ထိုင်မသိမ်းဝတ်တဲ့အခါ ခန္ဓာကိုယ်ပေါ်ဖို့ ရွေးချယ်သင့်တဲ့ အတွင်းခံ

by: Phyo Pyae Thu
 0 comments  0 love

ထိုင်မသိမ်း ဝတ်မယ့် သတို့သမီးလောင်းလေးတို့အနေနဲ့ ခန္ဓာကိုယ် လှအောင် ဘယ်လိုအတွင်းခံမျိုး ရွေးချယ်သင့်တယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

သတို့သမီးလေးတို့ရေ ထိုင်မသိမ်းဝတ်စုံဆိုတာက ခန္ဓာကိုယ် အလှကို ပေါ်လွင်စေတဲ့ ဝတ်စုံအမျိုးအစားပါပဲ။ ဒီတော့ မင်္ဂလာပွဲမှာ ထိုင်မသိမ်းလေး ဝတ်မယ်ဆိုရင် ခန္ဓာကိုယ်လှအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ထိုင်မသိမ်း ဝတ်မယ့် သတို့သမီးလောင်းလေးတို့အနေနဲ့ ခန္ဓာကိုယ် လှအောင် ဘယ်လိုအတွင်းခံမျိုး ရွေးချယ်သင့်တယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

ထိုင်မသိမ်းဝတ်တဲ့အခါမှာတော့ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပနေဖို့ အရမ်းအရေးကြီးပါတယ်(photo:I’m yours service)

မြန်မာဘော်လီ

သတို့သမီးလောင်းလေးတို့အနေနဲ့ ခန္ဓာကိုယ် အချိုးအစား ဘယ်လိုပဲရှိနေပါစေ ထိုင်မသိမ်းဝတ်တဲ့အခါမှာတော့ အချိုးအစား ပြေပြစ်လှပနေဖို့ အရမ်းအရေးကြီးပါတယ်။ ထိုင်မသိမ်းလေး ပုံကျဖို့အတွက်ဆိုရင် မြန်မာဘော်လီကိုလည်း ရွေးချယ်ဖို့ လိုပါတယ်။ မြန်မာဘော်လီက ဗိုက်တွေ ခါးတွေကို စည်းလိုက်ပြီး ရင်သားနေရာမှာ အမာစခံချုပ်ထားတဲ့အတွက် ရင်သားကို ပင့်တင်ပေးသလိုလေး ဖြစ်နေပြီး ထိုင်မသိမ်းက ပုံကျပြီး လှနေတတ်ပါတယ်။ ဘရာစီယာတွေကတော့ ဖော့တွေဆိုရင် ပျော့တတ်တာမို့ ရင်သားတောင့်တောင့်လေး မဖြစ်ဘူးပေါ့။

ဘရာစီယာတွေကတော့ ဖော့တွေဆိုရင် ပျော့တတ်တာမို့ ရင်သားတောင့်တောင့်လေး မဖြစ်ဘူးပေါ့ (photo:I’m yours service)

Shaper

အကယ်လို့ သတို့သမီးလေးတို့က ထိုင်မသိမ်းအတွက် မြန်မာဘော်လီမဟုတ်ဘဲ ဘရာစီယာလေးတွေ ဝတ်မယ်ဆိုရင်တော့ အသားနည်းနည်း မာတာလေး ရွေးချယ်ဖို့လိုပါတယ်။ ခုနောက်ပိုင်းမှာ သတို့သမီးလေးတို့ အများဆုံး ရွေးချယ်လာကြတာကတော့ အပေါ်အောက် တဆက်တည်း ဝတ်လို့ရတဲ့ Shaper တွေပါပဲ။ Shaper  ရွေးချယ်တဲ့အခါမှာလည်း ပစ္စည်းကောင်းတာလေး ရွေးချယ်ပေးပါ။ တချို့သတို့သမီးလေးတွေကတော့ နိုင်ငံခြားကနေ လှမ်းမှာတာမျိုးတောင် လုပ်ကြပါတယ်။ ဒါမှ အဆီတွေကို စည်းနှောင်လိုက်သလို ဖြစ်ပြီး ရင်သားကို ပင့်တင်ပေးထားနိုင်မှာပါ။ နောက်တစ်ခုကတော့ လေဝင်လေထွက်ကောင်းတဲ့ ပစ္စည်းဟုတ် မဟုတ် သေချာလေး မေးပြီး ဝတ်ပါ။ မဟုတ်ရင် အထဲမှာ ပိတ်လှောင်နေပြီး မင်္ဂလာပွဲမှာ နေထိုင်ရ ခက်စေပါတယ်။ သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် မင်္ဂလာပွဲ အလယ်မှာ အပြုံးလှလှလေး ရနိုင်မှာ မဟုတ်ပါဘူးနော်။

သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် မင်္ဂလာပွဲ အလယ်မှာ အပြုံးလှလှလေး ရနိုင်မှာ မဟုတ်ပါဘူးနော်

အစမ်းဝတ်ကြည့်ပါ

သတို့သမီးလေးတို့ရေ မြန်မာဘော်လီ ဒါမှမဟုတ် Shaper ကောင်းကောင်းလေး ရွေးချယ်ပြီးတဲ့အခါမှာလည်း အစမ်းဝတ်ကြည့်ထားပါ။ အတွင်းခံနဲ့ အသားကျအောင် နေပါ။ ဒါမှ ပွဲနေ့မှာ တောင့်တောင့်ကြီး မဖြစ်ဘဲ အဆင်ပြေနေမှာပါနော်။ နောက်ထပ် အကြံပေးချင်တာကတော့ ထိုင်မသိမ်းစပြီး ရွေးချယ်ကတည်းက အတွင်းခံကိုပါ တစ်ခါတည်း ရွေးချယ်ပါ။ ထိုင်မသိမ်း ရွေးချယ်ခဲ့တဲ့ ဆိုင်မှာ အတွင်းခံနဲ့ ပတ်သက်ပြီး အကြံဥာဏ်ယူပါ။ ဥပမာ- ဈေးနှုန်းဘယ်လောက်လောက် ရှိနိုင်သလဲ၊ ဘယ်ဆိုင်တွေမှာ ရရှိနိုင်မလဲ ဒါမျိုးလေးတွေ မေးမြန်းအကြံဥာဏ်ယူပါ။

 

 

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords