ကိုယ်ပိုင်ဒီဇိုင်းလေးနဲ့ဆန်းပြားနေစေမယ့် ဖိနပ် ပြုလုပ်ကြမယ်

by: seng yar
 0 comments  4 love

ဆင်တူယိုးမှား မဖြစ်ဘဲ ကိုယ်ပိုင်ပုံစံလေးကို ပြုလုပ်ပြီး ဝတ်ဆင်ရတာကို နှစ်သက်တဲ့သတို့သမီးလေးတွေအတွက် ရိုးရှင်းနေတဲ့ဖိနပ်လေးကိုမှ ဆန်းပြားတဲ့ပုံစံလေး

 

ဘဝရဲ့နေ့ထူးနေ့မြတ်လေးအထဲက တစ်ရက် အပါဖြစ်တဲ့ မင်္ဂလာပွဲနေ့လေးမှာတော့ အလှတကာ့ အလှဆုံး ဖြစ်နေချင်ကြမှာပါ။ သူများနဲ့ မတူတဲ့၊ ဆင်တူယိုးမှား မဖြစ်ဘဲ ကိုယ်ပိုင်ပုံစံလေးကို ပြုလုပ်ပြီး ဝတ်ဆင်ရတာကို နှစ်သက်တဲ့သတို့သမီးလေးတွေအတွက် Marry နဲ့ အတူတူ ရိုးရှင်းနေတဲ့ဖိနပ်လေးကိုမှ ဆန်းပြားတဲ့ပုံစံလေး အဖြစ် ပြောင်းလိုက်ကြရအောင်နော်။

 

 

လိုအပ်တဲ့အရာလေးတွေက တော့ ရိုးရှင်းပါတယ်

  • အစွပ်ဖိနပ် ပြောင်လေး
  • ဖဲပြားကလစ် ၂ ခု
  • ကျောက်ဆွဲလေး ၂ ခု
  • ကော်အနည်းငယ်

 

  • ကလစ်မှာ တပ်ထားတဲ့သံညှပ်လေးကို ဖဲပြားကနေ ခွါလိုက်ပါ။
  • ကလစ်က သံဆူးတွေကို ပလပ်ယာအသေးလေးနဲ့ဖိပေးပါ။

 

 

သံဆူးတွေဖိလိုက်တဲ့ကလစ်လေးကို ကျောက်တွဲလေးနဲ့ချိတ်ပေးပါ။

ပြီးရင် ဖဲပြားလေးကို ပြန်ညှပ်လိုက်ပါ။

အားလုံးပြီးသွားရင်တော့ ကိုယ်တိုင်လုပ်ထားတဲ့သတို့သမီးလေးအတွက် ဆန်းပြားတဲ့ဖိနပ်လေးကို ရရှိသွားပါပြီ။

 

 

Marry ရဲ့သတို့သမီးလေးတွေအတွက် ကိုယ်ပိုင်ဒီဇိုင်းလေးနဲ့ဆန်းပြားနေစေမယ့်ဖိနပ်ပြုလုပ်ပြီး မင်္ဂလာပွဲအလယ်မှာ တင့်တယ်လှပနေစေဖို့ Marry ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords