Advertisement

မင်္ဂလာပွဲနေ့မှာ ကိုယ်သာလျှင် အလှဆုံး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောတဲ့အချက်လေးတွေ မမေ့လိုက်နဲ့နော်။ဒါမှာ ကိုယ်က ထင်ပေါ်တဲ့သတို့သမီးလေး ဖြစ်နေမှာပါ။ 

သတို့သမီးလေးတိုင်း မင်္ဂလာပွဲနေ့မှာ လှချင်ပါတယ်။ ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်တဲ့အခါမှာ လှနေတဲ့ သတို့သမီးလေးတစ်ဦးအဖြစ် ယုံကြည်မှုတွေ ရှိနေစေချင်ကြပါတယ်။ အဲဒီလို သတို့သမီးလေး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က အခုပြောပြတဲ့ အချက်တွေကို သတိထားဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်ရမှာတွေပေါ့။

မိတ်ကပ်လိမ်းတဲ့အခါ

မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်ဆရာ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် စကားတွေ၊ အပြုအမူတွေ မလုပ်ပါနဲ့နော်။ ကိုယ့်ကို ပြင်ပေးမယ့် မိတ်ကပ်ဆရာအပေါ်မှာ ယုံကြည်ချက်ထားပါ။ ပြောစကား နားထောင်ပေးပါ။ မိတ်ကပ်ဆရာကို မယုံကြည်နေတဲ့အပြုအမူမျိုး၊ တခြားသူတွေနဲ့ စကားပြောနေတာမျိုး မလုပ်ပါနဲ့နော်။

မိတ်ကပ်အစမ်းလိမ်းတဲ့အခါ (photo: 40Th Wedding Anniversary Cake Decorations)

ကြိုတင်ပြင်ဆင်ထားရမယ့် အချက်

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ လှနေချင်တယ်ဆိုရင်တော့ အသားအရည်ကို အထူး ထိန်းသိမ်းထားဖို့ လိုပါတယ်။အသားအရည် မကြည်လင်တဲ့အခါမှာ ရွေးထားတဲ့ ဝတ်စုံနဲ့ မလိုက်ဖက်တော့သယောင်တောင် ဖြစ်နိုင်ပါတယ်။ ဒီတော့ အသားအရည်ကို ကြိုတင်ပြီး ထိန်းသိမ်းထားပါ။ ဒါမှ မိတ်ကပ်ဆရာက လိမ်းပေးဖို့ အဆင်ပြေမှာပါ။ မင်္ဂလာပွဲနီးမှ မျက်နှာကို ဂရုစိုက်တာမျိုး မဟုတ်ဘဲ မင်္ဂလာပွဲ မတိုင်ခင် အနည်းဆုံး(၁) လလောက်အလိုကတည်းက ကြိုတင်ပြီး ပေါင်းတင်တာမျိုး လုပ်ထားပါ။ အသားအရည်ပေါ် မူတည်ပြီး မိတ်ကပ်ရဲ့ လှပမှုကလည်း ကွာခြားသွားနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ထားရမယ့် အချက်

မိတ်ကပ်အစမ်းလိမ်းတဲ့အခါ

အခုနောက်ပိုင်းမှာ မိတ်ကပ်ကို မင်္ဂလာဆောင်တဲ့နေ့မှာမှ ပြင်ဆင်မြင်တွေ့ခွင့် ရတာမျိုး မဟုတ်ပါဘူးနော်။ မင်္ဂလာမဆောင်ခင်မှာ မိတ်ကပ်အစမ်းလိမ်းတာမျိုး ရှိလာပါပြီ။ အဲဒီတော့ ပွဲနေ့အတွက် မိတ်ကပ်ကို အစမ်းလိမ်းပါ။ အစမ်းလိမ်းပေးမယ့်သူဆီမှာပဲ မိတ်ကပ်အပ်ပါ။ ဒါက ပိုပြီး စိတ်ချယုံကြည်မှု ရှိနေစေမှာပါ။

Review (photo: 40Th Wedding Anniversary Cake Decorations)

Review

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့ မိတ်ကပ်လှဖို့အတွက် အဓိက အချက် (၂) ရှိပါတယ်။ အဲဒါကတော့ အသားအရည် လှပဖို့နဲ့ မိတ်ကပ်ဆရာ ရွေးချယ်မှု မှန်ကန်ဖို့ပါ။ အသားအရေ ကောင်းမွန်အောင် သေချာလုပ်ဆောင်ပြီး မိတ်ကပ်ဆရာ ရွေးချယ်မှု မှန်ကန်အောင် Review များများ ဖတ်ပါ။ စီနီယာသတို့သမီးတွေရဲ့ မိတ်ကပ် အပြင်အဆင်တွေကို လေ့လာပါ။ ဒါမှ ကိုယ့်အတွက် အကောင်းဆုံး မိတ်ကပ်ဆရာ ရရှိမှာပါ။

မင်္ဂလာပွဲနေ့မှာ ကိုယ်သာလျှင် အလှဆုံး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောတဲ့အချက်လေးတွေ မမေ့လိုက်နဲ့နော်။ဒါမှ မင်္ဂလာပွဲနေ့မှာ ကိုယ်က ထင်ပေါ်တဲ့သတို့သမီးလေး ဖြစ်နေမှာပါ။ 

 

Comments

0 comments