Advertisement

ကိုယ်ကိုယ်တိုင်လည်း မိတ်ကပ်ပုံစံလေးတွေ များများ လေ့လာပါ။ မိတ်ကပ်ဆရာနဲ့ အရင်အစမ်းပြင်ပါ။ နောက်ပြီး ဆံထုံးနဲ့ မိတ်ကပ်ဆရာကို သေချာလေး ချိန်းပါ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ မိတ်ကပ်လှလှလေး ဖြစ်ချင်တယ်မလား။ သတို့သမီးလေးတိုင်း မင်္ဂလာပွဲနေ့မှာ အလှဆုံး ဖြစ်ချင်တာချည်းပါပဲ။ မင်္ဂလာပွဲနေ့မှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ဆောင်ရမယ့် အချက် (၃) ချက် ရှိပါတယ်နော်။

သတို့သမီးတိုင်းသိထားရမယ့်အချက်(၃) ချက် (photo: rowlandshair.com.au/)

(၁)  မျက်နှာအသားအရေ

သတို့သမီးလောင်းလေးတို့ရေ မျက်နှာအသားအရေ ကောင်းမှသာ ကိုယ်လိုချင်တဲ့ မိတ်ကပ်ပြင်ဆင်မှု ရရှိမှာပါနော်။ ကိုယ့်ရဲ့ မျက်နှာအသားအရေ ကောင်းလေ မိတ်ကပ်ပြင်ဆင်ရတာ ပိုအဆင်ပြေလေ ပိုလှလေပါ။ ဒီတော့ မျက်နှာက ချွေးပေါက်ကျယ်တယ်ဆိုရင် ကျဉ်းအောင် ကြိုတင်ပြီး ပြင်ဆင်ထားပါ။ ဝက်ခြံထွက်တတ်တဲ့သူဆိုရင် ဝက်ခြံအထွက်နည်းအောင် ပျောက်အောင် ဒါမျိုးတွေ ပြင်ဆင်ထားပါနော်။

မျက်နှာအသားအရေ (photo: Loreal Paris)

(၂) ရွေးချယ်တဲ့အခါ

မိတ်ကပ်ဆရာ ရွေးချယ်တဲ့နေရာမှာလည်း သတိထားဖို့ လိုပါတယ်။ တခြားသူတွေနဲ့ အဆင်ပြေမယ့် ကိုယ်နဲ့ကျ အဆင်မပြေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ မိတ်ကပ်ဆရာ ရွေးတဲ့အခါမှာ အချိန်တိကျလား၊ သူပြင်ခဲ့တဲ့ စီနီယာသတို့သမီးလေးတွေရဲ့ မင်္ဂလာပွဲနေ့ အလှအပတွေကို အရင်ဆုံး ကြည့်ပါ။ ကိုယ့်အသားအရေမျိုးကို လှအောင် ပြင်ပေးနိုင်တဲ့သူမျိုးကို ရှာပါ။ ဥပမာ ကိုယ်က ညိုတယ်ဆိုရင် ညိုတဲ့သူကို လှအောင် ပြင်ပေးတတ်တဲ့ မိတ်ကပ်ဆရာမျိုးကို ဦးစားပေးပြီး ရှာပါ။

ရွေးချယ်တဲ့အခါ (photo: rowlandshair.com.au/)

(၃) Make up look ကိုကြည့်ပါ

ကိုယ်ကိုယ်တိုင်လည်း မိတ်ကပ်ပုံစံလေးတွေ များများ လေ့လာပါ။ မိတ်ကပ်ဆရာနဲ့ အရင်အစမ်းပြင်ပါ။ နောက်ပြီး ဆံထုံးနဲ့ မိတ်ကပ်ဆရာကို သေချာလေး ချိန်းပါ။ ကိုယ် မလိုချင်တဲ့ပုံစံလေးတွေ ရှိရင်ပြောပါ။ မိတ်ကပ်အပ်တဲ့အခါမှာ ပါဝင်မယ့် ဝန်ဆောင်မှုတွေကို အားမနာစတမ်းမေးပါ။ သတို့သမီးလေးတို့ ပွဲနေ့မှာ မိတ်ကပ်ကြောင့် စိတ်မညစ်ဖို့ဆိုရင် မိတ်ကပ်ဆရာ နောက်မကျအောင် ဆုတောင်းဖို့ လိုသလို သေချာလေး Remind လုပ်ဖို့ လိုပါတယ်။

မင်္ဂလာပွဲနေ့မှာ မိတ်ကပ်လှတဲ့ သတို့သမီးလေး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောတဲ့ (၃) ချက်ကို လိုက်နာပေးနော်။

Comments

0 comments