2018 မှာ မင်္ဂလာမောင်နှံလေးများ အကြိုက်နဲ့ ထပ်တူကျမယ့် လက်စွပ်များ

by: seng yar
 1 comments  2 love

မင်္ဂလာလက်စွပ်လေးတွေမှာ သစ်တော်သီးပုံစံ ချွန်ချွန်လေး ပြုလုပ်ထားတဲ့ ပုံစံလေးကတော့ သတို့သမီးလေးရဲ့ လက်ချောင်းလေးတွေကို ပိုပြီး သွယ်လျ လှပစေနိုင်ပါတယ်။

မင်္ဂလာ မောင်နှံတိုင်း နှစ်သက်မယ့် လက်စွပ်များ (Photo:shutterstock)

မင်္ဂလာပွဲလေးမှာ မပါမဖြစ် ဖြစ်တဲ့အရာလေး တစ်ခု ဖြစ်တဲ့ ချစ်ခြင်းရဲ့ သက်သေ လက်စွပ်လေး အလှကို Marry က ပြောပြပေးချင်ပါတယ်။ နှစ်အလိုက်မှာ မင်္ဂလာမောင်နှံလေးတွေ ရွေးချယ်တဲ့ပုံစံတွေက ကွာခြားသွားနိုင်ပါတယ်။ အခု Marry ပြောပြပေးချင်တာကတော့ 2018 မှာ မင်္ဂလာမောင်နှံလေးများ အကြိုက်နဲ့ ထပ်တူကျမယ့် လက်စွပ်များ အကြောင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတို့ အရွေးများဆုံး လက်ထပ်လက်စွပ်ဒီဇိုင်း (၅)မျိုး ကိုလည်း ကြည့်ပေးပါနော်။

သစ်တော်သီးပုံစံ လက်စွပ်များ

Pear ပုံစံဆိုပြီး လူကြိုက်များလာတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ မင်္ဂလာလက်စွပ်လေးတွေမှာ ကျောက်တစ်လုံးတည်းကိုမှ သစ်တော်သီးပုံစံ ချွန်ချွန်လေး ပြုလုပ်ထားပါတယ်။ ဒီပုံစံလေးကတော့ သတို့သမီးလေးရဲ့ လက်ချောင်းလေးတွေကို ပိုပြီး သွယ်လျ လှပစေနိုင်ပါတယ်။ လက်ချောင်းလေးတွေကို ပိုပြီး ကြည့်ကောင်းသွားစေနိုင်မယ့် ပုံစံလေးပါ။

သစ်တော်သီးပုံ လက်စွပ်လေး (Photo:southernliving)

ကျောက်သုံးလုံး လက်စွပ်လေး

ကျောက်တွေထဲမှာမှ ကျောက် သုံးလုံး ပုံစံလေးကတော့ ဆန်းဆန်းလေးနဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ပုံစံလေးပါ။ ကျောက်ကို အလယ် တစ်လုံးက နည်းနည်းလေး ကြီးတဲ့အရွယ်ကို ရွေးချယ်ပေးပြီး ဘေးနှစ်ဖက်က ကျောက်ကလေးတွေကတော့ အလယ်ကကျောက်ထက် သေးတဲ့အရွယ်ကို ပြုလုပ်ပေးပါ။ ကျောက် သုံးလုံး လက်စွပ်လေးတွေအတွက် ကျောက်ကိုတော့ စိန်ကိုပဲ အသားပေး ရွေးချယ်တာ များပါတယ်။

စိန် သုံးလုံးခြယ် လက်စွပ်လေး (Photo:southernliving)

ဘဲဥပုံ လက်စွပ်လေး

လက်စွပ်တွေအတွက် ကျောက်ကို ကျောက်အလုံးလေးတွေထက် တခြားပုံစံလေးတွေကို အရွေးများလာပါတယ်။ ကျောက်အလုံးပုံတွေကတော့ လက်တိုင်းနဲ့ လိုက်ဖက်မှုနည်းတဲ့အတွက် မို့လို့ပါ။ အခု ပြထားတဲ့ Oval Shape ပုံစံ လက်စွပ်လေးကတော့ သတို့သမီးလေးတိုင်းနဲ့ လိုက်ဖက် ညီမှု ရှိနေမှာ သေချာပါတယ်။ ချစ်စရာကောင်းတဲ့ လူငယ်ဆန်ဆန် ဖဲကြိုးလက်စွပ်လေး ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

ဘဲဥပုံ လက်စွပ်လေး (Photo:southernliving)

 

Marry ပြောပြပေးထားတဲ့ လက်စွပ် ပုံစံလေးတွေကို ကြည့်ပြီး မင်္ဂလာပွဲလေးရဲ့ ချစ်ခြင်းသင်္ကေတ လက်စွပ်လေးကို အလိုက်ဖက်ဆုံး ရွေးချယ်လိုက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords