သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက် ဖိနပ်ရွေးချိန်မှာ သတိမထားမိတာတွေ

by: Editor
 0 comments  4 love

လှပဖို့အတွက် ပံ့ပိုးပေးမယ့်အရာတွေကိုလည်း သေချာလေး သတိထားပြီး ရွေးချယ်ဖို့ လိုပါတယ်။ ဖိနပ်ရွေးတဲ့အခါ ဘာတွေသတိထားရမလဲ။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် စီစဉ်တဲ့အခါမှာ Accessories လေးတွေကိုလည်း မေ့ထားလို့ မရဘူးမလားနော်။ သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ လှပဖို့အတွက် ပံ့ပိုးပေးမယ့်အရာတွေကိုလည်း သေချာလေး သတိထားပြီး ရွေးချယ်ဖို့ လိုပါတယ်။ Accessories လေးတွေထဲက ဖိနပ်ရွေးချယ်တဲ့အခါ သတိထားရမယ့်အချက်လေးတွေ ပြောပြမယ်နော်။

အစမ်းစီးပါ( Photo:Happy Wedding.Life)

ဖိနပ်အမြင့်

သတို့သမီးလေးတို့ ဖိနပ်ရွေးတဲ့အခါမှာ အရောင်နဲ့ အမျိုးအစားကိုပဲ ဦးစားပေး ရွေးချယ်လေ့ ရှိပါတယ်။ တကယ်တော့ ဖိနပ်ရဲ့ အမြင့်ကို ဦးစားပေး ရွေးချယ်ဖို့ လိုပါတယ်။ သတို့သမီးလေးက သတို့သားလေးထက် မြင့်နေရင် အရမ်းကြည့်မကောင်းဘူးလေနော်။ဒီတော့ ဆံထုံးရဲ့ အမြင့်က သတို့သားလေးရဲ့ ပခုံးနားလား၊ လက်မောင်းနားရောက်နေပြီလား၊ အမြင့်ဘယ်လောက်စီးရင် သတို့သားလေးနဲ့ကြည့်ကောင်းနေမလဲ ဒါမျိုးတွေကို ဦးစားပေးပြီး စဉ်းစာရပါမယ်။ ဆံထုံးအပါအဝင် အမြင့်ကို တွက်ပြီး သတို့သားလေးရဲ့ အရပ်နဲ့ ညှိပြီးမှ ဖိနပ်ရဲ့ လက်မကို ရွေးချယ်ပါ။

အရိုးဆုံးက အဆန်းဆုံးပါ ( Photo:Happy Wedding.Life)

အရောင်

ဖိနပ်အရောင်ရွေးချယ်တဲ့အခါမှာ ဝတ်မယ့်အဝတ်အစားရဲ့ ပိတ်စ ယူသွားပါ။ ဒေါက်မြင့်ပဲ စီးစီး၊ ပုံတော်ဖိနပ်ပဲ စီးစီး ပိတ်စယူသွားပြီး အရောင်တိုက်ပြီး ဝယ်ပါ။ အရောင်ကွဲတွေ အများကြီးတွေ ရှိတာမို့ အရောင်မှားလာနိုင်ပါတယ်နော်။ ဖိနပ်ရွေးတဲ့အခါမှာ သတို့သားလေးအတွက်ပါ ထည့်တွေးပြီး ရွေးချယ်ရပါမယ်နော်။

ဒီဇိုင်း

သတို့သမီးလေးတို့ရေ ဖိနပ်ရွေးချယ်တဲ့အခါမှာ အရမ်းလင်းလက်လွန်းတာတွေ မရွေးပါနဲ့နော်။ အရိုးဆုံးက အဆန်းဆုံးပါပဲ။ ကျောက်တွေ ပြည့်ကျပ်နေအောင် ကပ်တာမျိုး မလုပ်မိဖို့ လိုပါတယ်နော်။ ဒီဇိုင်းကို ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေဖို့ အဓိက ထားပြီး ရွေးချယ်ပါ။ ကိုယ့်ခြေထောက်နဲ့ လိုက်ဖက်မယ့် ပုံစံ ဒီဇိုင်းလေး ဖြစ်နေရင် ပိုကောင်းပါတယ်နော်။ သတို့သမီးလေး တော်တော်များများက လှတာကိုပဲ ရွေးချယ်မိတဲ့အခါ တစ်ခါတလေ ကိုယ်နဲ့ မလိုက်ဖက်တာ ဖြစ်တတ်ပါတယ်။

အရောင်သေချာ ရွေးပါ (Photo:Happy Wedding.Life)

ဆိုင်

သတို့သမီးလေးတို့ရေ ဖိနပ်ရွေးဝယ်တဲ့အခါမှာ သတို့သမီးလေးတစ်ယောက်စာပဲ ဝယ်တာဆိုရင် ကိစ္စမရှိပေမယ့် အရံလေးတွေအတွက်ပါ ဝယ်တာ ပုံတော်ဖိနပ်ဆိုရင် ဆိုင်မှာ အပ်တဲ့အခါမှာ ရက်ချိန်းတိကျတဲ့ဆိုင်မှာ အပ်ပါ။ ဘာလို့လဲဆိုတော့ သတို့သမီးရော သတို့သားရော အစမ်းစီးကြည့်ဖို့ လိုတာကြောင့်ပါ။ အနည်းဆုံး တပတ်လောက် ကြိုရမှာ အဆင်ပြေမှာပါနော်။ နောက်တစ်ခုက အကြာကြီးလည်း ကြိုပြီး မဝယ်ထားပါနဲ့ ဒေါက်မြင့်ရှူးဖိနပ်တွေက ကိစ္စ မရှိပေမယ့် ကျောက်တွေ ကပ်ပေးထားတဲ့ ပုံတော်ဖိနပ်ဆိုရင် အချိန်ကြာရင် ကွာတတ်တာကြောင့်ပါ။ ကြိုတင်စီစဉ်ဖို့  လိုတယ်ဆိုပေမယ့် အစောကြီးတော့ မစီစဉ်ပါနဲ့နော်။

Marry က ခုပြောပြထားတဲ့ အချက်တွေကတော့ သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲအတွက် ဖိနပ်ရွေးတဲ့အခါမှာ သတိမပြုမိတဲ့ သတိမူရမယ့် အချက်တွေပါ။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords