Advertisement

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲဆောင်ခါနီးအတွက် ဝိတ်ချမယ်တွေးထားရင် အပေါ်မှာ ပြောပြထားတဲ့ အချက်တွေကို သေချာလေး လုပ်ဆောင်နော်။ 

သတို့သမီးလောင်းလေးတိုင်း မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်ကြပါတယ်။ မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး တစ်ဦးဖြစ်ဖို့ဆိုတာ ကြိုးစားဖို့တော့ လိုပါတယ်။ မျက်နှာအသားအရေလေးကြည်လင်နေဖို့ လိုသလို ခန္ဓာကိုယ်လေးလည်း အတတ်နိုင်ဆုံး သွယ်လျ လှပဖို့ လိုပါတယ်။ ဒါမှ ဘက်စုံ လှပနေမှာပေါ့။ ဝိတ်ချတဲ့အခါမှာလည်း မင်္ဂလာပွဲ စီစဉ်နေရင်း ဝိတ်ချနေမှာဆိုတော့ အရမ်းပင်ပန်းတဲ့ နည်းလမ်းတွေ သုံးလို့တော့ မဖြစ်ပါဘူး။

စိတ်ဓါတ်ခိုင်ပါစေ

သတို့သမီးလောင်းလေးတို့ အနေနဲ့ ဝိတ်ချမယ်လို့ တွေးထားရင်တော့ စိတ်ဓါတ်ခိုင်မာဖို့ လိုပါတယ်။ စိတ်ဓါတ်ခိုင်မာဖို့ဆိုတာက Gym ပုံမှန်သွားမယ်၊ ကယ်လိုရီ ပါတာတွေ မစားတာမျိုးပေ့ါ။ အဲဒီလို မဟုတ်ပဲ အကြောင်းပြချက် မျိုးစုံနဲ့ Gym ရက်ပျက်တာ၊ ကယ်လိုရီတွေ စားမိတာမျိုးက ဝိတ်ဘယ်လိုမှ မကျနိုင်ပါဘူး။ ဒါကြောင့် ဝိတ်ချမယ်တွေးထားရင် စိတ်ဓါတ်ခိုင်မာပါစေ။

သတ်မှတ်ပါ

သတ်မှတ်ပါ

သတ်မှတ်ပါ

သတို့သမီးလေးတိုမင်္ဂလာပွဲအတွက် ဝိတ်ချမယ် တွေးထားရင် ပေါင်ဘယ်လောက်အထိ ချမယ်ဆိုတာမျိုး သတ်မှတ်ပါ။ နောက်မှာ ဝိတ်ချမယ့် နည်းလမ်းကို စဉ်းစားပါ။ သတို့သမီးလေးတို့ မင်္ဂလာပွဲစီစဉ်နေရင်း တဖက်နဲ့ ဝိတ်တကယ်ချနိုင်မယ့် နည်းလမ်းကို ရွေးပါ။ သတို့သမီးလေးတို့ ဝိတ်ချမယ့် ပေါင်နဲ့ မင်္ဂလာရက်ကို တွက်ကြည့်ပါ။ အရမ်းနီးကပ်မှ ဝိတ်ချရင် မမီနိုင်ပါဘူး။ အနည်းဆုံးတော့ (၆) လလောက် ကြိုပြီး ဝိတ်ချပါ။

လေ့ကျင့်ခန်းနဲ့ အစားအသောက်

သတို့သမီးလောင်းလေးတို့ရေ ဝိတ်ချတဲ့အခါမှာ လေ့ကျင့်ခန်း တစ်ခုတည်းနဲ့ မထိရောက်နိုင်ပါဘူး။ အစားအသောက်ကိုလည်း ထိန်းရပါမယ်။ ကယ်လိုရီတွေကို ထိန်းချုပ်ရပါမယ်။ မင်္ဂလာပွဲ စီစဉ်နေရင်းနဲ့ လေ့ကျင့်ခန်းရော အစားအသောက်ထိန်းတာပါ လုပ်ဖို့က ခက်ခဲပေမယ့် အမြန်ကျချင်တယ်ဆိုရင်တော့ လုပ်ရမှာ ဖြစ်ပါတယ်။ ကယ်လိုရီ နည်းတဲ့ အစားအသောက်ကိုပဲ စားပါ။ အားပြည့်အောင်တော့ စားပါ။ ဒါမှလေ့ကျင့်ခန်း ကောင်းကောင်း လုပ်နိုင်မှာပါ။

အစားအသောက်

အစားအသောက်

ဆန္ဒမစောပါနဲ့

သတို့သမီးလေးတို့ရေ ဝိတ်ကျလာဖို့ ဆန္ဒတွေ မစောပါနဲ့။ အမြဲတမ်း ရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ အချိန်ယူ ကြိုးစားရမှာပါ။ ဆန္ဒစောပြီး အဆီချဆေး၊ အဆီကျဆေး သောက်တာမျိုး မလုပ်ပါနဲ့။ ပုံမှန် Detox water သောက်တာမျိုးသာ လုပ်ပါ။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် ဝိတ်ချမယ်တွေးထားရင် အပေါ်မှာ ပြောပြထားတဲ့ အချက်တွေကို သေချာလေး လုပ်ဆောင်နော်။ 

Comments

0 comments