ဒီဇိုင်နာပြည်စိုးအောင် ဖန်တီးထားတဲ့ (၅)သိန်းတန် ထိုင်မသိမ်း

by: Nway Nway Aung
 0 comments  1 love

နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ရဲ့ ဖန်တီးမှုလက်ရာကို အလွန်အကျွံ ငွေကုန်ကြေးကျမများဘဲ ကိုယ်ပိုင် ဝတ်စုံလေး အဖြစ် ဆင်မြန်း ပိုင်ဆိုင် နိုင်မှာပါ

Marry က သတို့သမီးလောင်းလေးတွေ အတွက် ဝေမျှပေးချင်တာကတော့ နာမည်ကျော် ဒီဇိုင်နာ ပြည်စိုးအောင် ဖန်တီးချုပ်လုပ်ထားတဲ့ (၅)သိန်းတန် ထိုင်မသိမ်း ဝတ်စုံလေး အကြောင်းပါ။ နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ရဲ့ ဖန်တီးမှုလက်ရာကို အလွန်အကျွံ ငွေကုန်ကြေးကျမများဘဲ ကိုယ်ပိုင် ဝတ်စုံလေး အဖြစ် ဆင်မြန်း ပိုင်ဆိုင် နိုင်မှာမို့ သတို့သမီးလေးတို့ စိတ်ဝင်စား ကြမယ်ထင်ပါတယ်။

ဝတ်စုံထိုးထားတဲ့ ကျောက်လေးတွေ

အင်္ကျီ ရင်ခံနဲ့ ထဘီကို ပန်းရောင် ဖျော့ဖျော့ ပိုးသားပေါ်မှာ ပန်းဆီရောင်၊ ငွေရောင် ကျောက်တွေ၊ ခရစ်စတယ်လ် တွေနဲ့ တစ်ထည်လုံး အလှဆင်ထားတဲ့ အတွက် သတို့သမီးလေးက ပန်းသွေးရောင် ကြွပြီး လှပနေမှာပါ။

ဝတ်စုံလေးက တန်ဖိုး သင့်တင့်တယ် ဆိုပေမယ့် တစ်ထည်လုံးကိုတော့ အနုစိတ် ဖန်တီးထားတာကို တွေ့ရပါတယ်။

လုံချည် တစ်ခုတည်းမှာတင် ဖန်တီးမှု ဒိဇိုင်း သုံးမျိုးလောက် ရောယှက်ထားတာကို တွေ့ရမှာပါ။

ပုဝါကိုတော့ ပန်းနုရောင် ပိုးသားပြောင်ပေါ်မှာ ပန်းဆီရောင်နဲ့ ငွေရောင် ရောယှက်ထားတဲ့ ပန်းကနုတ်တွေ အနားကွပ်ထားပြီး အလယ်မှာတော့ လင်းလင်းလက်လက် အလှဆင်ကျောက်လေးတွေ ကို ညီညီညာညာ နေရာချလို့ အလှပဆုံး ဖန်တီးထားပါတယ်။

အပေါ်ထပ် အင်္ကျီလေးကိုလည်း ပန်းနုရောင် ဖန်ဇာပါးလေးနဲ့ ဖန်တီးထားပြီး စိန်ရောင်တောက်နေတဲ့ အလှဆင်ကျောက်လေးတွေနဲ့ အလှဆင်ထားပါတယ်။ ခြုံပြီး ပြောရရင်တော့ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ ဖန်တီးမှု ပီသစွာ သတို့သမီးလေးတွေ ရင်ခုန်ရမယ့် ထိုင်မသိမ်းလေးပါ။ ဒီဇိုင်နာ ပြည်စိုးအောင်ရဲ့ ဖန်တီးမှုတွေကို အနည်းဆုံး (၅) သိန်းကနေ အများဆုံး သိန်း(၄၀)လောက်ထိ သတို့သမီးတို့ စိတ်တိုင်းကျ ရနိုင်တယ်လို့လည်း သိရတဲ့အတွက် Marry ရဲ့ သတို့သမီးလေးတို့ကို ပြန်လည် ဝေမျှပေးလိုက်တယ်နော်။

Credit – Pyae Soe Aung Exclusive Bridal Creations

From Marry with


Comments

0 comments
Latest video
Refer to more useful articles