေနဲ့ အနားနှစ်ဖက်လုပ်ထားပြီး တစ်ဖက်ကိုတော့ အကွေးလေးတွေနဲ့ ဒီဇိုင်းဆန်းထားပါသေးတယ်။

ပုဝါ

သတို့သမီးလေးတို့ ပုဝါဆိုရင် ဒေါင်းပုဝါ၊ ဒေဝီပုဝါ၊ ဒေါင်းဒေဝီဆိုပြီး ပခုံးထက်မှာ ဆင်မြန်းထားတဲ့ပုံစံများပါတယ်။ ဒီထိုင်မသိမ်း ဝတ်စုံလေးမှာတော့ သတို့သမီးလေးတို့ ဆံကေသာထက်ကနေ ဖြာကျဆင်းနေတဲ့ ပုဝါပုံစံလေးကို မြင်ရမှာ ဖြစ်ပါတယ်။ ဆံကေသာ ထက်ကနေ အလှကဧကရီကို ကိုယ်စားပြုတဲ့ သရဖူနဲ့ ပုဝါကို ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။ သာမာန်မြင်နေကျကတော့ ပုဝါအတိုလေးတွေပါ။ အခု အဝါရောင် ပုဝါကတော့ ခေါင်းကနေ ခြေဖျားအထိရောက်တဲ့အပြင် အောက်နားမှာပါ ဝေ့ဝဲနေတဲ့ ပုဝါပါ။ သတို့သမီးလေးတို့ မျက်နှာလေးမော့ပြီး ခန်းမထဲ လမ်းလျှောက်ရုံပါပဲနော်။ ဒါမှ ပုဝါရဲ့ အလှ ပေါ်လွင်မှာမလားနော်။

အလှဧကရီ တစ်ဦးအဖြစ် အသွင်ဆောင်ကျဉ်းပေးမယ့် အဝါရောင် ထိုင်မသိမ်းဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ဆင်ထားတာကတော့ အစိမ်း တွဲဖက်ထားခြင်းပါပဲ။ မျက်စိ အေးစေပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ့် ကျောက်စိမ်းရတနာနဲ့ တွဲဖက်ဝတ်ဆင်ထားတာပါ။ အလှဧကရီ သတို့သမီးလေး တစ်ဦးဖြစ်တဲ့ အဝါရောင် ဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ဆင်ထားပေးတာကတော့ လက်ကိုင်ပန်းပါ။ လက်ကိုင်ပန်းမှာလည်း အဝါရောင်နှင်းဆီ၊ ကျူးလစ်အဖြူ၊ လီလီပန်းအဖြူကို ဖက်ရွက်အစိမ်းရောင်နဲ့ စည်းထားတာက လက်ဝတ်ရတနာ၊ ဝတ်စုံ၊ လက်ကိုင်ပန်းတို့ လိုက်ဖက်ညီစွာ ရှိနေကြောင်းကို ပြသထားခြင်းပါပဲ။ ဒီလိုမျိုး တစ်ပေါင်းတစ်စည်းတည်း အတွဲအစပ်မိနေတာက သတို့သမီးလောင်းလေးတို့ကို မင်္ဂလာခန်းမအလယ်မှာ အလှဧကရီ သတို့သမီးတစ်ဦးဖြစ်စေမှာပါ။

လှပတဲ့ အဝါရောင်ထိုင်မသိမ်းလေးကတော့ ဒီဇိုင်နာ မင်းသက်စံရဲ့ လက်ရာဖြစ်ပြီး မိတ်ကပ်ကတော့ လင်းလင်းပါ။ 

photo: Lin Lin(Make up artist)

From Marry with


Comments

0 comments
Latest video