သတို့သမီးလေးတို့ မင်္ဂလာဆောင်ဝတ်စုံအတွက် အတွင်းခံရွေးချယ်တဲ့အခါ

by: Nway Nway Aung
 0 comments  0 love

သတို့သမီးဝတ်စုံက များသောအားဖြင့် အဖြူရောင်နဲ့ အရောင်နုနုလေးတွေ များတဲ့အတွက်ကြောင့် အတွင်းခံက အရောင်တောက်တောက်ဖြစ်နေရင် အဆင်မပြေနိုင်ပါဘူး

သတို့သမီးလေးတို့ အတွင်းခံရွေးချယ်တဲ့အခါ

သတို့သမီးလေးတို့ရေ သတို့သမီးတို့အတွက် မင်္ဂလာဝတ်စုံလေးက အလှဆုံးဖြစ်နေဖို့ လိုအပ်သလို ဝတ်စုံလေးအောက်မှာ ဝတ်မယ့် အတွင်းခံလေးကလည်း သက်တောင့်သက်သာ ဖြစ်နေဖို့နဲ့ သတို့သမီးလေးကို ဝတ်စုံလေးနဲ့ ပိုပြီးလှပအောင် ထောက်ပံ့ပေးဖို့ အရေးပါလှပါတယ်။ အဲ့လို အဖက်ဖက်က အရေးပါတဲ့ အတွင်းခံ ဝတ်စုံလေးကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် အတွင်းခံ ဝယ်ယူတဲ့အခါ ဘာတွေကို သတိပြုသင့်သလဲဆိုတာ Marry က ပြောပြပေးချင်ပါတယ်။

အမျိုးအစား

အတွင်းခံကို ဘာအမျိုးအစားရွေးသင့်သလဲ ဆိုတာက မင်္ဂလာဝတ်စုံကို ဘယ်လိုဒီဇိုင်း ဝတ်ဆင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်

အတွင်းခံ အဝတ်က အမျိုးအစား အများကြီး ရှိပါတယ်။ သတို့သမီးလေးတို့အနေနဲ့ မှန်ကန်တဲ့ အမျိုးအစားကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ အတွင်းခံကို ဘာအမျိုးအစားရွေးသင့်သလဲ ဆိုတာက မင်္ဂလာဝတ်စုံကို ဘယ်လိုဒီဇိုင်း ဝတ်ဆင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ နောက်ကျောပြောင် မင်္ဂလာဝတ်စုံမျိုးကို ရွေးချယ်မယ် ဆိုရင် နောက်ဘက်မှာ ကြိုးမပါတဲ့ အတွင်းခံမျိုးကို ရွေးဖို့ လိုအပ်ပြီး ခါးလေးသိမ်ပြီး ဗိုက်လေးချပ်နေဖို့ လိုအပ်တဲ့ မြန်မာထိုင်မသိမ်း ဝတ်မယ်ဆိုရင် ကော့ဆက်လိုမျိုး ကိုယ်ခန္ဓာကောက်ကြောင်းပေါ်အောင် ဖန်တီးပေးတဲ့ အတွင်းခံမျိုးကို ရွေးပေးရမှာပါ။

အရောင်

ဝတ်စုံနဲ့ အတွင်းခံ အရောင်တူနေရင် အကောင်းဆုံးပါပဲ

သတို့သမီးလေးရဲ့ အတွင်းခံက အရောင်ရင့်ရင့် တောက်တောက်တွေ မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သတို့သမီးဝတ်စုံက များသောအားဖြင့် အဖြူရောင်နဲ့ အရောင်နုနုလေးတွေ များတဲ့အတွက်ကြောင့် အတွင်းခံက အရောင်တောက်တောက်ဖြစ်နေရင် အဆင်မပြေနိုင်ပါဘူး။ အကောင်းဆုံးကတော့ ဝတ်စုံနဲ့ အတွင်းခံ အရောင်တူနေရင် အကောင်းဆုံးပါပဲ။

Size

အတွင်းခံမှာ အရေးအကြီးဆုံးက Size လို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ကွက်တိဖြစ်တဲ့ အတွင်းခံကို ရွေးချယ်ရမှာပါ။ Size ကြီးနေရင် ခန္ဓာကိုယ်အလှ မပေါ်လွင်နိုင်တော့ဘဲ Size သေးနေရင်လည်း ကျပ်ပြီး သက်တောင့်သက်သာ မရှိနိုင်ပါဘူး။ ဒါကြောင့် အတွင်းခံ Size ဟာ ခန္ဓာကိုယ်လှဖို့ အတွက်ရော သတို့သမီးလေး နေရထိုင်ရတာ သက်တောင့်သက်သာ ရှိဖို့အတွက်ပါ အရေးပါပါတယ်။ အတွင်းခံ ဘောင်းဘီကိုလည်း  ပွဲနေ့မတိုင်ခင် ကတည်းက စမ်းဝတ်ကြည့်သင့်ပြီး ပေါင်ရင်းတို့၊ ဂွကြားတို့မှာ ကျပ်နေတဲ့ ဘောင်းဘီမျိုးဆိုရင်တော့ ပွဲနေ့မှာ မဝတ်သင့်ပါဘူးနော်။

 

From Marry with


Comments

0 comments
Latest video