နားပေါက်မရှိတဲ့ သတို့သမီးလေးတွေ နားကပ်လှလှလေးတွေ ဝတ်ဆင်နိုင်ဖို့

by: Nway Nway Aung
 0 comments  0 love

ဒီဇိုင်း ဆန်းဆန်းလေးတွေ လိုချင်တယ် ဆိုရင်တော့ ကိုယ်တိုင် အပ်နှံထားသင့်ပါတယ်။ ဒါကြောင့် နားကပ်အတွက် အနည်းဆုံး အချိန် (၆)လလောက် ကြိုယူပြီး ပြင်ဆင်ထားသင့်ပါတယ်

နားကပ်က သတို့သမီးလေးအတွက် အလှအပ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာ အသေအချာပါပဲ

ယောက်ျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ် ဆိုသလို မိန်းကလေးမှန်ရင် ဘာမှမရှိရင် နေပါစေ၊ နားကပ်လေး တစ်ရံပါမှ ပြည့်စုံတယ် ဆိုကြတာမို့ နားကပ်ဆိုတာ မိန်းမသားတို့ အတွက် မရှိမဖြစ်တဲ့ အဆင်တန်ဆာလို့ တောင် ပြောနိုင်ပါတယ်။ သတို့သမီးလေး အတွက်ဆိုရင်လည်း အခြားသော အဆင်တန်ဆာ၊ လက်ဝတ်ရတနာတွေ နည်းတူ နားကပ်က သတို့သမီးလေးအတွက် အလှအပ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာ အသေအချာပါပဲ။

နားပေါက်မရှိလည်း နားကပ်လှလှလေးတွေ ဝတ်လို့ ရပါတယ်

နားပေါက်မရှိလည်း နားကပ်ဝတ်နိုင်ဖို့

မိန်းကလေး တိုင်းလိုလို နားကပ်ပန်ဆင်ဖို့ နားပေါက်ရှိကြပေမယ့် တချို့မိန်းကလေးတွေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် နားပေါက် မရှိကြပါဘူး။ Marry ရဲ့ သတို့သမီးလောင်းလေးတွေမှာရော နားပေါက်မရှိတဲ့ သတို့သမီးလေးတွေ ပါခဲ့ရင် နားကပ်ဝတ်လို့ မရတော့ဘူးလား။ လုံးဝမဟုတ်ပါဘူးနော်။ နားပေါက်မရှိလည်း နားကပ်လှလှလေးတွေ ဝတ်လို့ ရပါတယ်။

ရိုးရိုးနားကပ်တွေလောက်တော့ ဒီဇိုင်း မစုံလင်သလို၊ ဈေးကွက်ထဲမှာ ရှာရတာလည်း နည်းနည်းတော့ ခက်ပါတယ်

နားပေါက်မရှိတဲ့ သတို့သမီးလေးတွေ အနေနဲ့ ကပ်နားကပ်နဲ့ သံလိုက်နားကပ်တွေကို ရွေးချယ်လို့ ရပါတယ်။ နားပေါက်မရှိတဲ့ မိန်းကလေးက ရှားတော့ ကပ်နားကပ်တွေ၊ သံလိုက် နားကပ်တွေဟာ ရိုးရိုးနားကပ်တွေလောက်တော့ ဒီဇိုင်း မစုံလင်သလို၊ ဈေးကွက်ထဲမှာ ရှာရတာလည်း နည်းနည်းတော့ ခက်ပါတယ်။ ဒါကြောင့် နားပေါက်မရှိတဲ့ သတို့သမီးလေးတွေက နားကပ်အတွက် အချိန်ယူပြီး ရှာဖွေထားသင့်ပါတယ်။

ကပ်နားကပ်တွေအတွက် အဆင်ပြေနိုင်တဲ့ ဒီဇိုင်းကိုတော့ ပန်းတိမ်ဆရာနဲ့တိုင်ပင်သင့်ပါတယ်

ကပ်နားကပ် ရွေးချယ်တဲ့အခါ

ဒီဇိုင်း ဆန်းဆန်းလေးတွေ လိုချင်တယ် ဆိုရင်တော့ ကိုယ်တိုင် အပ်နှံထားသင့်ပါတယ်။ ဒါကြောင့် နားကပ်အတွက် အနည်းဆုံး အချိန် (၆)လလောက် ကြိုယူပြီး ပြင်ဆင်ထားသင့်ပါတယ်။ စိတ်ကြိုက် ဒီဇိုင်းကို အပ်နှံတယ် ဆိုပေမယ့်လည်း ကပ်နားကပ်တွေအတွက် အဆင်ပြေနိုင်တဲ့ ဒီဇိုင်းကိုတော့ ပန်းတိမ်ဆရာနဲ့တိုင်ပင်သင့်ပါတယ်။

ပေါ့ပါးတဲ့ နားကပ်လေးတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်

သံလိုက် နားကပ်ပဲ ဖြစ်ဖြစ် ကပ်နားကပ်ပဲ ဖြစ်ဖြစ် နားကပ်က အရွယ်အစားကြီးပြီး အလေးချိန် များနေရင် အဆင်မပြေနိုင်ပါဘူး။ ကပ်နားကပ်တွေ ဆိုတာကလည်း နားရွက်အသားကို ကလစ်နဲ့ ညှပ်ထားသလို ဖြစ်တာမို့ အခန့်မသင့်ရင် ဒါမှမဟုတ် အချိန်ကြာရင် နာလာတတ်ပါတယ်။ ဒါကြောင့် မနာကျင်ရအောင် တတ်နိုင်သလောက် ပေါ့ပါးတဲ့ နားကပ်လေးတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords