ဆံကေသာမှာ ဆင်မြန်းမယ့် Accessories ရွေးချယ်တဲ့ အခါ

by: Editor
 0 comments  0 love

ဝတ်စုံရဲ့ အရောင်တွေ၊ ဝတ်စုံ ဒီဇိုင်း ပုံစံတွေအပြင် သတို့သမီးလေး ဆင်ယင်ထားတဲ့ အခြားသော လက်ဝတ်ရတနာတွေနဲ့လည်း အပ်စပ်တဲ့ Hair Accessories တွေကိုပဲ ရွေးချယ်ပါ

ဆံကေသာပေါ်မှာ ဆင်မြန်းမယ့် Accessories လေးတွေကလည်း အရေးပါလှပါတယ်

သတို့သမီးလေးတို့အတွက် ဆံကေသာ အလှအပက အရေးပါလှသလိုပဲ ဆံကေသာပေါ်မှာ ဆင်မြန်းမယ့် Accessories လေးတွေကလည်း အရေးပါလှပါတယ်။ သတို့သမီးလေး တစ်ယောက် အတွက် အဖက်ဖက်က ပြည့်စုံတဲ့ အလှကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ အလှအပကို ထောက်ပံ့ပေးနိုင်တဲ့ အရာအားလုံးကို သေချာဂရုပြု ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆံကေသာမှာ ဆင်မြန်းမယ့် Accessories ကိုရွေးချယ်တဲ့ အခါ ဘာတွေကို သတိပြုသင့်သလဲ ဆိုတာ Marry က အကြံပေးချင်ပါတယ်။

သတို့သမီးလေးရဲ့ ပင်ကိုယ်စတိုင်လ် နဲ့ ကိုက်ညီဖို့

ဒဏ္ဍာရီ ဆန်ဆန် လှစေမယ့် Hair Accessories လေး

ပထမဦးဆုံး သတိပြုရမှာက ရွေးချယ်လိုက်တဲ့ Accessories က သတို့သမီးလေးရဲ့ ပင်ကိုယ်စတိုင်လ်နဲ့ ကိုက်ညီမှုရှိဖို့ပါပဲ။ ဆိုလိုတာကတော့ ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွ ပုံစံရှိတဲ့ သတို့သမီးလေးတွေက နန်းဆန်ဆန် ခန့်ခန့်ထည်ထည်တွေကို မရွေးချယ်သင့်သလို၊ မျက်နှာထား တည်ငြိမ်တဲ့ သတို့သမီးလေးတွေကလည်း ကလေးဆန်ပြီး ပျိုးပျိုးပျက်ပျက် ဖြစ်နေတာမျိုးတွေကို မရွေးချယ်သင့်ပါဘူး။

ဝတ်စုံနဲ့ လိုက်ဖက်ဖို့

တည်ငြိမ်တဲ့ အလှကို ပေးစွမ်းမယ့် Hair Accessories လေး

နောက်ထပ် သတိပြုရမှာ တစ်ခုကတော့ သတို့သမီး ဝတ်စုံနဲ့ လိုက်ဖက်တဲ့ Hair Accessories ဖြစ်ဖို့ပါပဲ။ သတို့သမီး ဝတ်စုံမှာ ပါဝင်နေတဲ့ အရောင်တွေ၊ ဝတ်စုံ ဒီဇိုင်း ပုံစံတွေအပြင် သတို့သမီးလေး ဆင်ယင်ထားတဲ့ အခြားသော လက်ဝတ်ရတနာတွေနဲ့လည်း အပ်စပ်တဲ့ Hair Accessories တွေကိုပဲ ရွေးချယ်ပါ။ ဆိုလိုတာကတော့ စိန်လည်တုံ ဆင်မြန်းထားတဲ့ သတို့သမီးလေးက အခြားအရောင်ပါတဲ့ ဆံထိုးတွေ မရွေးဘဲ စိန်ဆံထိုးမျိုးကို ရွေးချယ်သင့်တယ်လို့ ပြောချင်တာပါ။

ရွှေရောင်လား ငွေရောင်လား

ရွှေရောင်လား ငွေရောင်လား

Hair Accessoriesကို ရတနာပစ္စည်းလို ဆင်မြန်းလေ့ရှိတဲ့အတွက် ရွှေရောင်၊ ငွေရောင် နှစ်မျိုး ရှိပါတယ်။ ကိုယ်က ရွှေရောင်ကို ရွေးမလား၊ ငွေရောင်ကို ရွေးမလား ဆိုတာကလည်း ကိုယ့်ရဲ့ အကြိုက်ထက် ကိုယ့်ဆင်မြန်းတဲ့ လက်ဝတ်ရတနာကို ကြည့်ရမှာပါ။ ရွှေနဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းထားရင် ရွှေရောင်Hair Accessories ကိုရွေးချယ်ရမှာ ဖြစ်ပြီး ရွှေဖြူနဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းထားရင်တော့ ငွေရောင် Hair Accessories ကိုရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။

Marry ရဲ့ သတို့သမီးလေးတွေအားလုံး  မင်္ဂလာပွဲမှာ ဆင်မြန်းဖို့ Hair Accessories  ဝယ်ယူမယ်ဆိုရင် အခုပြောပြထားတဲ့ အချက်လေးတွေကို သတိပြုဖို့ မမေ့နဲ့နော်။

 

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords