Advertisement

မန္တလေးက သတို့သမီးလေးတို့ရေ ကိုယ်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်ရဖို့ Marry က ပြောပြထားတဲ့ အချက်တွေကို မမေ့ပါနဲ့နော်။ ဒါမှ သတို့သမီးလေးတို့ အဆင်ပြေမှာပါ။

မန္တလေးက သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ လှဖို့ဆိုရင် မိတ်ကပ်အပြင်အဆင်ကို သေချာလေး သတိထားဖို့ လိုပါတယ်နော်။ သေချာ ပြင်ဆင်ထားနိုင်မှသာ မင်္ဂလာပွဲကျ လှနေမှာမလား။ ဒါကြောင့်  မိတ်ကပ်အပြင်အဆင်နဲ့ ပတ်သက်ပြီး မန္တလေးက သတို့သမီးလေးတွေ သိထားရမယ့် အချက်တွေ ပြောပြမယ်နော်။

အသားအရေ

သတို့သမီးလေးတို့ ပထဦးဆုံး သတိပြုရမှာကတော့ ကိုယ့်ရဲ့ အသားအရေပါ။ မန္တလေးသူလေးတွေရဲ့ အသားအရေက ညိုရင်ညို၊ မညိုရင် အဖြူဘက်ရောက်ကြတယ်မလား။ ဒီတော့ သတို့သမီးလေးတို့ရဲ့ အသားအရေ အရောင်ကို သေချာ သိထားရမှာပါ။ အနည်းဆုံးတော့ ကိုယ်က အောက်ခံမိတ်ကပ်ရွေးရင် ဘယ်လို အရောင်မျိုးနဲ့ လိုက်ဖက်လဲဆိုတာတော့ သိထားပေးပါ။

အသားအရေ (photo: http://www.makethisout.com)

မိတ်ကပ်ဆရာ ရွေးချယ်တဲ့အခါ

သတို့သမီးလေးတို့ မိတ်ကပ်ဆရာ ရွေးချယ်တဲ့အခါမှာ ကိုယ့်ရဲ့ အသားအရေပေါ် မူတည်ပြီး ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ မိတ်ကပ်ဆရာရွေးချယ်တဲ့အခါမှာ ဘာကို အဓိက ထားပြီး ကြည့်ရမလဲဆိုရင် ကိုယ့်အသားအရေနဲ့ တူတဲ့ သတို့သမီးလေးကို ပြင်ထားပေးတဲ့ မိတ်ကပ်အပြင်အဆင်ကို ကြည့်ရပါမယ်။ ကိုယ်က ညိုတယ်ဆိုရင် ညိုတဲ့သူကို ပြင်ပေးထားတဲ့ ပုံပေါ့။ အဲဒီအပြင်အဆင်ကို ကြည့်ပြီးမှ မိတ်ကပ်ဆရာ ရွေးချယ်ပါ။ ဒါမှ အဆင်ပြေပါမယ်နော်။

ဝတ်စုံနဲ့ လိုက်တဲ့ မိတ်ကပ်အပြင်အဆင် ဖြစ်ဖို့ (photo: dweddings.com/)

မိတ်ကပ်အပြင်အဆင် ပြင်ဆင်တဲ့အခါ

သတို့သမီးလေးတို့ မိတ်ကပ်အပြင်အဆင် ပြင်ဆင်တဲ့အခါ ကိုယ်က ညိုတဲ့သူဆိုရင် အနီရောင် တောက်တောက်လိုမျိုး အရောင်တောက်တာတွေ မရွေးချယ်ဘဲ လင်းတဲ့ဘက်ကို ရောက်တဲ့ အပြင်အဆင်ကိုသာ ရွေးချယ်ပါ။ မျက်နှာကို ဖြူအောင် မလုပ်ဘဲ ညိုတာကိုမှ ညက်တဲ့သဘောဆောင်တဲ့ မိတ်ကပ်အပြင်အဆင်ကိုပဲ ပြင်ဆင်ပါ။ ဒါမှ မိတ်ကပ်သား တက်လာလည်း လှမှာပါ။ မိတ်ကပ်ဆရာကို ကိုယ်က ညိုလို့ ဖြူအောင် ပြင်ပေးပါ ဆိုတာမျိုး မတောင်းဆိုပါနဲ့နော်။ ဓါတ်ပုံထဲမှာလည်း မလှပါဘူး။

မိတ်ကပ်အပြင်အဆင် ပြင်ဆင်တဲ့အခါ (photo: swirlster.ndtv.com)

ဝတ်စုံနဲ့ လိုက်တဲ့ မိတ်ကပ်အပြင်အဆင် ဖြစ်ဖို့

ဝတ်စုံနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်ဖြစ်မှသာ မင်္ဂလာပွဲနေ့မှာ ကြည့်ရ လှနေမှာပါ။ ဝတ်စုံအရောင်နဲ့ လိုက်ဖက်တာမျိုး ပြင်ပေးနိုင်မယ့် မိတ်ကပ်ဆရာမျိုးကို ရှာပါ။ မန္တလေးက သတို့သမီးလေးတွေ တော်တော်များများက အဝါနုအရောင်လေးတွေနဲ့ လိုက်ဖက်ကြတာ များပါတယ်။

မန်းမြေမှ ချစ်တတ်သူတွေအားလုံး

ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ကူးအိပ်မက်ထဲကမင်္ဂလာပွဲကြီးအတိုင်း စီစဉ်ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး “မန်းမြေမှ ချစ်သက်သေ” ဆိုတဲ့ Retro စတိုင်လ် Marry Wedding Day မန္တလေး ပွဲကြီးလာပါပြီ။

ဒီပွဲကြီးမှာ နိုင်ငံကျော်အနုပညာရှင်များစွာ တက်ရောက်မှာဖြစ်ပြီး မင်္ဂလာဆောင်တော့မယ့် သတို့သား သတို့သမီးလောင်းတွေအတွက်လည်း ဒီဇိုင်းနာ မျိုးမင်းစိုးရဲ့ ခမ်းနားဆန်းပြားသစ်လွင်တဲ့ မင်္ဂလာဝတ်စုံများကိုလဲ တစ်ဝကြီး မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရနိုင်တဲ့ မင်္ဂလာ Package တွေ ၊ မင်္ဂလာပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှကို တစ်နေရာတည်းမှာ ဆိုင်ခန်းပေါင်း (၃၀) ကျော်က ၆၀% ဒစ်စကောင့်တွေနဲ့အတူ အကောင်းဆုံး အတန်ဆုံးသော အထူးလျှော့ဈေးတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

 ချစ်သူစုံတွဲတွေအားလုံးအတွက်လည်း

  • ထူးခြားထူးခြားနဲ့ ပျော်စရာကောင်းတဲ့ Couple Game အစီအစဉ်တွေ
  • ချစ်သူနဲ့အတူ အခမဲ့ Pre wedding ဓာတ်ပုံရိုက်ရမယ့် Bride to be အစီအစဉ်
  • ချစ်သူလေးကို Surprise လုပ်နိုင်ဖို့အတွက် Surprise Proposal အစီအစဉ်
  • သိန်း (၁၀၀) ကျော် ပေါက်မဲပေါင်းများစွာပါဝင်မယ့် Lucky Draw အစီအစဉ်နဲ့ လက်ဆောင်တွေမြောက်များစွာလည်း ပေးသွားဦးမှာပါ။

ဒီတော့ ကိုယ်ချစ်ရတဲ့မန္တလာမြေမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ချစ်သက်သေတည်နိုင်ဖို့ ချစ်သူ့လက်ကိုဆွဲပြီး ပွဲကြီးစီလှမ်းလာလိုက်ပါတော့ …

နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅
အချိန် : မနက် (၉) နာရီ မှ ည (၇) နာရီ
နေရာ : Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ မန္တလေးမြို့။
ဝင်ကြေး : အခမဲ့

Comments

0 comments