Advertisement

မင်္ဂလာပွဲနေ့မှာ လက်ဝတ်လက်စား ငှားမယ်လို့တွေးထားတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေကို မမေ့ပါနဲ့နော်။ ဒါမှ အားလုံး အဆင်ပြေနိုင်မှာပါ။ 

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံးနဲ့ ကျက်သရေ အရှိဆုံး ဖြစ်နေဖို့အတွက် မိတ်ကပ်၊ ဆံထုံးအပြင် လက်ဝတ်လက်စားလည်း လိုအပ်ပါတယ်။ မိန်းကလေးဆိုတာ ကျောက်မျက်ရတနာ လက်ဝတ်လက်စားနဲ့ အမြဲတမ်း ဒွန့်တွဲနေတာပဲမလားနော်။ ဒီတော့ မင်္ဂလာပွဲမှာလည်း လက်ဝတ်လက်စားက အရေးကို အရေးပါတဲ့ အရာတစ်ခုပါ။ သတို့သမီးလေးတို့ လက်ဝတ်လက်စား ဝတ်ဆင်ဖို့အတွက် ရွေးချယ်ရလို့ ရမှာကတော့ (၂) မျိုး ရှိပါတယ်။ ငှားမလား၊ ကိုယ်ပိုင်ပစ္စည်း ဝတ်မလားပါ။ ကိုယ်ပိုင်ပစ္စည်းဆိုရင်တော့ ပြဿနာ နည်းပေမယ့် ငှားမယ်ဆိုရင်တော့ လက်ဝတ်လက်စား ငှားတာနဲ့ ပတ်သက်ပြီး သတိထားရမှာတွေ ရှိပါတယ်နော်။

ဘယ်ကနေ ငှားရမ်းမလဲ

လက်ဝတ်လက်စား ငှားရမ်းတဲ့အခါမှာ မိတ်ကပ်ပြင်ပေးမယ့် မိတ်ကပ်ပညာရှင်ဆီကနေပဲ ငှားရမ်းမလား၊ ဒါမှမဟုတ် အပြင်ကနေပဲ ငှားရမ်းမလားပါ။ အများစုကတော့ မိတ်ကပ်ပြင်ပေးမယ့်သူဆီကနေပဲ ငှားရမ်းတာ များပါတယ်။

ဝတ်စုံနဲ့ လိုက်ဖက်ရဲ့လား

မိတ်ကပ်ဆရာဆီမှာ ဝတ်စုံကို ပြပြီးမှ ကျောက်မျက်ရတနာ ရွေးချယ်ပါ။ အဲဒါဆိုရင် ပိုပြီး လိုက်ဖက်တာ ရမှာပါ။ အဲဒီလိုမျိုး မပြမိရင် မိတ်ကပ်ဆရာကလည်း အဆင်ပြေမယ်ထင်တာလေးတွေ ရွေးချယ်တဲ့အခါ ဝတ်စုံနဲ့ လွဲတတ်ပါတယ်။

ပစ္စည်းသေချာစစ်ပါ (photo: Shutterstock)

ပွဲနေ့ကို သယ်လာမှာလား

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲနေ့ မိတ်ကပ်ပြင်မှ မိတ်ကပ်ဆရာက လက်ဝတ်လက်စားတွေ သယ်လာရင်တော့ သိပ်ပြဿနာ မရှိပါဘူးနော်။ ကိုယ့်ဆီမှာ ကြိုယူထားရမယ်ဆိုရင်တော့ သေချာ ဂရုစိုက်ရမှာပါ။

အလျော်အစား

သတို့သမီးလောင်းလေးတို့ အနေနဲ့ မင်္ဂလာပွဲမှာ တခါတလေ လွဲချော်ပြီး လက်ဝတ်လက်စား ပြုတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့်လည်း ကြိုသတိထားရမှာပါ။ အကယ်လို့ ပျောက်ပျက်သွားရင် ဘယ်ပစ္စည်းကို ဘယ်လောက် လျော်ကြေးပေးရမယ်ဆိုတာမျိုး ကြိုတင်ပြီးတော့ မေးပါ။ ပျက်စီး ပျောက်ဆုံးအတွက် တစ်ခါတည်း မေးထားတာ ပိုကောင်းပါတယ်နော်။ ဒီအချက် သတိထားဖို့ လိုပါတယ်။

ဝတ်စုံနဲ့ လိုက်ဖက်ရဲ့လား (photo: pureblissbridals.com)

ဘယ်တော့ ပြန်အပ်ရမလဲ

သတို့သမီးလောင်းလေးတို့ရေ လက်ဝတ်လက်စား ငှားရမ်းပြီးရင် ဘယ်နေ့နောက်ဆုံး အပ်ရမလဲဆိုတာလည်း တစ်ခါတည်း မေးမြန်းဖို့ လိုပါတယ်။ ရက်လွန်ကြေးတွေ ပေးရမလားဆိုတာလည်း မေးထားဖို့ လိုပါတယ်နော်။ ဒါမှ အဆင်ပြေနိုင်မှာပါ။

ပစ္စည်းသေချာစစ်ပါ

လက်ဝတ်လက်စားတွေက ဗူးနဲ့ ပေးလိုက်တာ များပါတယ်။ ကျောက်လေးတွေ ပြုတ်နေလား၊ ချိတ်ရော အဆင်ပြေလား အစရှိသလို စစ်ဖို့ မမေ့ပါနဲ့နော်။ အဆင်မပြေတာရှိရင်လည်း တစ်ခါတည်း ပြောဖို့ လိုပါတယ်။

မင်္ဂလာပွဲနေ့မှာ လက်ဝတ်လက်စား ငှားမယ်လို့တွေးထားတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေကို မမေ့ပါနဲ့နော်။ ဒါမှ အားလုံး အဆင်ပြေနိုင်မှာပါ။ 

Comments

0 comments