သတို့သမီးတို့ မိတ်ကပ်ပြင်တာ နောက်ကျလို့ ပွဲထွက်နောက်ကျမှာစိုးရိမ်ရင်

by: Phyo Pyae Thu
 0 comments  2 love

သတို့သမီးလေးတိုင်း မင်္ဂလာပွဲနေ့မှာ အစိုးရိမ်ဆုံး ဖြစ်တဲ့ မိတ်ကပ်ပြင်တာ နောက်ကျလို့ ပွဲထွက်နောက်ကျမှာ စိုးရင် Marry က ပြောပြထားတဲ့အတိုင်း လုပ်ပေးနော်။

မင်္ဂလာဆောင်မယ့် သတို့သမီးလေးတို့ ပွဲစီစဉ်တဲ့ တစ်လျှောက်လုံးမှာ စိတ်အပူဆုံး၊ အစိုးရိမ်ရဆုံးက ဘာဖြစ်မယ်ထင်ပါသလဲ၊ ပွဲနေ့မှာ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းရတဲ့ အချိန်ပေါ့။ မင်္ဂလာပွဲနေ့မှာ မိတ်ကပ်ပြင်တဲ့သူ နောက်ကျပြီဆိုရင် သတို့သမီးလေးတို့ ဘယ်လိုမှ မပြုံးနိုင်တော့ဘူ။ မိတ်ကပ်ပြင်တာ နောက်ကျပြီဆိုရင်လည်း ပွဲထွက်တာတွေ နောက်ကျ၊ ကိုယ်လိုချင်တဲ့ပုံတွေ ရိုက်ဖို့ မရှိတော့တာနဲ့ သတို့သမီးလေးတို့ အရမ်းစိတ်ညစ်ရပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ရလေအောင် ဘယ်အချက်တွေကို ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာ ပြောပြမယ်နော်။

ကြာချိန်

သတို့သမီးလေးတို့ မိတ်ကပ်ပြင်ဖို့ စီစဉ်တဲ့အခါမှာ ကြာချိန်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ သတို့သမီး မိတ်ကပ်ပြင်ဆင်တာက ပုံမှန်ဆိုရင် (၃) နာရီလောက် ကြာတတ်ပါတယ်၊ ဝတ်စုံပြည့် ဝတ်တာနဲ့ဆိုရင် ဒီ့ထက် ပိုကြာနိုင်ပါတယ်။ ဒါကြောင့် ပွဲချိန်ထက် စောစောလေး ပြင်ဆင်ဖို့ မိတ်ကပ်ပညာရှင်နဲ့ ညှိပါ။

ပွဲတူတာ ရှိမရှိ

မင်္ဂလာပွဲနေ့မှာ မိတ်ကပ်ဆရာ နောက်ကျတာမျိုး မဖြစ်စေချင်ဘူးဆိုရင် အဲဒီရက်မှာ တခြားပြင်ပေးမယ့် ပွဲတစ်ပွဲ လက်ခံထားတာ ရှိမရှိဆိုတာ ကြိုတင်မေးပါ။ ဘယ်နေရာလဲဆိုတာပါ သိရင်တော့ ပိုကောင်းပါတယ်။

ဘယ်အချိန်မှာ စပြင်မလဲ (photo: www.cljmake-up.com)

ဘယ်အချိန်မှာ စပြင်မလဲ

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ မိတ်ကပ်ကို ဘယ်အချိန် စပြင်မလဲ၊ ပွဲတိုက်တာ ရှိနေရင်လည်း ကိုယ့်ကို အရင်ပြင်မလား၊ မိတ်ကပ်ဆရာ မရောက်သေးရင်လည်း ဆံထုံး ထုံးတာတွေအတွက် တပည့်တွေ ကြိုရောက်ပေးပြီး ပြင်ဆင်ထားပေးမလားဆိုတာ မေးပါ။ ဒါဆိုရင်တော့ တပည့်တွေနဲ့ ဆံထုံး ထုံးတာမျိုး အရင်ကြိုလုပ်ထားပြီး မိတ်ကပ်ဆရာလာမှ ပြင်လိုက်မယ်ဆိုရင် ပိုပြီးတော့ မြန်နိုင်ပါတယ်။

တစ်နေရာတည်းမှာ လူစုခွဲပြင်ပါ (photo: www.cljmake-up.com)

တစ်နေရာတည်းမှာ လူစုခွဲပြင်ပါ

သတို့သမီးလေးတို့ မိတ်ကပ်ပြင်တာ နောက်ကျလို့ ပွဲထွက်ချိန် နောက်ကျမှာ စိုးတယ်ဆိုရင် နောက်ထပ် လုပ်ဆောင်ရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ လူစုခွဲပြီး မိတ်ကပ်ပြင်တာပါ။ မိတ်ကပ်ဆရာ တစ်ယောက်တည်းကပဲ အရံတွေရော၊ နှစ်ဖက်မိဘတွေကိုရော ပြင်ဆင်နေမယ်ဆိုရင် နောက်ကျနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာတည်းမှာပဲ သတို့သမီးအတွက်က မိတ်ကပ်ပညာရှင်က လိမ်းတယ်ဆိုရင် အရံတွေနဲ့ နှစ်ဖက်မိဘတွေက တခြားမိတ်ကပ်ပညာရှင်နဲ့ လိမ်းတာမျိုး လုပ်ပါ။ ဒါဆိုရင် တစ်နေရာတည်းမှာပဲ တပြိုင်တည်း အားလုံး လိမ်းခြယ်လို့ပြီးမှာပါ။ တစ်ယောက်တစ်နေရာစီမှာ လိမ်းရင်လည်း ပွဲကို ရောက်ဖို့ နောက်ကျတာတွေ ဖြစ်တတ်တာမို့ တစ်နေရာတည်းမှာ လူစုခွဲပြင်ဖို့ သတိရပါနော်။

သတို့သမီးလေးတိုင်း မင်္ဂလာပွဲနေ့မှာ အစိုးရိမ်ဆုံး ဖြစ်တဲ့ မိတ်ကပ်ပြင်တာ နောက်ကျလို့ ပွဲထွက်နောက်ကျမှာ စိုးရင် Marry က ပြောပြထားတဲ့ အချက်တွေအတိုင်း လုပ်ပေးနော်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords