လက်ထပ်လက်စွပ်ကနေ ယူဆောင်လာပေးမယ့် ကံကြမ္မာတွေ အကြောင်း

by: Nway Nway Aung
 0 comments  0 love

လက်ထပ်လက်စွပ်တွေမှာ အသုံးပြုလေ့ရှိတဲ့ ကျောက်မျက်တွေက ယူဆောင်လာပေးမယ့် ကံကြမ္မာတွေ အကြောင်း Marry က ပြောပြပေးချင်ပါတယ်

လက်ထပ်လက်စွပ်က ယူဆောင်လာပေးမယ့် ကံကြမ္မာတွေ အကြောင်း (Photo – Bloomming)

ကျောက်မျက်ရတနာတွေမှာ ထူးခြားတဲ့ အကျိုးစွမ်းအင်နဲ့ အာနိသင်တွေရှိပါတယ်။ အဲ့ဒိ အာနိသင်တွေက ဝတ်ဆင်ထားတဲ့သူ တစ်နည်းအားဖြင့် သူတို့ရဲ့ ပိုင်ရှင်၊ အရှင်သခင်ဆီကို သက်ရောက်ကြပါတယ်။ ဒါကြောင့် တစ်သက်သာ ဝတ်ဆင်ထားရမယ့် လက်ထပ်လက်စွပ်မှာ သုံးဖို့ ကျောက်မျက်ရွေးချယ်တဲ့အခါမှာ ကိုယ်ရွေးချယ်မယ့် ရတနာက ဆောင်ကြဉ်းလာမယ့် အတိတ်နမိတ်နဲ့  အကျိုးအာနိသင်တွေ အကြောင်း သိထားဖို့လိုတာမို့ လက်ထပ်လက်စွပ်တွေမှာ အသုံးပြုလေ့ရှိတဲ့ ကျောက်မျက်တွေက ယူဆောင်လာပေးမယ့် ကံကြမ္မာတွေ အကြောင်း Marry က ပြောပြပေးချင်ပါတယ်။

စိန်

စိန်လုံးအရေအတွက် မ ဂဏန်းဖြစ်နေမှ ဝတ်ဆင်ထားသူကို ကံကောင်းစေတယ် (Photo – Do Amore)

အနောက်နိုင်ငံမှာတော့ လက်ထပ်ခွင့်တောင်းရင် စိန်လက်စွပ်နဲ့မှ တောင်းကြတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ‘ Diamond is forever ‘ ဆိုသလို ထာဝရ    အတွက် ရည်ရွယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါ့အပြင် စိန်တွေက အလွယ်တကူ မပျက်စီး မပျောက်ပျက်သွားတဲ့ ချစ်ခြင်းမေတ္တာကို ဆောင်ကြဉ်းတယ်လို့လည်း အယူရှိကြပါတယ်။ ဒါပေမယ့် စိန်ကို လက်ဝတ်ရတနာ အဖြစ် ဆင်မြန်းမယ်ဆိုရင် စိန်အလုံးအရေအတွက်က စုံဂဏန်း မဖြစ်ဖို့ လိုတယ်လို့ အယူရှိကြပါတယ်။ စိန်လုံးအရေအတွက် မ ဂဏန်းဖြစ်နေမှ ဝတ်ဆင်ထားသူကို ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။

ပတ္တမြား၊ နီလာ

ပတ္တမြားနဲ့ နီလာက ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာရှိမှုကိုကိုယ်စားပြုတယ် (Photo – JeenJewels)

အနီရောင် ပတ္တမြားနဲ့ အပြာရောင် နီလာကတော့  ဓာတ်သဘောသဘာဝ အကုန်တူပြီး အရောင်ကွဲတဲ့ အတွက်ကြောင့် နာမည်ကွဲသွားတဲ့ မောင်နှမ ကျောက်တွေပါ။ ကျောက်တွေမှာရှိတဲ့ နိမိတ်ပုံတွေနဲ့ အစွမ်းသတ္တိတွေအရ ပြောရရင် ပတ္တမြားနဲ့ နီလာက ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာရှိမှုကိုကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ရည်ညွှန်းပေးပြီး ကိုယ့်ဆီ ချမ်းသာ ကြွယ်ဝမှုတွေ ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ကျောက်စိမ်း

ချစ်ခြင်းမေတ္တာ၊ ကံကောင်းခြင်း၊ မိတ်ကောင်းဆွေကောင်းနဲ့ ပိုက်ဆံတွေကို တိုးပွါးစေတယ် (Photo – Jade Nature)

ကျောက်စိမ်းကို ကောင်းကင်ဘုံကကျောက်လို့ တင်စားကြပြီး ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ကျောက်လို့ လက်ခံထားကြပါတယ်။ ချစ်ခြင်းမေတ္တာ၊ ကံကောင်းခြင်း၊ မိတ်ကောင်းဆွေကောင်းနဲ့ ပိုက်ဆံတွေကို တိုးပွါးစေတယ်လို့ ဆိုပါတယ်။ မကောင်းတဲ့ နမိတ်တွေ၊ ထိခိုက်ဒဏ်ရာတွေကနေ ကာကွယ်ပေးပြီး စိတ်ကိုတည်ငြိမ် အေးချမ်းနိုင်စွမ်း ရှိတယ်လို့ လည်း ပြောကြပါတယ်။

မြ

တည်ငြိမ်အေးချမ်းခြင်း၊ ဂုဏ်သိက္ခာနဲ့ သားသမီးရတနာ ထွန်းကားခြင်းပါတဲ့ (Photo – Harper’s Bazaar)

နေနဲ့ လ ရွှေနဲ့ မြ ဆိုတဲ့ စကားရှိသလို ရွှေကြိုက်တဲ့ မြန်မာလူမျိုး အများစုက ရွှေနဲ့တွဲဖက်ဖို့ အသင့်တော်ဆုံး ကျောက်မျက်အဖြစ် မြကျောက်ကို ရွေးချယ်လေ့ ရှိကြပါတယ်။ အစိမ်းရောင်တွေထဲကမှ အလှဆုံး အစိမ်းရောင်နဲ့ တင့်တယ်နေတဲ့ မြကျောက်ရဲ့  နိမိတ်နဲ့ အကျိုးအာနိသင်တွေကတော့ တည်ငြိမ်အေးချမ်းခြင်း၊ ဂုဏ်သိက္ခာနဲ့ သားသမီးရတနာ ထွန်းကားခြင်းပါတဲ့။ ဒီတော့ သားသားမီးမီးလေးတွေ အများကြီးနဲ့ မိသားစုဘ၀လေးကို ဖန်တီးချင်တဲ့ စုံတွဲလေးတွေ အနေနဲ့က မြကျောက်နဲ့ လုပ်ထားတဲ့ လက်ထပ်လက်စွပ် ရွေးပါလို့ အကြံပြုလိုက်ရပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles