ခမ်းနားလွန်းလှတဲ့ အလှတရားတွေကို ပုံဖော်ပေးမယ့် ရွှေဖြူပုဝါ

by: Nway Nway Aung
 0 comments  0 love

ဒီလို ထူးခြားလှတဲ့ ပုဝါလေးရဲ့ ဖန်တီးမှုအကြောင်း ဒီဇိုင်နာ မင်းသက်စံက အခုလိုပဲ ပြောပြထားပါတယ်။

ခမ်းနားလွန်းလှတဲ့ အလှတရားတွေကို ပုံဖော်နေသော ရွှေဖြူပုဝါ

အနောက်တိုင်း သတို့သမီးဝတ်စုံနဲ့ ဆို ခေါင်းဆောင်း ဇာပုဝါတွေက အရေးပါလှသလိုပဲ မြန်မာ ထိုင်မသိမ်းဝတ်စုံတွေနဲ့ ဆိုရင်တော့ ပခုံးတင် ပုဝါတွေက အရေးကြီးလှပါတယ်။ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ လှပတင့်တယ်မှုနဲ့ ကိုယ်နေဟန်ထားရဲ့ ကျော့ရှင်းမှုကို သူမခြုံလွှမ်းထားတဲ့ ပုဝါဒီဇိုင်းလေးက အရောင်တင်ပေးနိုင်သလို သတို့သမီး တစ်ယောက်ရဲ့ တင့်တယ်မှုနဲ့ မင်္ဂလာ ဝတ်စုံရဲ့ ကျက်သရေရှိမှုတို့ကို သတို့သမီးပုဝါက အထောက်အကူပေးတာပါ။

သတို့သမီးလေးရဲ့ ပင်ကိုယ်အလှတွေမှာ ထည်ဝါခမ်းနားခြင်းဆိုတဲ့ ဂုဏ်ရှိန်တွေကို အရောင်တင်ပေးမယ့် ပုဝါလေးတစ်ထည်

ဒီတစ်ခါမှာတော့ ဝတ်ဆင်ထားတဲ့ သတို့သမီးလေးရဲ့

ပင်ကိုယ်အလှတွေမှာ ထည်ဝါခမ်းနားခြင်းဆိုတဲ့ ဂုဏ်ရှိန်တွေကို အရောင်တင်ပေးမယ့် ပုဝါလေးတစ်ထည် အကြောင်းပြောပြပေးချင်ပါတယ်။ ပလက်တီနမ်နဲ့ ပြုလုပ်ထားတဲ့ ပုဝါလေးပါ။ လှပလွန်းတဲ့ မြန်မာထိုင်မသိမ်း ဝတ်စုံလေးနဲ့ လိုက်ဖက်အောင် ဒီဇိုင်နာ မင်းသက်စံက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီလို ထူးခြားလှတဲ့ ပုဝါလေးရဲ့ ဖန်တီးမှုအကြောင်း ဒီဇိုင်နာ မင်းသက်စံက အခုလိုပဲ ပြောပြထားပါတယ်။

Designer ရဲ့ ပုဝါ Design ဖန်တီးမှုရယ် ရွှေဖြူအကုံး အလုံးလေးတွေရဲ့ အလှ ပေါင်းစပ်မှုရယ်

ထူးခြားပြီး ချစ်စရာကောင်းတဲ့ ပုဝါလေး

Platinum (ရွှေဖြူ) တွေနဲ့ ဖန်တီးထားတဲ့ ပုဝါလေးပါ။ Designer ရဲ့ ပုဝါ Design ဖန်တီးမှုရယ် ရွှေဖြူအကုံး အလုံးလေးတွေရဲ့ အလှ ပေါင်းစပ်မှုရယ်က သတို့သမီးလေးနဲ့ ပိုလိုက်ဖက်သွားပါတယ်။ ပုဝါကိုတော့ မြပုဝါ Size အသေးလေး ယူထားပြီးတော့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ ပုဝါလေးဖြစ်အောင် ဖန်တီးထားပါတယ်။
ချစ်ဖို့ကောင်းတဲ့ သတို့သမီးလေးကြောင့် ဝတ်စုံလေးကလည်း ပိုချစ်ဖို့ ကောင်းသွားတယ်။ ဘယ်နေရာတွေ ဘယ်လို ဖန်တီး ပုံဖော်ထားလဲ သိရအောင် Sweet & Smart ချစ်သူတွေအတွက်တင်ပေးလိုက်ပါတယ်။ Platinum (ရွှေဖြူ)တွေကို စိတ်တိုင်းကျ ဖန်တီးပုံဖော်ရလို့ More & More (စိန်နှင့် ပလက်တီနမ်)ဆိုင်ကို ကျေးဇူးတင်ပါတယ်ဗျ။

ပလက်တီနမ် အပုဝါလေးရဲ့ လှပတဲ့ ပုံရိပ်လေးကိုရော သတို့သမီးလေးရဲ့ ကျက်သရေရှိလှတဲ့ အလှအပလေးကိုရော Marry ရဲ့ သတို့သမီးလေးတို့အတွက် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Source – Designer Min Thet San

From Marry with


Comments

0 comments
Latest video