ဒေါက်ဖိနပ်ကြောင့် ခြေထောက်နာမှာ စိုးရိမ်နေတဲ့ သတို့သမီးလေးစိုးရိမ်နေလား

by: Editor
 0 comments  1 love

 ဒေါက်ဖိနပ်ကတော့ အချိန်ကြာကြာစီးရင် ခြေထောက်ကို နာစေတာပါပဲ သတို့သမီးလေးတို့ရေ  ဒေါက်မပါတဲ့ ဖိနပ်စီးရင်တော့ ခြေထောက်နာတာ သက်သာပါတယ်။

 

ဖိနပ်လေးကလည်း သတို့သမီးလေးတွေအတွက် အရေးကြီးပါတယ်

သတို့သမီးလေးရဲ့ ခြေလှမ်းလေးတွေ မင်္ဂလာ လျှောက်လမ်းထက်မှာ အလှဆုံး ဖြစ်နေဖို့  ဖိနပ်လေးတွေကလည်း အရေးကြီးပါတယ်။ Marry က သတို့သမီးလေးတွေ စီးဖို့ ဖိနပ်လှလှလေးတွေအကြောင်း ပြောပြတဲ့အခါ မင်္ဂလာပွဲမှာ အချိန်နှစ်နာရီသုံးနာရီလောက် မတ်တပ်ရပ်နေရမှာ ခြေထောက်မနာအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ မေးခွန်းကို သတို့သမီးလေးတွေက မေးပါတယ်။ ဒေါက်ဖိနပ်ကတော့ အချိန်ကြာကြာစီးရင် ခြေထောက်ကို နာစေတာပါပဲ သတို့သမီးလေးတို့ရေ။ ဒေါက်အမျိုးအစားနဲ့ သတို့သမီးလေးတို့ ဒေါက်မြင့်ဖိနပ် စီးလေ့ရှိမရှိပေါ် မူတည်ပြီး ခြေထောက်နည်းနည်းပဲ နာတာနဲ့ များများနာတာ ကွာကြပါတယ်။ ဒေါက်မပါတဲ့ ဖိနပ်စီးရင်တော့ ခြေထောက်နာတာ သက်သာပါတယ်။ ဒါကြောင့် Marry က သတို့သမီးလေးတို့ ရွေးချယ်လို့ရမယ့် ဒေါက်မပါတဲ့ သတို့သမီးစီး ဖိနပ်လှလှလေးတွေ အကြောင်း ပြောပြပေးမယ်လေ။

ရွှေအိုရောင် လေဒီရှူးအပါး

လေဒီရှူးပါးပါးလေးပါ။ ထိပ်ချွန်ဒီဇိုင်းလေး ဖြစ်ပြီးတော့ ကျောက်အလှလေးတွေကို ဖိနပ်ဦးချွန်ပိုင်းမှာ အသားပေးပြီးအလှဆင်ထားတာကြောင့်မို့ ဂါဝန်အောက်က ဖိနပ်လေးထွက်နေရင်လည်း လှပါတယ်နော်။ ဖိနပ်အရောင်လေးကလည်း ရွှေအိုရောင်လေး ဖြစ်တာကြောင့် အဝါရောင်၊ ရွှေရောင်တွေ ဝတ်ဆင်လေ့ရှိတဲ့ မြန်မာသတို့သမီးလေးတွေ ရွေးချယ်သင့်တဲ့ ဒီဇိုင်းလေးပါနော်။

ရွေရောင်လင်းလက်နေတဲ့ လေဒီရှူး

ဒီဖိနပ်လေးကလည်း လေဒီရှူးအပါးလေးပါပဲ။ ထူးခြားချက်လေးကတော့ ဖိနပ်ကိုယ်ထည်တစ်ခုလုံးက ရွှေမှုန်တွေ ကပ်ထားသလို လင်းလက် တောက်ပနေတာပါ။ ရွှေရောင်ဖိနပ်လေးက ရွှေရောင်လွှမ်းမယ့် လမ်းခရီးကို ဖြတ်သန်းရနိုင်တယ်ဆိုတဲ့ နမိတ်ပုံလို့လည်း ပြောလို့ရတယ်နော်။

 

အပြာရောင် ထိပ်ပွင့်ရှူးလေး

ထိပ်ပိတ်ထားတဲ့ လေဒီရှူးပုံစံတွေကို မနှစ်သက်ကြတဲ့ သတို့သမီးလေးတွေအတွက် ရွေးချယ်လို့ရတဲ့ ထိပ်ပွင့်ရှူးဒီဇိုင်းလေးပါ။ အပြာရင့်ရောင်လေး ဖြစ်တော့ အဖြူရောင်ဂါဝန်ဝတ်တဲ့ သတို့သမီးလေးတွေ ရွေးချယ်လေ့ရှိကြပါတယ်။

 

ရိုးရိုးကွင်းထိုးဖိနပ်လေး

ဒါလေးကတော့ ရှူးပုံစံတွေ မကြိုက်ဘူးဆိုတဲ့ သတို့သမီးလေးတွေအတွက် ရိုးရိုးကွင်းထိုး ဖိနပ်ပေးပါ။ ကျောက်ကြီးကြီးလေးတွေနဲ့ အလှဆင်ထားတော့ သတို့သမီးလေးတို့ရဲ့ ခြေလှမ်းတွေ လင်းလက်တောက်ပနေမှာ သံသယ ဖြစ်စရာ မလိုတော့ ဘူးပေါ့။ အသားရောင်လေးဖြစ်ပြီး အဖြူရောင်ကျောက်တွေနဲ့ အလှဆင်ထားတာကြောင့် ဘယ်ဝတ်စုံအရောင်နဲ့ မဆို လိုက်ဖက်တဲ့ ဖိနပ်လေးပါနော်။

From Marry with

Tag: beautyadvicebrideshoe

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords