မင်္ဂလာပွဲမှာ သတို့သမီးလေးကို အလှဆုံး ဖြစ်စေမယ့်ဝတ်စုံလေးများ

by: seng yar
 0 comments  0 love

ခရမ်းရောင် ဇာပါးလေးနဲ့ လိုက်ဖက်တဲ့ဝတ်စုံကိုမှ အဖြူရောင် နှင်းဆီပွင့်လေးတွေ သုံးပြီး ပန်းခင်းကြီးအလား ဖြစ်နေတဲ့ပန်းပုဝါလေးနဲ့ တွဲဖက်လိုက်တဲ့ပုံစံလေး

ဆန်းပြားတဲ့အရောင်လေးများနဲ့ ချုပ်လုပ်ထားတဲ့ဝတ်စုံလေးများကတော့ သတို့သမီးလေးရဲ့ အလှကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မှာပါ။ အခု တစ်ခါ Marry က ပြန်လည် ဝေမျှပေးချင်တာကတော့ ဒီဇိုင်းနာ ကောင်းမြတ်ရဲ့ အဆန်းပြားဆုံးဝတ်စုံလေးတွေပဲ ဖြစ်ပါတယ်။ ချိတ်အဆင်လေးတွေနဲအရောင်ဆန်းတဲ့ဝတ်စုံလေးတွေကို ပြောပြပေးလိုက်ရပါတယ်။

မြန်မာဆန်ဆန် ဝတ်စုံကိုမှ ခေတ်မှီတဲ့ပုံစံ

ဒီဝတ်စုံလေးကတော့ အရှေ့တိုင်းပုံစံနဲ့ မြန်မာ့ရိုးရာပုံစံကို ရောစပ်ထားတဲ့ဝတ်စုံလေး ဖြစ်ပါတယ်။ ရင်ပြတ်ပုံစံလေး ဖြစ်တာကြောင့် သတို့သမီးလေးရဲ့ အလှကို ပိုမို ကြော့ရှင်းစေနိုင်ပြီး အရောင်ဆန်းလေးကြောင့်လည်း ပွဲအလယ်မှာ တင့်တယ်နေမှာ သေချာပါတယ်နော်။

ရင်ပြတ်ပုံစံကြောင့် လည်တိုင် အလှကို ကြော့ရှင်းစေမယ်

သတို့သမီးလေးရဲ့ အလှကို အစွမ်းကုန် ပံ့ပိုးနိုင်မယ့်ဝတ်စုံပုံစံ

ဇာပုဝါရှည်လေးတွေကြောင့် ပိုတင့်တယ်နေတဲ့သတို့သမီးလေး

ပုခုံးရှော ပုဝါရှည်ပုံစံ

ပုခုံးကနေ နောက်တွဲအရှည်ထိ ရှည်လျားတဲ့ဝတ်စုံပုံစံလေးကတော့ အခုနောက်ပိုင်း ခေတ်စားလာပါတယ်။ ပုဝါပုံစံလေး ပြုလုပ်တဲ့အချိန်မှာ ဇာနဲ့ပဲ ပြုလုပ်လို့ ရသလို ဝတ်စုံနဲ့ လိုက်ဖက်တဲ့အစလေးနဲ့လည်း ယှဉ်တွဲပြီး ပြုလုပ်လိုက်ရင်လည်း အလိုက်ဖက်ဆုံး လှပနေတယ် ဆိုတာကို ဒီဇိုင်နာ ကောင်းမြတ်ရဲ့ ဒီဇိုင်းလေးတွေမှာ ထင်ပေါ်နေပါတယ်။

ပုခုံးရှော ပုဝါရှည်ပုံစံ

ချိတ် အဆင်ဆန်းဆန်းလေးနဲ့ သတို့သမီးအလှ

အရောင်စပ်လေးနဲ့ ပုဝါရှည်

ပန်းပုဝါလေးနဲ့ ဝတ်စုံ

သတို့သမီးလေးအတွက်ကတော့ ပုဝါလေးကို ဆင်မြန်းရတာကတော့ မပါ မဖြစ်တဲ့ အဆင်တန်ဆာလို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ဒီတစ်ခါမှာလည်း ပန်းပုဝါလေးနဲ့ ဇာဝတ်စုံအလှ ပြီးပြည့်စုံနေတဲ့ပုံစံလေးကို ပြောပြချင်ပါတယ်။ ခရမ်းရောင် ဇာပါးလေးနဲ့ လိုက်ဖက်တဲ့ဝတ်စုံကိုမှ အဖြူရောင် နှင်းဆီပွင့်လေးတွေ သုံးပြီး ပန်းခင်းကြီးအလား ဖြစ်နေတဲ့ပန်းပုဝါလေးနဲ့ တွဲဖက်လိုက်တဲ့ပုံစံလေးပဲ ဖြစ်ပါတယ်။

ပန်းပုဝါနဲ့ ပန်းခင်းအလယ်က နတ်သမီး

ပုဝါလေးကတော့ ဝတ်စုံရဲ့ အသက်ပါ

ခရမ်းရောင် ဇာပါးလေးနဲ့ ဝတ်စုံ

ပန်းတွေ ဝေနေတဲ့အသွင်လေးနဲ့ သတို့သမီးလေး

Photo Credits : Designer Kaung Myat

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords