သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက်ဖိနပ် ကြိုတင်ပြင်ဆင်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲဆိုတာ သတို့သမီး ဦးစားပေးစီစဉ်ရတဲ့ ပွဲလေးတစ်ပွဲပါပဲ။ ပြင်ဆင်ရတဲ့အခါမှာ သတို့သမီးလေးတို့ရဲ့ ခေါင်းအစ ခြေအဆုံး အလှလည်း ပါဝင်ပါတယ်။ 

အနည်းဆုံး (၁) လ ဒါမှမဟုတ် (၃) လလောက် ကြိုပြီး စီစဉ်ပါ (photo: Shoes of Prey)

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲကျင်းပဖို့အတွက် စီစဉ်ရတာ များပါတယ်။ သတို့သမီးလေးတို့က ရာခိုင်နှုန်းတော်တော်များများ စီစဉ်ဖြစ်ကြမှာပါ။ နှစ်ယောက်ဆောင်တယ်ဆိုပေမယ့် မင်္ဂလာပွဲဆိုတာ သတို့သမီး ဦးစားပေးစီစဉ်ရတဲ့ ပွဲလေးတစ်ပွဲပါပဲ။ ပြင်ဆင်ရတဲ့အခါမှာ သတို့သမီးလေးတို့ရဲ့ ခေါင်းအစ ခြေအဆုံး အလှလည်း ပါဝင်ပါတယ်။

အချိန်ဘယ်လောက်ယူရမလဲ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံးပြုံးထားနိုင်တဲ့ အပြုံးလေးတွေ ရဖို့ဆိုရင် ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာ ရှိဖို့ လိုပါတယ်။ သက်တောင့်သက်သာဖြစ်စေဖို့ ဖိနပ်ကိုလည်း ဂရုစိုက်ရပါမယ်။ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် ဖိနပ်စီစဉ်တဲ့အခါမှာ မင်္ဂလာပွဲနီးမှ မစီစဉ်ပါနဲ့။ အနည်းဆုံး (၁) လ ဒါမှမဟုတ် (၃) လလောက် ကြိုပြီး စီစဉ်ပါ။

ဖိနပ် ဝယ်တဲ့အခါမှာ ဝတ်စုံရဲ့ အရောင်နဲ့ ကိုက်ညီဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ခါတလေမှာ အရောင်တွေက ဆင်တူသလိုလိုနဲ့ ကွဲနေတတ်တာကြောင့်ပါ။ ဒါကြောင့် ဖိနပ်ဝယ်တဲ့အခါမှာ ဝတ်စုံတစ်စုံလုံး မသယ်သွားဘူးဆိုရင်တောင် ပိတ်စ အပိုင်းအစလောက်တော့ ယူသွားပါ။ ဓါတ်ပုံရိုက်တယ်ဆိုရင်တော့ အလင်းအမှောင်ကြောင့် အရောင်ကွဲတာတွေ ဖြစ်နိုင်လို့ ပိတ်စသေးသေးလေး ယူသွားပါနော်။

ဖိနပ်ဝယ်တဲ့အခါမှာ ဝတ်စုံတစ်စုံလုံး မသယ်သွားဘူးဆိုရင်တောင် ပိတ်စ အပိုင်းအစလောက်တော့ ယူသွားပါ (photo: Shoes of Prey)

ရွေးချယ်တဲ့အခါ

ဖိနပ်ရွေးမယ်ဆိုရင် အရမ်းလှတာထက် သက်တောင့်သက်သာဖြစ်တာကိုသာ ရွေးချယ်ပါ။ ဒါမှ မင်္ဂလာပွဲနေ့ စီးတဲ့အခါမှာ မနာမှာပါ။ ဒေါက်အမြင့်ကြီးတော့ မရွေးပါနဲ့နော်။ မင်္ဂလာပွဲတလျှောက်လုံး မတ်တပ်ရပ်နေမှာ ဖြစ်တဲ့အတွက် ဝတ်စုံကိုလည်း ထိန်းရ ဖိနပ်ကိုလည်း ထိန်းရဆိုရင် အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။

ကြိုတင်လေ့ကျင့်တဲ့အခါ

ဖိနပ်ကို မင်္ဂလာပွဲမတိုင်ခင် (၁၅) ရက်လောက်အလိုထဲက ကြိုတင်ပြီး အိမ်မှာ အစမ်းလေ့ကျင့်ပါ။ ဒါမှ ဖိနပ်က အသားကျမှာပါ။ ဖိနပ်ပေါက်တာ၊ ခြေထောက်နာတာတွေ ဖြစ်တယ်ဆိုရင် အသစ်ပြန်ရှာဝယ်ရမှာပါ။ လမ်းလျှောက်တဲ့အခါမှာ ကြမ်းပြင်မှာ မျဉ်းတစ်ကြောင်းတားပြီး အဲဒိမျဉ်းပေါ်မှာ ဖိနပ်စီးပြီး လေ့ကျင့်လျှောက်ပါ။ ဒါမှ မင်္ဂလာလမ်းမှာ လျှောက်တဲ့အခါ ညီညီညာညာနဲ့ ဟန်ချက်ထိန်းထားကာ ကြော့ကြော့မော့မော့လေး လျှောက်နိုင်မှာပါ။

သတို့သမီးလေးတို့ရေ ဖိနပ် အစမ်းစီးကြည့်လို့ ခြေထောက်နာကျင်တာ၊ အရမ်းညောင်းတာ၊ ခြေဖဝါးအလယ်က အောင့်တာတွေ ဖြစ်လာရင် အသစ်ထပ်ဝယ်ပါနော်။ မင်္ဂလာပွဲနေ့မှာ အဆင်ပြေဖို့ အရမ်းအရေးကြီးပါတယ်။ ထိပ်အရမ်းချွန်တဲ့ ဖိနပ်တွေဆိုရင် သတို့သမီးလေးတို့ ခြေထောက်နာ ပိုပြီး ဖြစ်နိုင်ပါတယ်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords