မင်္ဂလာလက်စွပ် ဒီဇိုင်းလေးတွေက ပြောပြပေးမယ့်အရာများ

by: seng yar
 0 comments  0 love

မင်္ဂလာလက်စွပ်လေးကို သတို့သား လက်စွပ်နဲ့ သတို့သမီးလက်စွပ်ကို ဆင်တူ ရွေးချယ်တတ်ပေမယ့် တချို့ကျတော့ မတူညီတဲ့ ပုံစံကို ရွေးချယ်ပါတယ်။

ဆင်တူလေး ရွေးချယ်မယ် ဆိုရင်တော့ ဒီဇိုင်းလေးတွေကို သိပ်ပြီး ဆန်းတာမျိုး ရွေးချယ်လို့ မရတော့ပါဘူး (Photo:aliexpress )

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်နေပြီလား။ မင်္ဂလာပွဲလေး ပြင်ဆင်တဲ့အချိန်မှာ မင်္ဂလာလက်စွပ်လေး အတွက်ပါ ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ မင်္ဂလာလက်စွပ်ကို ပြင်ဆင်တဲ့အချိန်မှာ မင်္ဂလာလက်စွပ် ဝတ်တဲ့အချိန် သတို့သားနဲ့ သတို့သမီးလက်စွပ်က တူရမှာလား မတူရဘူးလား ဆိုတာကတော့ ရွေးချယ်စရာတွေထဲက တစ်ခုပါ။

မင်္ဂလာမောင်နှံလေးတွေထဲက တချို့ကတော့ မင်္ဂလာလက်စွပ်လေးကို သတို့သား လက်စွပ်နဲ့ သတို့သမီးလက်စွပ်ကို ဆင်တူ ရွေးချယ်တတ်ပေမယ့် တချို့ကတော့ မတူညီတဲ့ ပုံစံကို ရွေးချယ်ပါတယ်။ ဘယ်လို ပုံစံလေးကို ရွေးချယ်လိုက်ရင် ကောင်းမလဲ ဆိုတာကို Marry က ပြောပြပေးချင်ပါတယ်။

ဆင်တူလေး ရွေးချယ်မယ် ဆိုရင်

သတို့သားလက်စွပ်လေးနဲ့ သတို့သမီး လက်စွပ်လေးကို ဆင်တူလေး ရွေးချယ်မယ် ဆိုရင်တော့ ဒီဇိုင်းလေးတွေကို သိပ်ပြီး ဆန်းတာမျိုး ရွေးချယ်လို့ မရတော့ပါဘူး။ ယောက်ျားရော မိန်းမ အတွက်ပါ အဆင်ပြေနိုင်မယ့် ပုံစံမျိုးကိုပဲ ဦးစားပေး ရွေးချယ်ရမှာပါ။ များသောအားဖြင့် ဆင်တူ လက်စွပ် ဆိုရင်တော့ မောင်းကွင်းလေးတွေပဲ ရွေးချယ်တာများပါတယ်။ မောင်းကွင်း ဝတ်မယ်ဆိုတဲ့ မင်္ဂလာမောင်နှံလေးတွေ အတွက် ဒီဇိုင်း (၅) မျိုး ကို ဖော်ပြထားပါတယ်။ တကယ်လို့ မောင်းကွင်း မဟုတ်ဘူး ဆိုရင်တောင် ကျောက်အနည်းငယ်နဲ့ အလှဆင်ထားတာတွေပဲ အဆင်ပြေနိုင်မှာပါ။

ဆင်တူ လက်စွပ် ဆိုရင်တော့ မောင်းကွင်းလေးတွေပဲ ရွေးချယ်တာများပါတယ် (Photo:jringstudio )

ဆင်တူ မဟုတ်တာမျိုးဆိုရင်တော့

ဒီလိုမျိုးဆိုရင် မိန်းကလေးတွေ အတွက် အဆင်သိပ်ပြေသွားပြီလို့ ဆိုရမှာပါ။ ဘာလို့ ဆိုရင်တော့ မိန်းကလေးတွေ နှစ်သက်တဲ့ ဒီဇိုင်း ဆန်းဆန်းလေးတွေကို စိတ်ကြိုက် ရွေးချယ်လို့ ရသွားတဲ့ အတွက်မို့လို့ပါ။ တချို့ မိန်းကလေးတွေ နှစ်သက်တဲ့ ဒီဇိုင်းလေးတွေက အမျိုးသားတွေ အတွက် အဆင် မပြေတာမျိုး ဆိုရင်လည်း ဆင်တူ ဝတ်မှာ မဟုတ်တဲ့အတွက် ရွေးချယ်လိုက်လို့ ရနိုင်တဲ့အတွက်ပါ။ ချစ်စရာကောင်းတဲ့ လူငယ်ဆန်ဆန် ဖဲကြိုးလက်စွပ်လေး လိုမျိုးလေးပါ။

မင်္ဂလာလက်စွပ်လေးတွေ ရွေးချယ်တဲ့အချိန်မှာ အလိုက်ဖက်ဆုံး လက်စွပ် ပုံစံမျိုးလေးတွေကို ရွေးချယ်လိုက်နိုင်ပါစေလို့ ဖော်ပြလိုက်ရပါတယ်။ 2018 မှာ မင်္ဂလာမောင်နှံလေးများ အကြိုက်နဲ့ ထပ်တူကျမယ့် လက်စွပ်များ ကိုလည်း ရွေးချယ်လိုက်နိုင်ပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords