Advertisement

မင်္ဂလာဆောင်တဲ့နေ့ဟာ ကိုယ့်ဘဝအတွက် အလှဆုံးနေ့ အမှတ်တရ အဖြစ်ဆုံးနေ့လေးတစ်နေ့ပါပဲ။ ဒီလိုနေ့မျိုးမှာ သတို့သား အမြင်မှားသွားရလောက်အောင် လှလေ ပိုကောင်းလေပဲနော်

သတို့သမီးလေးတို့ရေ.. မင်္ဂလာဆောင်တဲ့နေ့ဟာ ကိုယ့်ဘဝအတွက် အလှဆုံးနေ့ အမှတ်တရ အဖြစ်ဆုံးနေ့လေးတစ်နေ့ပါပဲ။ ဒီလိုနေ့မျိုးမှာ သတို့သား အမြင်မှားသွားရလောက်အောင် လှလေ ပိုကောင်းလေပဲနော်။ သတို့သမီးလေးရဲ့ ခြေလှမ်းတိုင်းလှဖို့ဆိုတာ ဖိနပ်လှလှလေးလိုသလို ခြေထောက်လေးတွေလည်း ဖြူဖွေးပြီး အသားအရည်လေးလည်း စိုပြည်နေမှ ပြီးပြည့်စုံတဲ့ ခြေလှမ်းလေးတွေ ဖြစ်မှာပါ။

Cream

သတို့သမီးလေးရဲ့ ခြေချောင်းလေးတွေမှာ အမည်းတွေ ရှိနေတယ်ဆိုရင် အလျင်မြန်ဆုံး ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းလေး ရှိပါတယ်။ (၃) ရက်လောက်ဆက်တိုက် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သိသိသာသာလေး ဖြူလာနိုင်တာမို့ ရက်အနည်းငယ်ကြိုလုပ်တာနဲ့ ရနိုင်ပါတယ်။ ည အိပ်ရာဝင်ခါနီးတိုင်း Vaseline လေးလိမ်းပြီး အိပ်ပေးပါ။ ခြေချောင်းက အမည်းတွေ အလျင်အမြန်ပျောက်သွားမှာ အသေအချာပါပဲ။

ကြက်ဥအကာ

သတို့သမီးလေးရဲ့ ခြေထောက်အသားအရည်ဟာ ခြောက်သွေ့တယ်ဆိုရင်တော့ ရေဓါတ်ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ကြက်ဥအကာကို ယူပါ။ ကြက်ဥအကာကို ခြေထောက်အသားအရည်ခြောက်နဲ့နေရာမှာ ဘရက်ရှ်လေးနဲ့ ယူပြီး လိမ်းပေးပါ။ ခြောက်သွားတဲ့အခါမှ ရေဆေးချပေးပါ။ ဒါဆိုရင်တော့ ခြေထောက်အသားအရည် စိုပြည်လာမှာပါ။

သံပရာသီး

သတို့သမီးလေးရဲ့ ခြေချောင်းလေးတွေ ဖြူချင်တယ်ဆိုရင်တော့ သံပရာသီးလေးက အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ သံပရာရည်နဲ့ ဆားအနည်းငယ်ကို ရောစပ်ပြီး ပျော်အောင် ဖျော်လိုက်ပါ။ ပြီးရင် ခြေထောက်နေရာအနှံ့မှာ ပွတ်လိမ်းပေးလိုက်ပါ။ ခြောက်သွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ တပတ်လောက်ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ဖြူလာမှာ အသေအချာပါပဲ။

 

 

Tags: advibeauty tip

Comments

0 comments