Advertisement

အဲ့တော့ ၂၀၁၈ အစောပိုင်းမှာ ခေတ်စားလာမယ့် ဝတ်စုံဒီဇိုင်းတွေထဲကမှ လင်းလင်းလက်လက်နဲ့ လှပနေတဲ့ ဝတ်စုံဒီဇိုင်းလေးတွေ အကြောင်း ပြောပြချင်ပါတယ်

2018 အစောပိုင်း မင်္ဂလာ ကာလမှာ မင်္ဂလာယူကြမယ့် သတို့သမီးလေးတွေအနေနဲ့ ဒီနှစ်မှာ ဘယ်လို ဒီဇိုင်းတွေ ခေတ်စားလာမလဲဆိုတာ သိချင်ကြမှာပေါ့။ အဲ့တော့ ၂၀၁၈ အစောပိုင်းမှာ ခေတ်စားလာမယ့် ဝတ်စုံဒီဇိုင်းတွေထဲကမှ လင်းလင်းလက်လက်နဲ့ လှပနေတဲ့ ဝတ်စုံဒီဇိုင်းလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ ဒီဝတ်စုံဒီဇိုင်းတွေကတော့ ၂၀၁၈ Bridal Fashion week မှာဝင်ရောက် ပြသခဲ့တဲ့ ဒီဇိုင်နာ Galia Lahav ရဲ့ ဖန်တီးမှုလက်ရာတွေပဲ ဖြစ်ပါတယ်။

အပေါ်ပိုင်းက ရိုးရှင်းတဲ့ ဇာပွင့်လေးတွေနဲ့ ဖန်တီးထားပြီး အောက်ပိုင်း ဂါဝန်လေးကိုတော့ လင်းလင်းလက်လက်လေးဖန်တီးထားပါတယ်။ ညဘက် ဒင်နာပွဲတွေအတွက် သိပ်ကို လိုက်ဖက်တဲ့ ဝတ်စုံလေးပါပဲ။

မြင်နေကျ အတိုင်း ရေသူမပုံစံဂါဝန်လေးလို့ ထင်ရပေမယ့် လည်ပင်းက ဘယက်လို ဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ ပခုံးပေါ်က ဒီဇိုင်းတွေကြောင့် ဝတ်ထားတဲ့ သတို့သမီးလေးကို ဘုရင်မ တစ်ပါးလို ခန့်ညားတင့်တယ်စေမှာပါ

 ရင်ဘတ်ဒီဇိုင်းကတော့ ဒီနိုင်ငံအတွက်တော့ လူပြောသူပြောများစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလယ်က ခွဲထားတဲ့နေရာမှာ အသားရောင် ပိတ်စပါးခံထားရင်တော့ အဆင်ပြေနိုင်ပါတယ်။ အင်္ကျီရော ဂါဝန်ရောကို အလက်အမှုန်ကနုတ်ပန်းတွေနဲ့ အလှဆင်ထားတာကြောင့် ဝတ်လိုက်တာနဲ့ အလင်းနတ်သမီးလေး တစ်ပါးလို လင်းလက်နေမှာပါ။

ပခုံးပေါ်ကနေ ချက်အပေါ်ထိရောက်တဲ့ ငွေရောင် သိုင်းကြိုးနှစ်ကြောင်းက ဒီဇာဝတ်စုံလေးကို ပိုပြီဒလင်းလက်တောက်ပသွားအောင် ဖြည့်စွက်ပေးတဲ့ အဓိက သော့ချက်ပါပဲ။

ဒီဝတ်စုံလေးကတော့ ဒီဇိုင်းဆန်းကြိုက်တဲ့ သတို့သမီးလေးတွေ အတွက် ဖြစ်ပါတယ်။ ဂုတ်သိုင်းကြိုး ဒီဇိုင်းလေးက တကယ့်ကို အဆန်း၊ အလန်းလေးနော်။

Comments

0 comments