မင်္ဂလာလက်စွပ်ကို မင်္ဂလာပွဲမတိုင်ခင် အချိန်ဘယ်လောက် ကြိုလုပ်ရမလဲ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာလက်စွပ်အတွက် အပ်ထည် မအပ်ခင်မှာဖြစ်ဖြစ် ဒီဇိုင်းလေးတွေ ကြိုကြည့်ထားပါ။ ကုန်ကျစရိတ်ကိုလည်း တွက်ထားနှင့်ပြီး ကြိုစုထားပါ။

မင်္ဂလာလက်စွပ်ဆိုတာကလည်း ဘဝမှာ အရေးကြီးတဲ့ အမှတ်တရမို့ သေချာပြင်ဆင်ထားရမယ်နော်။ ဒီတော့ မင်္ဂလာလက်စွပ်နဲ့ ပတ်သက်ပြီး အမှားအယွင်း မဖြစ်ရလေအောင် မင်္ဂလာပွဲမတိုင်ခင် ဘယ်လောက်ကတည်းက ကြိုပြင်ရမလဲဆိုတာ သိထားသင့်တယ်နော်။

ဘယ်လောက်မှာ ကြိုလုပ်ရမလဲ (photo: Golden ring and diamond)

ရွေးချယ်ထားတဲ့ဆိုင်

မင်္ဂလာလက်စွပ်လုပ်ဖို့အတွက် စဉ်းစားတဲ့အခါမှာ ဆိုင်ရွေးဖို့လည်း လိုပါတယ်။ စုံတွဲလေးတို့ ရွေးမယ့်ဆိုင်က အပ်ထည်ဆိုရင် ကြာတတ်လား၊ စုံတွဲလေးတို့က အပ်ထည် အပ်မှာလား၊ ဆိုင်မှာ ရှိပြီးသားကိုပဲ ရွေးချယ်မှာလား ထည့်တွေးပြီးမှ ရွေးပါ။ ရွေးချယ်ထားတဲ့ဆိုင်က အပ်ထည်မကြာဘူး၊ ဒီဇိုင်းလည်း စုံတယ်ဆိုရင်တော့ မင်္ဂလာပွဲနဲ့ တစ်လလောက် ခွာပြီး အပ်ရင် ရပါတယ်။

အပ်နေကျဆိုင် မရှိရင်

တချို့စုံတွဲလေးတွေကတော့ စိန်ထည်၊ ရွှေထည်ဆိုရင် အပ်နေကျဆိုင် ရှိပါတယ်။ ကိုယ့်ကြိုက်တတ်တဲ့ ဒီဇိုင်းလေးတွေ ရှိတဲ့ဆိုင်မျိုးပေါ့။ ဒါဆိုရင်တော့ ဒီဇိုင်းတွေ၊ လက်ရာတွေ သိပ်ရှာစရာ မလိုတာမို့ (၂) ပတ်လောက်နဲ့တင် ရပါတယ်။ အပ်နေကျဆိုင်ဆိုတော့ ကိုယ်နဲ့လည်း အကြောင်းသိပြီးသားမို့ အဆင်ပြေနိုင်ပါတယ်။

ရွေးချယ်ထားတဲ့ဆိုင် (photo: Golden ring and diamond)

အစောကြီးမလုပ်ပါနဲ့

မင်္ဂလာလက်စွပ် လုပ်တဲ့အခါမှာ မင်္ဂလာပွဲနဲ့ (၁) လခွဲလောက် ကြိုလုပ်ထားရင် ရပါပြီနော်။ အစောကြီးလုပ်ထားတဲ့အခါ ဒီဇိုင်း ပြန်ပြောင်းချင်တာမျိုး၊ ဝတ်ချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မင်္ဂလာပွဲ စစီစဉ်ကတည်းက လက်စွပ်ကို စီစဉ်ထားရင် လက်ချောင်းလေးတွေ ပြည့်လာတဲ့အခါ မတော်တော့တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့် အရမ်းအစောကြီးတော့ မလုပ်ထားပါနဲ့နော်။

ကုန်ကျစရိတ်တွက်နှင့်ပါ (photo: Golden ring and diamond)

ဒီဇိုင်းလေးတွေ ကြိုကြည့်ထားပြီး ကုန်ကျစရိတ်တွက်နှင့်ပါ

မင်္ဂလာလက်စွပ်အတွက် အပ်ထည် မအပ်ခင်မှာဖြစ်ဖြစ် ဒီဇိုင်းလေးတွေ ကြိုကြည့်ထားပါ။ ကုန်ကျစရိတ်ကိုလည်း တွက်ထားနှင့်ပြီး ကြိုစုထားပါ။ ရွှေဆိုရင်တော့ တကွင်းကို (၅) မူးသားလောက်ထိ လုပ်လေ့ရှိကြပါတယ်။ ကုန်ကျစရိတ် ကြိုစုထားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပမာဏအတွက် စိတ်အေးရမှာပါ။ အရမ်းလောပြီး ပိုက်ဆံမပြည့်သေးဘဲ မအပ်လိုက်ပါနဲ့နော်။

စုံတွဲလေးတို့ မင်္ဂလာပွဲမတိုင်ခင်မှာ မင်္ဂလာလက်စွပ် လုပ်မယ်ဆိုရင် ဒါလေးသိထားပေးနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords