Advertisement

သတို့သမီးလေးတို့အနေနဲ့ မိတ်ကပ်ဆရာနဲ့ တွေ့ဆုံပြီး မိတ်ကပ်ပြင်ဆင်ဖို့ တိုင်ပင်တဲ့အခါမှာ အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေကို ဦးစားပေးပြီး ဆွေးနွေးတိုင်ပင်ပါနော်။ 

သတို့သမီးလေးတို့ရေ မိတ်ကပ်ဆရာနဲ့ မိတ်ကပ်ဘယ်လိုပုံစံလေး လိုချင်တယ်ဆိုတာ ကြိုတင်ပြီး တိုင်ပင်ရမှာပါ။ သတို့သမီးလေးတို့ ဝတ်မယ့် အဝတ်အစားအရောင်၊ အသားအရေအရောင်ပေါ် မူတည်ပြီး ပြင်ဆင်လေ့ ရှိကြတာမလား။ ဒီတော့ သတို့သမီးလေးတို့ မိတ်ကပ်ဆရာနဲ့ မိတ်ကပ်ပြင်ဆင်မှုပုံစံကို ရွေးချယ်တဲ့အခါမှာ သိထားသင့်တာတွေ ရှိပါတယ်။

ပင်ကိုယ်ရုပ်လေးအတိုင်း ရှိချင်လား

သတို့သမီးလောင်းလေးတို့ရေ သတို့သမီး မိတ်ကပ်ပြင်ဆင်တဲ့အခါမှာ ပင်ကိုယ်ရုပ်လေးအတိုင်းရှိတာကို ကြိုက်လား ဒါမှမဟုတ် ရုပ်ပြောင်းသွားတာကို ကြိုက်လားဆိုတာ ပထမဦးဆုံး စဉ်းစားရမှာပါ။ သတို့သမီးလေးတို့ မိတ်ကပ်ဆရာရွေးချယ်ကတည်းကလည်း ဒီအချက်ကို ထည့်သွင်းစဉ်းစားရပါမယ်။ ရုပ်ပြောင်းအောင် ပြင်ပေးနိုင်မလားပေါ့။ သတို့သမီးလေးတို့ ပင်ကိုယ်ရုပ်လေးအတိုင်း လိုချင်လား ရုပ်ပြောင်းတာ ကြိုက်လား စဉ်းစားပြီး ဘယ်ဟာက ပိုလိုက်ဖက်သလဲဆိုတာ တိုင်ပင်ပါ။

(photo: best-ranks.com)

ကိုယ့်စိတ်ကြိုက်ကို ကြိုတင်ပြောပြထားပါ

သတို့သမီးလေးတို့အနေနဲ့ ပြင်ဆင်ချင်တဲ့ မိတ်ကပ်ပုံစံလေးကို ကြိုတင်ပြီး ပြောပြထားပါ။ နှုတ်ခမ်းနီ ပေါ်ချင်တာ၊ နှာတံပေါ်ချင်တာ အစရှိသလိုပေါ့။ ကိုယ့်စိတ်ကြိုက်လည်း ဖြစ်ပြီး ကိုယ်လိုချင်တဲ့ ပုံစံလေး ဖြစ်ဖို့ မိတ်ကပ်ဆရာကို ကြိုပြောပြီး အစမ်းပြင်ဆင်ခိုင်းကြည့်ပါ။ ဒါမှ မင်္ဂလာပွဲနေ့ မိတ်ကပ်မှာ လှပမှာပါ။

ကိုယ်နဲ့ လိုက်ဖက်လား

သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်ပြင်ဆင်တဲ့အခါမှာ ကိုယ်နဲ့ လိုက်ဖက်တာမျိုး ဖြစ်ဖို့လည်း လိုတာမို့ မိတ်ကပ်ဆရာနဲ့ အရင်တိုင်ပင်ပါ။ ဘယ်လိုပုံစံလေး လိုက်မလဲဆိုတာ တိုင်ပင်ပါ။ မိတ်ကပ်ပါးပါးကြည်ကြည်လေးမှ လိုက်မှာလား မေးပါနော်။

(photo: /robertfiance.edu)

ဆံထုံး

သတို့သမီးလောင်းတို့ရေ မိတ်ကပ်ပြင်တဲ့ဆရာနဲ့ ဆံထုံးလည်း တိုင်ပင်ဖို့ လိုပါတယ်။ ဆံထုံးပုံစံပေါ် မူတည်ပြီး မျက်နှာ အနုအရင့်ကလည်း ကွာသွားနိုင်ပါတယ်။ သတို့သမီးလေးတို့ မျက်နှာက ဆံပင်အပြောင်သိမ်းနဲ့ လိုက်လား၊ ရှေ့ဆံမြိတ်ချတာလေးနဲ့လိုက်လားဆိုတာ မိတ်ကပ်ဆရာကို မေးဖို့ လိုပါတယ်။ သတို့သမီးလေးတို့ ထုံးချင်တဲ့ ဆံထုံးပေါ် မူတည်ပြီး မိတ်ကပ်ပြင်ဆင်ပြောင်းလဲတာတွေ လုပ်ဖို့ လိုတာကြောင့်ပါ။

 

Comments

0 comments