Advertisement

အရောင်ကိုပဲ တူညီတာရွေးပေးပြီး ဝတ်စုံပုံစံလေးတွေကိုတော့ မတူတာ ရွေးချယ်ပေးလိုက်တာက ပိုပြီး လှပကျော့ရှင်းတဲ့သတို့သမီးအရံလေးများဖြစ်စေနိုင်ပါတယ်

တစ်နှစ်နဲ့ တစ်နှစ်ရဲ့ ဖက်ရှင် ရေစီးကြောင်းကတော့ ကွဲပြားသွားနေကျဖြစ်ပါတယ်။ ဒီနှစ်မှာ ခေတ်စားတာတွေက နောက်နှစ်ကျ နောက်ထပ်ပုံစံသစ်တွေက အစားပြန်နေရဝင်ယူသွားတတ်ပါတယ်။ ၂၀၁၈ အတွက် ရွေးချယ်သင့်တဲ့သတို့သမီးအရံဝတ်စုံလေးများကို Marry ကနေ ဝေမျှပေးချင်ပါတယ်။

 

 

သတို့သမီးဝတ်စုံလေးတွေအတွက်ကတော့ အရောင်တောက်တောက်ရွေးချယ်တာမျိုး ရှားပါတယ်။ သတို့သမီးအရံဆိုတာက သတို့သမီးလေးအလှကို အကောင်းဆုံး ပံပိုးပေးရမယ့်တာဝန် ရှိပါတယ်။ အာ့တာကြောင့် သတို့သမီးအရံ ဝတ်စုံတွေကို အရောင်နုနုနဲ့ တည်တည်ငြိမ်ငြိမ်ပုံစံတွေကို အသားပေးရွေးချယ်တတ်ရမှာပါ။

 

 

မင်္ဂလာပွဲနဲ့ အဖြူရောင်၊ အဖြူရောင်နဲ့ မင်္ဂလာပွဲဆိုတာက လိုက်ဖက်ညီလွန်းလှတဲ့ အလိုက်ဖက်ဆုံးအရောင်တွေထဲက တစ်ခုလို့တောင် ဆိုလို့ရပါတယ်။ အဖြူရောင် သတို့သမီးအရံဝတ်စုံလေးများကိုမှ လည်ပင်းပုံစံအစုံကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

 

 

သတို့သမီးအရံလေးများရဲ့ ဝတ်စုံပုံစံကိုလည်း အကုန်လုံး တစ်ပုံစံတည်း ရွေးချယ်တာထက် အရောင်ကိုပဲ တူညီတာရွေးပေးပြီး ဝတ်စုံပုံစံလေးတွေကိုတော့ မတူတာ ရွေးချယ်ပေးလိုက်တာက ပိုပြီး လှပစေပါတယ်။

 

 

သွယ်သွယ်လျလျသတို့သမီးအရံလေးများ အတွက်ကတော့ လည်ပင်းပေါက်ခပ်ကျယ်ကျယ်၊ နောက်ကျောပြောင်ပုံစံ၊ ကြိုးတစ်လုံးပုံစံလေးတွေက လိုက်ဖက်မှု အရှိဆုံးပုံစံပဲ ဖြစ်ပါတယ်။ အရောင်တွေထဲမှာလည်း ပြောင်လေးတွေက ကြည့်လို့ အကောင်းဆုံးရွေးချယ်စရာတွေပါပဲ။

 

 

Marry ကနေ၂၀၁၈ အတွက် ရွေးချယ်သင့်တဲ့သတို့သမီးအရံဝတ်စုံပုံစံများကို ဝေမျှလိုက်ရပါတယ်။ မင်္ဂလာပွဲမှာ အလှဆုံး လှနေမယ့်သတို့သမီးလေးအလှကို အကောင်းဆုံးပံ့ပိုးပေးမယ့် သတို့သမီးအရံလေးများအတွက် အကောင်းဆုံးရွေးချယ်မှုပဲကို Marry နဲ့အတူပြုလုပ်လိုက်ပါနော်။

Comments

0 comments