မင်္ဂလာဝတ်စုံကို ရင်ပြတ်ပုံစံ ဝတ်ဆင်မယ့် သတို့သမီးလေးအတွက် ပုလဲလည်ဆွဲများ

by: seng yar
 0 comments  0 love

ဖြူစင် သန့်စင်ခြင်းကို အဓိပ္ပါယ်ဆောင်နေတဲ့ ပုလဲလည်ဆွဲလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်

မင်္ဂလာသတို့သမီးလေးအတွက် ခေါင်းအစ ခြေအဆုံး ပြီးပြည့်စုံတဲ့အလှ ရရှိဖို့ကတော့ Marry ရှိပါတယ်။ မင်္ဂလာသတို့သမီးလေးတွေ သတို့သားလေးတွေအတွက်သာမကဘဲ မင်္ဂလာပွဲတစ်ခုလုံး အဆင်ပြေ ချောမောစွာ ပြီးဆုံးနိုင်ဖို့အတွက် လိုအပ်မယ့်အရာတွေ အကုန်ကို Marry မှာ ဝေမျှထားပါတယ်။ အခုတစ်ခါမှာတော့ မင်္ဂလာဝတ်စုံကို ရင်ပြတ်ပုံစံ ဝတ်ဆင်မယ့်သတို့သမီးလေးအတွက် ပုလဲဆွဲကြိုးများကို ဖော်ပြပေးလိုက်ရပါတယ်။

ကမာကောင်လေးတွေရဲ့ အသက်လေးလို့တောင် တင်စားခေါ်ဝေါ်လို့ရတဲ့ ပုလဲလုံးတွေကို သီကုံးထားတဲ့ ပုလဲလည်ဆွဲလေးကတော့ သတို့သမီးလေး အလှကို ရှုမငြီးနိုင်တဲ့အလှကို ဖြစ်ပေါ်စေမှာပါ (photo: Pintrest)

 

ပုလဲလေးကိုတော့ ကျန်တဲ့ကျောက်မြတ်တွေနဲ့ ပေါင်းစပ် အလှဆင်လို့လည်းရပါတယ်။ စိန်တွေရောထားတဲ့ ပုလဲ လည်ဆွဲလေးအလှကို မြင်ယောင်ကြည့်ပေးပါ (photo: Pintrest)

 

ပုလဲလေးတွေကို ပန်းလေးတွေ အလား ဖန်တီးထားတဲ့ပုံစံလေးကတော့ ပျိုပျစ်နုပျိုတဲ့အလှလေးကို ဖန်တီးလိုက်ပါတယ် (photo: Pintrest)

 

ဖြူစင်သန့်ရှင်းတဲ့ပုလဲလေးကတော့ တည်ငြိမ်ရင့်ကျက်ခြင်းအလှကိုလည်း ဖော်ကျူးနိုင်တာကိုတော့ မေ့လို့ မရနိုင်ပါဘူး (photo: Pintrest)

 

ပုလဲပန်းလေးတွေလို့ ဆိုရမယ့် ပုလဲလုံးလေးတွေကြား ပန်းကလေး ဖူးပွင့်နေတာကတော့ ကျက်သရေပြည့်တဲ့အလှတရားကို ဖော်ထုတ်ပေးနေပါတယ် (photo: Pintrest)

ရင်ပြတ်ဝတ်စုံလေးဝတ်ဆင်မယ်လို့ ရွေးချယ်လိုက်တဲ့သတို့သမီးလေးအတွက်ကတော့ ဖြူစင် သန့်စင်ခြင်းကို အဓိပ္ပါယ်ဆောင်နေတဲ့ ပုလဲလည်ဆွဲလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords