Advertisement

စီစဉ်စရာတွေ အများကြီးထဲကမှ သတို့သမီးလေးတို့အတွက် လိုအပ်တဲ့ Accessories လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဖြည်းဖြည်းချင်း ကြိုတင် စုဆောင်းထားပါ။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်တော့မယ်ဆိုရင် မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်မလား။

Accessories အသေးလေးတွေ

သတို့သမီးလေးတို့ ဆောင်ထားရမယ့် Accessories တွေကတော့ ဖိနပ်နာတဲ့အခါ ကပ်မယ့် ပလာစတာ၊ အပ်ချည်၊ အပ်၊ တွယ်ချိတ်၊ ဆံထုံးအတွက် ကလစ်အသေးလေးတွေ၊ မျက်တောင်တု၊ မျက်ကပ်မှန်တပ်မယ်ဆိုရင် မျက်ကပ်မှန်လေးတွေ လိုပါတယ်။ အဲဒါလေးတွေလည်း ကြိုတင် ဆောင်ထားပါ။

လက်ဝတ်ရတနာ

မင်္ဂလာဆောင်အတွက် စီစဉ်တဲ့အခါမှာ လက်ဝတ်ရတနာကိုလည်း မေ့ထားလို့ မရဘူးနော်။ သတို့သမီးလေးအတွက်က မိတ်ကပ်ဆရာဆီကနေ ငှားတာ၊ အစစ် ဝတ်တာ အဆင်ပြေပေမယ့် အရံတွေအတွက်လည်း စီစဉ်ထားဖို့ လိုပါတယ်။ လက်ဝတ်ရတနာနဲ့ ပတ်သက်ပြီး Accessories တွေ ကြိုစုတဲ့အခါမှာ အရံတွေအတွက်ပါ စဉ်းစားပါ။

Accessories တွေ ကြိုစုတဲ့အခါ

လက်ဝတ်ရတနာကိုလည်း မေ့ထားလို့ မရဘူးနော် https://pl.dreamstime.com/

ဆံထုံးအတွက်

သတို့သမီးလေးတို့ ဆံထုံးအတွက်လည်း Accessories လေးတွေ ကြိုဝယ်ထားပါ။ ပန်းပန်မယ်ဆိုရင်တော့ ပြဿနာ နည်းပေမယ့် ဆံထုံးမှာ Accessories တွေ ပန်မယ်ဆိုရင်တော့ ဆံထုံးအတွက် ကြိုစုထားပါ။ ကိုယ်ထုံးမယ့် ဆံထုံးရဲ့ ပုံစံကို ကြည့်ပြီး ကြိုရှာပါ။ အွန်လိုင်းကနေ မှာမယ်ဆိုလည်း ကြိုမှာထားပါနော်။

ဆံထုံးရဲ့ ပုံစံကို ကြည့်ပြီး ကြိုရှာပါ

ဆံထုံးအတွက်လည်း Accessories လေးတွေ ကြိုဝယ်ထားပါ https://pl.dreamstime.com/

ဖိနပ်

ဝတ်စုံအရောင် သိပြီဆိုတာနဲ့ ဖိနပ်ကိုလည်း ကြိုတင်ပြင်ဆင်ထားပါ။ သတို့သမီးအတွက်တင် မဟုတ်ဘဲ အရံ၊ နှစ်ဖက်မိဘတွေအတွက်ပါ ပြင်ဆင်ထားပေးပါနော်။ Accessories တွေ စီစဉ်တဲ့အခါတိုင်းမှာ အကုန်လုံးကို ထည့်စဉ်းစားပါ။

ပုဝါ

ပုဝါကလည်း သတို့သမီးလေးတို့အတွက် Accessories တစ်ခုပါပဲနော်။ အခုနောက်ပိုင်းမှာတော့ ပုဝါကို သေချာလေး ပြင်ဆင်ပြီး ဝတ်ဆင်တာကို တွေ့ရမှာပါ။ ပုဝါမှာ ထည့်ချင်တဲ့ Accessories တွေ ရှိရင်လည်း ရှာပါ။ ဒီဇိုင်နာက ရှာပေးတယ်ဆိုပေမယ့် ကိုယ်သဘောကျတာလေး ရှိရင်လည်း ပေးလို့ ရပါတယ်နော်။

ချစ်တို့ မင်္ဂလာပွဲမှာ လှလှပပလေး ဖြစ်ဖို့အတွက် ဒီ Accessories  လေးတွေ ကြိုစုထားနော်။

Comments

0 comments