သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်ကြတယ်မလား။ ဒါဆိုရင် မင်္ဂလာမိတ်ကပ် မလိမ်းခင်မှာ ကြိုပြီးတော့ ပြင်ဆင်ထားရမှာတွေ ရှိပါတယ်နော်။ သတို့သမီးလေးတို့ မိတ်ကပ်ဆရာကို စောင့်နေတဲ့အချိန်မှာပဲ ဖြစ်ဖြစ် ပြင်ဆင်ထားပါ။
Skin care တွေ
သတို့သမီးလေးတို့ မိတ်ကပ်မလိမ်းခင်မှာ Skin care တွေ ကြိုပြီး လိမ်းထားပါ။ တချို့ မိန်းကလေးတွေဆို အဆင်ဆင့်လိမ်းရတာမို့ အချိန်ပေးရပါတယ်။ နောက်ပြီး မိတ်ကပ်တွေ မျက်နှာ တိုက်ရိုက်မထိအောင်၊ ကိုယ့်အသားအရေကို ထိန်းသိမ်းတဲ့အနေနဲ့ သုံးနေကျ Skin care တွေ သုံးပါ။
မျက်ကပ်မှန်တပ်မယ်ဆိုရင်
သတို့သမီးလေးတို့ မျက်ကပ်မှန်တပ်မယ်ဆိုရင်လည်း တပ်မယ့်အရောင်ကို မိတ်ကပ်ဆရာကို ပြောပြထားပါ။ ဒါမှ လိုက်ဖက်ညီတဲ့ မိတ်ကပ်ပြင်ဆင်မှု ရမှာပါ။ မိတ်ကပ်မလိမ်းခင် ကြိုတပ်ထားပေးပါ။
မိတ်ကပ်ဆရာက ကိုယ့်ကို စောင့်ရတာမျိုး မဖြစ်ပါစေနဲ့
သတို့သမီးလေးတို့ဆီကို မိတ်ကပ်ဆရာက လာပြင်ပေးတာဆိုရင် မိတ်ကပ်ဆရာ မလာခင်ကတည်းက ရေချိုးပြီးသား ဖြစ်နေပါစေနော်။ တချို့ဆိုရင် မိတ်ကပ်ဆရာလာမှ ရေချိုးတာမျိုး ရှိတော့ အချိန်တွေကြာပြီး မိတ်ကပ်ပြင်တာ မပြီးဘူး ဖြစ်တတ်ပါတယ်။ ဒီအချက်ကို သတိထားနော်။
Skin care တွေ
သတို့သမီးလေးတို့ မိတ်ကပ်မလိမ်းခင်မှာ Skin care တွေ ကြိုပြီး လိမ်းထားပါ။ တချို့ မိန်းကလေးတွေဆို အဆင်ဆင့်လိမ်းရတာမို့ အချိန်ပေးရပါတယ်။ နောက်ပြီး မိတ်ကပ်တွေ မျက်နှာ တိုက်ရိုက်မထိအောင်၊ ကိုယ့်အသားအရေကို ထိန်းသိမ်းတဲ့အနေနဲ့ သုံးနေကျ Skin care တွေ သုံးပါ။
မျက်ကပ်မှန်တပ်မယ်ဆိုရင်
သတို့သမီးလေးတို့ မျက်ကပ်မှန်တပ်မယ်ဆိုရင်လည်း တပ်မယ့်အရောင်ကို မိတ်ကပ်ဆရာကို ပြောပြထားပါ။ ဒါမှ လိုက်ဖက်ညီတဲ့ မိတ်ကပ်ပြင်ဆင်မှု ရမှာပါ။ မိတ်ကပ်မလိမ်းခင် ကြိုတပ်ထားပေးပါ။
ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ မိတ်ကပ်ပြင်တာ လှလှလေးဖြစ်ချင်ရင်တော့ ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်နော်။
Comments