ကျက်သရေရှိပြီး လှပတဲ့သတို့သမီးဖြစ်ဖို့ ဝတ်စုံအပြင် လိုအပ်တာတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ ကျက်သရေရှိပြီး လှပဖို့ဆိုရင် မိတ်ကပ်၊ ဝတ်စုံလေးအပြင် တခြားအရာတွေ လိုအပ်ပါသေးတယ်။ accessories  တွေလည်း သုံးဖို့ လိုပါတယ်နော်။ 

အလှအပကို တိုးပွားစေမယ့် accessories  တွေလည်း သုံးဖို့ လိုပါတယ်နော် (photo: Diane Bridal)

သတို့သမီးလေးတို့ရေ ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲလေးမှာ အလှဆုံး သတို့သမီးလေးတို့ ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ သတို့သမီးလေးတို့ ကျက်သရေရှိပြီး လှပဖို့ဆိုရင် မိတ်ကပ်၊ ဝတ်စုံလေးအပြင် တခြားအရာတွေ လိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့ အလှအပကို တိုးပွားစေမယ့် accessories  တွေလည်း သုံးဖို့ လိုပါတယ်နော်။ accessories ဆိုရင်လည်း ဆံပင်တစ်ခုပဲ မဟုတ်ဘဲ ခေါင်းအစ ခြေအဆုံး အသုံးပြုရမှာပါနော်။

  • သတို့သမီးလေးတို့ရေ ဝတ်စုံမဝတ်ခင်မှာ ခန္ဓာကိုယ်လေး ချပ်ရပ်ပြီး တိတိကျကျ လှပဖို့ဆိုရင် အတွင်းခံလေးတွေ အဓိက ကျပါတယ်။ အတွင်းခံ ဝတ်တဲ့အခါမှာလည်း အပေါ်အောက် တစ်ထည်ချင်းစီ မဟုတ်ဘဲ တဆက်တည်းလေးတွေ ဝတ်ရင် ပိုကောင်းပါတယ်။
  • ထိုင်မသိမ်း၊ မြန်မာဆန်ဆန် ဒါမှမဟုတ် အနောက်တိုင်း ဝတ်စုံ ဘယ်လိုဝတ်စုံပဲဝတ်ဝတ် ပဝါလေးတွေ လိုပါတယ်။ ပဝါလေးတွေ ပါတာက သတို့သမီးလေးကို ကျက်သရေ ရှိနေစေမှာပါ။

ဘယ်လိုဝတ်စုံပဲဝတ်ဝတ် ပဝါလေးတွေ လိုပါတယ် (photo: Pink Book)

  • ဆံပင်အတွက်လည်း အလှဆင်ပစ္စည်းလေးတွေ လိုပါတယ်။ ဆံပင်အတွက် ပန်းလေးတွေ၊ သရဖူ၊ ခေါင်းဆောင်၊ ကျောက်ဆံထိုး၊ ကလစ်၊ ဘီးကုတ် စတာလေးတွေ လိုအပ်ပါတယ်။ ဒါမှ အလှပေါ်အလှဆင့်နိုင်မှာပါ။
  • သတို့သမီးလေးတို့ရေ လျှောက်လမ်းထက်မှာ လျှောက်လှမ်းတဲ့အခါ ဝတ်စုံလေးနဲ့ လိုက်ဖက်ပြီး ခြေထောက်မနာစေတဲ့ ဖိနပ်တစ်ရံတော့ လိုပါတယ်။ ဒါမှ ဖိနပ်လှလှလေးစီးပြီး လျှောက်လမ်းထက်က ခြေလှမ်းတွေကို ပိုလှစေမှာပါ။
  • သတို့သမီးလေးတို့ရေ အလှကို ထပ်ပြီး အလှဆင်နိုင်ဖို့အတွက် လက်ကိုင်ပန်းစည်းလေးက ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ပန်းလေးကို သတို့သမီးလေးတို့ ဝတ်စုံနဲ့ လိုက်ဖက်မယ့်ဟာ ပြင်ဆင်ပါ။ လက်ကိုင်ပန်း မကိုင်တဲ့ သတို့သမီးလေးတွေအတွက် လက်ကိုင်အိတ်လေးတော့ လိုအပ်ပါတယ်။

လက်ဝတ်ရတနာတွေလည်း  လိုပါတယ် (Photo: PETALS N BUDS BRENTWOOD BAY FLORIST)

  • သတို့သမီးလေးတို့ မိတ်ကပ်အလှအပြင် လက်ဝတ်ရတနာတွေလည်း  လိုပါတယ်။ နားပေါက်မရှိလို့ မဝတ်တာမျိုး မလုပ်ဘဲ သံလိုက်နားကပ်လေးတွေ ပန်တာမျိုး လုပ်ပါ။  ဝတ်စုံရဲ့ရင်ဘတ်ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့လည်ဆွဲဘယက်ကသတို့သမီးလေးရဲ့အလှကိုပိုခမ်းနားစေပါတယ်။ ရင်ထိုးလေးတွေလည်း လိုက်ဖက်တဲ့ အရာတွေလည်း တပ်ဆင်ပါ။ 
  • သတို့သား၊ သတို့သမီးလေးတို့ရေ ဧည့်ခံပွဲဆိုတာ ပင်ပန်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပြီး ဧည့်ခံရတယ်မလား။ ဒီတော့ ခန္ဓာကိုယ်မှာ ချွေးနံ့ရတာတွေ ရှိနိုင်ပါတယ်။ ရေမွှေးဆွတ်တာမျိုး လုပ်ပါ။ ဧည့်သည်တွေအနားသွားတဲ့အခါမှာ ကိုယ့်ရဲ့ ရေမွှေးနံ့လေးကြောင့် ကြည်နူးဆွတ်ပျံ့တာမျိုး ဖြစ်သွားမယ်ဆိုရင် သတို့သမီးလေးတို့ လှသထက် လှသွားမှာ သေချာပါတယ်။

သတို့သမီးလေးတို့ရေ လှနေစေဖို့ဆိုရင် မိတ်ကပ်အလှ ဝတ်စုံအလှအပြင် Accessories လေးတွေလည်း လိုပါတယ်နော်။ဒါမှ ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ လိုက်ဖက်တဲ့ အလှဆုံး သတို့သမီးလေး ဖြစ်နေမှာပါ။

 

 

 

 

 

 

 

 

 

 

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords