Advertisement
မင်္ဂလာဝတ်စုံ ဝယ်ပြီးမှ စိတ်တိုင်းမကျ မဖြစ်ချင်ဘူးဆိုရင်

ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ ဝတ်စုံကြောင့် စိတ်ဖိစီးမှုတွေ မဖြစ်ရလေအောင် အခုပြောပြထားတဲ့ အချက်လေးတွေကို သေချာလိုက်နာကြည့်ဖို့ လိုပါတယ်။ ဒါမှ ဝယ်ပြီးမှ မင်္ဂလာဝတ်စုံ မြင်တိုင်း စိတ်မညစ်ရမှာပါ။

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ဆိုတာ သတို့သမီးလေးတို့ရဲ့ အိမ်မက်ပဲမလားနော်။ သတို့သမီးလေးတို့အတွက် မင်္ဂလာဝတ်စုံဆိုတာ အရင်ကတည်းက မင်္ဂလာဆောင်ရင် ဘယ်လိုအရောင်လေး ဝတ်မယ်၊ ဘယ်လိုဒီဇိုင်းလေး ချုပ်မယ်ဆိုပြီး စိတ်ကူးယဉ်ထားရတာမလား။ ဒီလိုမျိုး မင်္ဂလာဝတ်စုံကို ဝယ်ပြီးမှ စိတ်ထဲမှာ အဆင်မပြေမဖြစ်ရလေအောင်နဲ့ စိတ်မညစ်ရအောင် ဝယ်တဲ့အခါ သိရမှာတွေ ရှိပါတယ်။

ကုန်ကျစရိတ်

ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး သတို့သမီးလေးတို့ နောင်တရတတ်ပါသေးတယ်။ များသွားပြီလို့ ထင်တာ၊ နည်းများနည်းသွားလားလို့ ထင်တာတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ ဘတ်ဂျက်ထဲ ဝင်အောင်ဆိုပြီး ရွေးပြီးမှ တခြားတထည်ကို ကြိုက်မိတာမျိုး ရှိပါတယ်။ ဒါပေမယ့်လည်း ဘတ်ဂျက်ထဲဝင်တာကို ရွေးချယ်ပြီးမှ ကိုယ့်စိတ်ကြိုက်လေး ယူလိုက်ရင် ကောင်းသားလို့ တွေးနေမိတတ်ပါတယ်။

သက်တောင့်သက်သာ မရှိတာ

သတို့သမီးလေးတို့ ဝတ်စုံရွေးချယ်တဲ့အခါ သက်တောင့်သက်သာ မရှိတဲ့ ဝတ်စုံကို ရွေးချယ်မိတာကလည်း နောင်တ ရစေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။ ဒီဇိုင်းလေးရော၊ ကုန်ကျစရိတ်ရော အဆင်ပြေလို့၊ ကြိုက်လို့ဆိုပြီး ဝယ်ပြီးကာမှ ဝတ်တဲ့အခါ ရင်ဟိုက်နေတာ၊ ကျပ်နေတာ၊ ချောင်နေတာ အစရှိတာတွေ ဖြစ်ပြီး သက်တောင့်သက်သာ မရှိလို့ စိတ်ညစ်ပြီး ရွေးမိတာ မှားလေခြင်းလို့ တွေးတတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် Fitting ချကတည်းက သေချာသတိထားဖို့ လိုပါတယ်။

ထိန်းသိမ်းရ ခက်တာ

သတို့သမီးလေးတို့ ဝတ်စုံကို အပိုင်ဝယ်လိုက်တယ်ဆိုရင် သေချာပေါက် ထိန်းသိမ်းရ ခက်မှာပါ။ ဝတ်စုံက လျှော်ရခက်တာ၊ ထိန်းသိမ်းဖို့ နေရာကျယ်ကျယ် လိုတာမျိုးတွေ ရှိတတ်ပါတယ်။ ဝယ်ပြီးမှ အသစ်ချုပ်အငှားပဲ ရွေးချယ်လိုက်ရင် ကောင်းသားလို့ တွေးမိတတ်ပါတယ်။ အဲဒါကြောင့် မဝယ်မိခင်ကတည်းက သေချာစဉ်းစားပါ။

ကိုယ့်စိတ်ကြိုက်မဟုတ်ဘဲ တခြားသူတွေကြိုက်တာ

သတို့သမီးလေးတို့ စိတ်ကြိုက်မဟုတ်ဘဲ မေမေကြိုက်လို့၊ ယောက္ခမက ဒါလေးနဲ့ ပိုလိုက်တယ်ပြောလို့ ဝတ်စုံရွေးချယ် ဝယ်ယူမိတာမျိုး ရှိပါတယ်။ အဲဒါက တကယ်တမ်း ပွဲနေ့ဝတ်တဲ့အခါကျမှ ကိုယ်ကြိုက်တဲ့အရောင်၊ ဝတ်စုံ မဟုတ်ဘူးဆိုပြီး နောင်တရနေတတ်ပါတယ်။ မင်္ဂလာပွဲနေ့ ဓါတ်ပုံတွေပြန်ကြည့်ရင်လည်း ကိုယ့်စိတ်ကြိုက်ဝတ်စုံ မဟုတ်လို့ စိတ်ထဲ မပျော်သလို ဖြစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဝတ်စုံသွားရွေးရင် လူအများကြီး မခေါ်သွားပါနဲ့။

ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ ဝတ်စုံကြောင့် စိတ်ဖိစီးမှုတွေ မဖြစ်ရလေအောင် အခုပြောပြထားတဲ့ အချက်လေးတွေကို သေချာလိုက်နာကြည့်ဖို့ လိုပါတယ်။ ဒါမှ ဝယ်ပြီးမှ မင်္ဂလာဝတ်စုံ မြင်တိုင်း စိတ်မညစ်ရမှာပါ။

Comments

0 comments