မင်္ဂလာပွဲမှာ သတို့သမီးလေးတို့ မိတ်ကပ်မပျက်ပဲ တစ်ပွဲလုံး လှနေစေဖို့

by: Phyo Pyae Thu
 0 comments  0 love

မိတ်ကပ်လုံးဝ မပျက်စေဖို့ဆိုရင် ကိုယ့်ရဲ့ အသားအရေကို ကောင်းအောင် လုပ်ထားဖို့ လိုပါတယ်။ မိတ်ကပ်မပျက်စေဖို့ ဘယ်လိုကြိုတင်လုပ်ဆောင်ထားရမလဲဆိုတာ ပြောပြမယ်နော်

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ မိတ်ကပ်လုံးဝ မပျက်၊ မကွက်ဘဲ လန်းလန်းဆန်းဆန်း စပြင်ထားတဲ့အတိုင်းပဲ ရှိချင်လား၊ မင်္ဂလာပွဲနေ့မှာ ဘယ်လိုပဲ အလုပ်များများ၊ ချွေးတွေ ဘယ်လောက် ထွက်ထွက် မိတ်ကပ်လုံးဝ မပျက်စေဖို့ဆိုရင် ကိုယ့်ရဲ့ အသားအရေကို ကောင်းအောင် လုပ်ထားဖို့ လိုပါတယ်။ မိတ်ကပ်မပျက်စေဖို့ ဘယ်လိုကြိုတင်လုပ်ဆောင်ထားရမလဲဆိုတာ ပြောပြမယ်နော်။

ဝက်ခြံ

ဝက်ခြံဆိုတာ အလှအပကို အနှောင့်အယှက် အပေးနိုင်ဆုံးပါ။ မိန်းကလေးတိုင်း ဝက်ခြံထွက်မှာကို စိုးရိမ်ကြတာချည်းပါပဲ။ သတို့သမီးလောင်းလေးတို့ရေ မျက်နှာမှာ ဝက်ခြံရှိတယ်ဆိုရင် Skin care လိမ်းတာ၊ အရေပြား ဆရာဝန်နဲ့ ပြတာမျိုး အပြင် ခုနောက်ပိုင်းမှာ ဝက်ခြံကို သန့်စင်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ညှစ်တာမျိုး ရှိပါတယ်။ မင်္ဂလာပွဲရက် မတိုင်မီ (၃) လလောက်မှာ အဲဒီလို နည်းလမ်းနဲ့ ညှစ်တာမျိုး လုပ်ကြည့်ပါ။ ဝက်ခြံတွေ ရှိနေရင် မိတ်ကပ်လိမ်းပေးမယ့်သူအနေနဲ့ ဝက်ခြံတွေ ဖုံးဖို့ ကြိုးစားရပြီး မညီတာမျိုး၊ ကွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဝက်ခြံကို ဂရုစိုက်ပါ။

ဝက်ခြံ

ဆဲလ်သေတွေ

မျက်နှာမှာ ကြည်လင်လန်းဆန်းတဲ့ မျက်နှာလေး ရလာဖို့ဆိုရင်တော့ ဆဲလ်သေတွေ ဖယ်ရှားဖို့ လိုပါတယ်။ ပေါင်းတင်နည်းလေးတွေ လုပ်ပါ။ ဆိုင်တွေမှာလည်း ဆဲလ်သေဖယ်တဲ့ နည်းလမ်းကုထုံးတွေ ရှိပါတယ်။ သတို့သမီးလောင်းလေးတို့ အဆင်ပြေမယ်ဆိုရင် အဲဒိလိုနည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ပါ။ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် မျက်နှာ ညစ်နေပြီး အဆီပြန်တာနဲ့ အပြစ်အနာအဆာတွေ ဖြစ်လာတတ်ပြီး မိတ်ကပ်ကွက်တာ၊ ပျက်တာ ဖြစ်နိုင်ပါတယ်။

မိတ်ကပ်ဆရာနဲ့ တွေ့ရင် (photo: tuart wedding – da nang)

မိတ်ကပ်ဆရာနဲ့ တွေ့ရင်

သတို့သမီးလောင်းလေးတို့က အဆီပြန်တတ်တဲ့ အသားအရေလား၊ ခြောက်သွေ့ပြီး မိတ်ကပ်သား သိပ်မတက်တဲ့သူလားဆိုတာ မိတ်ကပ်ဆရာကို ကြိုတင်ပြီးပြောပြထားဖို့ လိုပါတယ်။ ဒါမှ မိတ်ကပ်ဆရာက မျက်နှာကျတင်မဟုတ်ဘဲ မျက်နှာအသားအရေကိုပါ ကြည့်ပြီး ကိုက်ညီအောင် လိမ်းပေးနိုင်မှာပါ။ ကိုယ့်အသားအရေ အမျိုးအစားကို ပြောပြထားတာ အကောင်းဆုံးပါ။ ဒါမှ ပွဲအချိန်ကြာလည်း မပျက်အောင် ဘယ်လိုပစ္စည်းတွေ သုံးပေးရမလဲဆိုတာ သိပြီး မပျက်အောင် ပြင်ပေးဖို့ ကြိုတင်ပြင်ဆင်နိုင်မှာပါ။

မိတ်ကပ်မပျက်စေဖို့

အဓိကရန်သူ

သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ အဆီပြန်တာတွေ ရှိနေမယ်ဆိုရင် လန်းလန်းဆန်းဆန်း မရှိတော့တဲ့အပြင် ဟိုတကွက် ဒီတကွက် ဖြစ်နေတတ်ပါတယ်။ အဆီပြန်တာတွေ မရှိဖို့ဆိုရင် မင်္ဂလာပွဲ မတိုင်ခင်တည်းက ကြိုတင်ပြီး ပြင်ဆင်ထားရပါမယ်။ အဆီစုပ်စက္ကူလေး ဆောင်ထားတာ၊ ချွေးပေါက်ကျဉ်းစေဖို့ Treatment ကောင်းကောင်း လုပ်တာမျိုး လုပ်ဆောင်ပါ။ ဒါက အဆီတွေ နည်းဖို့ အထောက်အကူကောင်းပါ။ အဆီပြန်တာဟာ မိတ်ကပ်ပျက်သွားစေဖို့နဲ့ ကွက်သွားစေဖို့ အဓိက ရန်သူမို့ အဆီပြန်တာကို ထိန်းထားနိုင်ဖို့ ကြိုးစားပါ။

သတို့သမီးလေးတို့ မင်္ဂလာပွဲပြီးသွားသည့်တိုင်အောင် မိတ်ကပ်ကွက်တာတွေ၊ ပျက်တာတွေ မဖြစ်ဘဲ စိတ်ချမ်းချမ်းသာသာလေး ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေ လိုက်နာပေးနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords