မင်္ဂလာပွဲမှာ လက်ဝတ်ရတနာ ဆင်မြန်းမယ့် သတို့သမီးလေးတို့ သိထားရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေး ဝတ်မယ့် ဝတ်စုံအရောင်ကို ပြပြီး အရောင် အရင်ရွေးပါ။ နောက်ပြီးမှ ဒီဇိုင်းရွေးပါ။ မိတ်ကပ်အစမ်းပြင်တဲ့နေမှာလည်း လက်ဝတ်ရတနာပါ စမ်းဝတ်ကြည့်ပါ

မင်္ဂလာပွဲမှာ သတို့သမီးလေးတို့ရဲ့ ကျက်သရေရှိမှုကို ပံ့ပိုးဖန်တီးပေးမယ့် လက်ဝတ်ရတနာတွေ လိုတယ်မလား။ သတို့သမီးလေးအပြင် နှစ်ဖက် မေမေနဲ့ အရံတွေအတွက်လည်း လိုတယ်လေနော်။ ဒီလိုမျိုး မင်္ဂလာပွဲနေ့အတွက် လက်ဝတ်ရတနာ ဆင်မြန်းတော့မယ်ဆိုရင် သိထားရမှာတွေ ရှိပါတယ်။

လက်ဝတ်ရတနာ ဆင်မြန်းမယ့် သတို့သမီးလေး (photo: Kingsman)

Fancy လား အစစ်လား

မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာ ဆင်မြန်းမယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာက Fancy လား အစစ်လားဆိုတာပါ။ သတို့သမီးလေး တစ်ဦးတည်းအတွက် စဉ်းစားရမှာ မဟုတ်ဘဲ အရံတွေနဲ့ နှစ်ဖက်မိဘတွေအတွက်ပါ စဉ်းစားပါ။ နှစ်ဖက်မိဘတွေကတော့ ကိုယ့်ဆီမှာ ရှိတာတွေ ဝတ်မယ်ဆိုရင်တော့ သတို့သမီးနဲ့ အရံတွေအတွက် စဉ်းစားဖို့ လိုပါတယ်။ ဘယ်လိုအမျိုးအစား ဝတ်မယ်ဆိုတာ အရင်တွေးပါ။

Fancy ဆိုရင်

Fancy ဝတ်မယ်ဆိုရင် ဘယ်ကနေ ယူမလဲဆိုတာ အရင်ဆုံး စဉ်းစားပါ။ သတို့သမီးတော်တော်များများကတော့ Fancyကို မိတ်ကပ်ဆရာဆီကနေ ယူလေ့ ရှိပါတယ်။ သတို့သမီးလေး ရွေးချယ်ထားတဲ့ မိတ်ကပ်ပညာရှင်ကရော လက်ဝတ်ရတနာပါ စီစဉ်ပေးမလားဆိုတာ မေးပါ။ သူ့ဆီမှာ ကိုယ့်စိတ်ကြိုက် ပစ္စည်းတွေ ရှိလားဆိုတာလည်း မေးပါ။ သတို့သမီးလေး ဝတ်မယ့် ဝတ်စုံအရောင်ကို ပြပြီး အရောင် အရင်ရွေးပါ။ နောက်ပြီးမှ ဒီဇိုင်းရွေးပါ။ မိတ်ကပ်အစမ်းပြင်တဲ့နေမှာလည်း လက်ဝတ်ရတနာပါ စမ်းဝတ်ကြည့်ပါ။ ဒါဆို ပိုအဆင်ပြေပါတယ်နော်။

အစစ်ဆိုရင် (photo: Shutterlock)

 

အစစ်ဆိုရင်

မင်္ဂလာပွဲလေးမှာ ကျောက်မျက်ရတနာ အစစ်တွေ ဝတ်မယ်ဆိုရင် တစ်ဆင်စာ အစအဆုံး ပြည့်ဖို့ လိုပါတယ်။ ဆွဲကြိုးပဲဝတ်မယ်၊ ကျန်တာကို ဖန်စီတွေ ဝတ်မယ်ဆိုရင် ဘယ်လိုမှ မလှနိုင်တာကို သတိပြုရပါမယ်။ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် အပြည့်အစုံ တစ်ဆင်စာ ပြည့်ဖို့သတိပြုနော်။ ပွဲနေ့ ရောက်တဲ့အခါမှာ ဘယ်သူသယ်လာပေးမလဲဆိုတာ ကြိုတင်ပြီး စီစဉ်ထားပါ။ ပွဲနေ့မှာ သတို့သမီးလေးက တခြားကိစ္စတွေနဲ့ အလုပ်တွေ များနေမှာဆိုတော့ လက်ဝတ်လက်စားတွေ သယ်ဖို့အတွက် စိတ်ဖိစီးမှုတွေ များလို့ မဖြစ်ပါဘူး။ မိသားစုဝင်တွေထဲက တစ်ယောက်ယောက် သယ်လာပေးမလား ကြိုတင်စီစဉ်ထားပါ။

ပွဲနေ့ ဝတ်တဲ့အခါမှာလည်း သတို့သမီးလေးတို့ ကျမပျောက်ဖို့ သတိထားရပါမယ်နော်။ မင်္ဂလာပွဲမှာ လူများပြီး ပျာယာခတ်နေနိုင်တာကြောင့်ပါ။ သတို့သမီးလေး တစ်ယောက္တည်း အတြက္ပဲဆိုရင္လည်း သတို့သမီးအရံလေးတြေအတြက် စီစဉ်ပေးဖို့လည်း စဉ်းစားပါနော်။ သတို့သမီးအရံလေးတြေအတြက် မိတ္ကပ္ဆရာဆီကေန ငွားလို့ရမယ္ဆိုလည်း ငွားပါ။

ငှားရမ်းတဲ့အခါ

ငှားရမ်းတဲ့အခါမှာ ကုန်ကျစရိတ်ကို သေချာမေးပါ။ ပစ္စည်းကို သေချာစစ်ပါ။ ပြန်အပ်တဲ့အခါမှာ တခုခု လိုအပ်ခဲ့ရင် ဘယ်လို ပြန်ဆောင်ရွက်ပေးရမယ်ဆိုတာပါ တစ်ခါတည်း မေးပါနော်။ ဒါမှ နှစ်ဦးနှစ်ဖက် အားနာစရာ မရှိတာတွေ မဖြစ်မှာပါ။

မင်္ဂလာပွဲမှာ လက်ဝတ်ရတနာ ဝတ်တာနဲ့ ပတ်သက်ပြီး စဉ်းစားမယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေအတိုင်း စဉ်းစားပါနော်။  

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords