သတို့သမီးလောင်းတွေအတွက် မြန်မာဆန်ဆန် ဆင်ယင်ထုံးဖွဲ့ပုံလေးတွေ

by: Khin Nyein Lwin
 0 comments  1 love

မြန်မာဝတ်စုံတွေကို အရင်ခေတ်ကပုံစံတွေ နမူနာယူပြီး မင်္ဂလာဝတ်စုံတွေကို ဆန်းသစ်တဲ့ပုံစံတွေနဲ့ ချုပ်လာကြတာတွေ့ရပါတယ်

ဖက်ရှင်ကအမြဲ တစ်ပတ်လည်လေ့ရှိတယ် ဆိုတဲ့အတိုင်း အခုဆို အရင်ခေတ်က မြန်မာဝတ်စုံ ပုံစံတွေကို ထပ်ပြီးဆန်းသစ်ကာ ဝတ်ဆင်လာကြတာကို တွေ့ရတယ်နော်။ မင်္ဂလာဆောင်တဲ့ အခါ မြန်မာဆန်ဆန် ထိုင်မသိမ်းတွေ ဝတ်ဆင်လာကြတာတွေ့ရမှာပါ။ ဒီဇိုင်နာများကလည်း မြန်မာဝတ်စုံတွေကို အရင်ခေတ်ကပုံစံတွေ နမူနာယူပြီး မင်္ဂလာဝတ်စုံတွေကို ဆန်းသစ်တဲ့ပုံစံတွေနဲ့ ချုပ်လာကြတာတွေ့ရပါတယ်။ ဒါကြောင့်မို့ Marry က သတို့သမီးလောင်းတွေအတွက် မြန်မာဆန်ဆန် ဆင်ယင်ထုံးဖွဲ့ပုံလေးတွေ၊ ထိုင်မသိမ်း မင်္ဂလာ ဝတ်စုံလေးတွေ အကြောင်းပြောပြချင်ပါတယ်။

 ဒီဇိုင်နာမျိုးမင်းစိုးရဲ့ ပူရှိန်းရောင် ထိုင်မသိမ်း

ဒီအရောင်လေးက မင်္ဂလာပွဲတွေတော်တော်များများ ဝတ်လေ့ဝတ်ထရှိတဲ့ အရောင်မျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် ဒီအရောင်လေးကို အောက်ခံထားပြီး မိတ်ကပ်ရောင် ချိတ်လိုင်းတွေနဲ့ တွဲဖက်ဖန်တီးထားတာ တွေ့ရမှာပါ။ ဒါကြောင့်မို့ ပူရှိန်းရောင် လင်းနေတာကို မိတ်ကပ်ရောင်လေးနဲ့ ထိန်းထားပြီး ဝတ်စုံရဲ့ ထည်ဝါမှုကို ထိန်းသိမ်းထားတဲ့ ဒီဇိုင်နာ မျိုးမင်းစိုးရဲ့လက်ရာကို တွေ့ရပါတယ်။ သတို့သမီးရဲ့ ဆံပင်လေးကိုတော့ တစ်ပတ်လျှိုဆံထုံးလေး ပြင်ဆင်ပေးထားတာတွေ့ရပါတယ်။ ပူရှိန်းရောင်ထိုင်မသိမ်းလေးနဲ့ လိုက်အောင် နီလာကျောက်ကိုလည်း နားဆွဲ၊ဘယက်နဲ့ လက်စွပ်မှာ ဆင်မြန်းထားတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ပူရှိန်းရောင်တောက်တောက်လေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် မိတ်ကပ်ရောင်လေးနဲ့ တွဲပြီးဝတ်ဆင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

 ဒီဇိုင်နာ ပြည်စိုးအောင်ရဲ့ လက်ရာလေး

အဖြူခံပေါ်မှာ ငွေရောင်ချိတ်လိုင်းတွေနဲ့ ဖန်တီိးပြုလုပ်ထားတဲ့ အတွက် အဖြူရောင်ကို ချစ်မြတ်နိုးတဲ့ သတို့သမီးလေးတွေအတွက်တော့ အကောင်းဆုံးပါနော်။ ဆံထုံးမှာတော့ ထိုင်မသိမ်းအဖြူနဲ့လိုက်အောင် သဇင်ပန်းတွေကို ပန်ပေးထားတာတွေ့ရပါတယ်။

ဒီဇိုင်နာ ခင်စန်းဝင်းရဲ့ ရွှေရောင်သတို့သမီးဝတ်စုံလေး

ဒီဝတ်စုံလေးကို မော်ဒယ်မယ်လိုဒီက ဝတ်ပြထားပါတယ်။ ရွှေရောင်ဟာ တောင်ဝင်တဲ့ အရောင်ဖြစ်ပြီး အသားဖြူသူရော ညိုတဲ့သူရောနဲ့ အကုန်လိုက်ဖက်ပါတယ်။ ပြီးတော့ သတို့သမီးလေးတစ်ယောက်အနေနဲ့ ဒီလိုရွှေရောင်ထိုင်မသိမ်းဝတ်လိုက်ရင် သတို့သမီးလျှောက်လှမ်းပေါ်မှာ ကျက်သရေအပြည့်နဲ့ လှပနေစေမှာပါ။ မြန်မာဆန်ဆန်ဆောင်ချင်သူလေးတွေဖို့ ရွှေရောင်လေးကတော့ အကောင်းဆုံးအရောင်လေး တစ်ရောင်ဖြစ်ပြီး ခေတ်တွေပြောင်းပါစေ ဘယ်တော့မှာ ရိုးသွားမှာ မဟုတ်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords