Advertisement

မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့ အနောက်တိုင်းဝတ်စုံ ရွေးချယ်တဲ့အခါ ဒီအချက်တွေ သိထားဖို့ လိုတယ်နော်။ ဒါမှ ရွေးချယ်မမှားမှာပါ။

မင်္ဂလာဆောင်တော့မယ်ဆိုရင် အရင်ဆုံး တွေးမိကြတာက မင်္ဂလာပွဲမှာ ဘာလေး ဝတ်ရင်ကောင်းမလဲ ဆိုတာပဲ မဟုတ်လား၊ သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲအတွက် ဝတ်စုံရွေးချယ်ကြပြီဆိုရင် ထိုင်မသိမ်းနဲ့ အနောက်တိုင်း ဂါဝန်ဆိုပြီး ရွေးချယ်စရာ ရှိပါတယ်။ မင်္ဂလာပွဲမှာဖြစ်ဖြစ် Pre weddingမှာပဲဖြစ်ဖြစ် အနောက်တိုင်းဂါဝန် ဝတ်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ရွေးချယ်တဲ့အခါမှာ သိထားရမှာတွေ ရှိပါတယ်။

ခန္ဓာကိုယ်အချိုးအစား

အနောက်တိုင်းဝတ်စုံကတော့ ခန္ဓာကိုယ်ပေါ် မူတည်ပြီး ရွေးချယ်လို့ ရပါတယ်နော်။ ဝတ်စုံ ရွေးချယ်မှုပေါ် မူတည်ပြီး ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်မှုလည်း ပြောင်းသွားနိုင်ပါတယ်။ ရေသူမလို ဝတ်စုံမျိုး ရွေးမယ်ဆိုရင် ရင် ခါး တင် (၃) ခုလုံး အချိုးအစား ပြေပြစ်ဖို့ လိုပြီး ခန္ဓာကိုယ် အတိအကျ ပေါ်လွင်နေမှာ သေချာပါတယ်။ ဂါဝန် ကားကားကြီးတွေ ဝတ်မယ်ဆိုရင်တော့ ခါးသေးရင် ရပါပြီ။ သတို့သမီးလေးတို့ ခါးလေးပဲ သေးပြီး ရင်နဲ့ တင် မကြီးဘူးဆိုရင်တော့ ဂါဝန်ကားကားကြီးတွေနဲ့ ပိုပြီး လိုက်ဖက်နိုင်ပါတယ်။

ခန္ဓာကိုယ်အချိုးအစား

ခန္ဓာကိုယ်အချိုးအစား (photo: bella bridal viet nam)

အရောင်

အရောင်ကလည်း အနောက်တိုင်းဂါဝန်မှာ ရွေးချယ်စရာ များပါတယ်။ အဖြူမဟုတ်ဘဲ နံ့သာရောင်ဘက် သွားတဲ့ အရောင်လေးတွေလည်း ရှိပါတယ်။ အရောင်တော်တော်များများကို စမ်းဝတ်ဖို့ မမေ့ပါနဲ့နော်။ ဒါမှ ဘယ်ဂါဝန်ဒီဇိုင်းနဲ့ အရောင်က ကိုယ်နဲ့ လိုက်ဖက်သလဲဆိုတာ သိနိုင်မှာပါ။

မိတ်ကပ်နဲ့ ခန်းမအရောင်

သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါမှာ မိတ်ကပ်ပြင်မယ့်သူကိုလည်း ထည့်သွင်းစဉ်းစားပါ။ မိတ်ကပ်ပြင်တဲ့သူက အနောက်တိုင်းဂါဝန်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်၊ ဆံထုံး ထုံးဖွဲ့နိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်နော်။ ဒါမှ ဝတ်စုံဝတ်တဲ့အခါ လှပမှာပါ။ ဝတ်စုံရွေးပြီဆိုရင် ခန်းမ အရောင်ကိုလည်း စဉ်းစားပါ။ ခန်းမရဲ့ အရောင်က အရမ်းမလင်းဘူးဆိုရင် ဝတ်စုံကို အရောင်လင်းတာတွေ ရွေးချယ်ပါ။

အချိန်

အချိန် (photo: elitedaily.com)

အချိန်

အချိန်ကတော့ ဝတ်စုံရဲ့ ကြာချိန်ရှိသလို သွားရောက်အပ်နှံမယ့် အချိန်လည်း ရှိပါတယ်။ ဝတ်စုံချုပ်တဲ့အခါမှာလည်း အနည်းဆုံးတော့ (၁) လောက် အချိန်ယူလေ့ ရှိပါတယ်။ သတို့သမီးလေးတို့ သတိပြုရမယ့် အချက်ကတော့ ဝတ်စုံကို အရမ်းအစောကြီး သွားအပ်လိုက်တာမျိုးပါ။ ကိုယ်က ဒီဇိုင်း ရွေးပြီး တခြားဒီဇိုင်းတွေ မြင်ရင် ပြောင်းချင်စိတ် မရှိရင် အဆင်ပြေပေမယ့် နောက်ဆုံးထွက်တဲ့ Accessories လေးတွေ သုံးချင်တယ်၊ ဒီဇိုင်းကို ပြောင်းချင်တယ်ဆိုရင်တော့ အချိန်အရမ်းစောပြီး မအပ်ပါနဲ့။ (၆)လလောက် အလိုမှာ အပ်ထားပြီး (၅) လလောက်မှာ ဒီဇိုင်းသေချာ ရွေးချယ်လိုက်ပါ။ သူစတင် ချုပ်မယ့် အချိန်နဲ့ ကိုယ့်လက်ထဲ ရောက်မယ့်အချိန် ကိုက်ညီနေရင် ရပါပြီ။ မင်္ဂလာပွဲနေ့ မတိုင်ခင် (၃) ပတ် အလိုမှာ ဝတ်စုံ လက်ထဲရောက်ရင် အကောင်းဆုံးပါ။

မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့ အနောက်တိုင်းဝတ်စုံ ရွေးချယ်တဲ့အခါ ဒီအချက်တွေ သိထားဖို့ လိုတယ်နော်။ ဒါမှ ရွေးချယ်မမှားမှာပါ။

Comments

0 comments