မင်္ဂလာပွဲနီးမှ သတို့သမီးလေးတို့ ဆံပင်ပြုပြင်ချင်တယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲနီးမှ ဆံပင်ပြုပြင်ချင်တဲ့ သတို့သမီးလောင်းလေးတို့အတွက် ပြုပြင်တဲ့အခါ သိထားရမယ့် အချက်တွေနော်။ 

သတို့သမီးလောင်းလေးတို့ရေ  မင်္ဂလာပွဲနီးရင် မျက်နှာ၊ ဆံပင်၊ လက်သည်း အားလုံးက အကောင်းဆုံး ဖြစ်နေဖို့ လိုတယ်နော်။ မင်္ဂလာပွဲနီးမှ ကိုယ့်ဆံပင်က ပျက်စီးလာတာ၊ အရောင်ဆိုးထားရင်လည်း အရောင်တွေ မညီတော့တာ၊ မကြိုက်တော့တာ အစရှိသလိုတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်ကျမှ ဆံပင်ကို ပြုပြင်မယ်ဆိုရင် ဘာတွေ လုပ်ဆောင်လို့ ရမလဲဆိုတာ ပြောပြပေးမယ်နော်။

ဆံထုံး ထုံးပေးမယ့်သူနဲ့ တိုင်ပင်ပါ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနီးမှ ဆံပင်အတွက် ပြင်ချင်တယ်ဆိုရင်တော့ ဘယ်လိုပုံစံ ပြင်လို့ ရမလဲဆိုတာ ဆံထုံး ထုံးပေးမယ့် သူနဲ့ တိုင်ပင်ပါ။ ကောက်တာ၊ ဖြောင့်တာနဲ့ ညှပ်တာတွေ လုပ်လို့ ရမရ ဆံထုံးထုံးပေးမယ့်သူသာ အသိဆုံးပါ။ ကိုယ့်မင်္ဂလာပွဲမှာ ထုံးလို့ ရမယ့် အနေအထားနဲ့ ကိုယ်ညှပ်မယ့် ပုံစံနဲ့ အဆင်ပြေမပြေဆိုတာ ဆံထုံး ထုံးပေးမယ်သူနဲ့ တိုင်ပင်ပါနော်။

ဆံထုံး ထုံးပေးမယ့်သူနဲ့ တိုင်ပင်ပါ (photo: parenting.firstcry.com)

ဆံပင်အရောင်

သတို့သမီးလောင်းလေးတို့ရေ ဆံပင်အရောင် မညီတာကတော့ မင်္ဂလာပွဲမှာ မလှနိုင်ပါဘူးနော်။ ဆံပင်ဆိုးထားပြီး နောက်ထပ်ထွက်လာတဲ့ ဆံပင်က အရောင်မည်းနေတယ်ဆိုရင် အရောင်မညီညာတာ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရေင်တော့ ထွက်လာတဲ့ ဆံပင်တွေကို ပြန်ဆိုးမလား၊ အရောင်ချွတ်ပစ်မလားဆိုတာ စဉ်းစားရမှာပါ။ ဘယ်လိုအရောင်ပဲ ပြောင်းပြောင်း မင်္ဂလာပွဲအတွက် စဉ်းစားပါ။

Hair Re bonding (photo: 123rf.com)

Hair Re bonding

ဆံပင်က ဖြောင့်ထားပြီး အကောက်သားတွေ ပြန်ထွက်လာတယ်၊ အကောက်တွေ ပြန်ပြေနေပြီဆိုရင်တော့ ညှပ်ပစ်လိုက်တာမျိုး မလုပ်ဘဲ Hair Re bonding လုပ်တာမျိုးသာ လုပ်ပါ။ Hair Rebonding လုပ်မယ်ဆိုရင်လည်း မင်္ဂလာပွဲရက်နဲ့ နည်းနည်းတော့ ခွာလုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် မင်္ဂလာပွဲအတွက် ဆံထုံးမှာ သုံးတဲ့ Spray တွေနဲ့ မတည့်တာ အဆင်မပြေတာတွေ ဖြစ်နိုင်တာကြောင့်ပါ။

ညှပ်မယ်ဆိုရင် (photo: 123rf.com)

ညှပ်မယ်ဆိုရင်

မင်္ဂလာပွဲနီးမှ ဆံပင်ညှပ်ချင်တယ်ဆိုရင်တော့ ဆံထုံး ထုံးလို့ ရလောက်မယ့် အနေအထား ညှပ်ပါ။ သတိထားရမှာကတော့ အနောက်ဘက်ဆံပင်အရှည် တိုသွားတာက အတုတပ်လို့ ရပေမယ့် အရှေ့ဆံပင်အဖျားလေးတွေကတော့ အတုတပ်လို့ မရပါဘူးနော်။ ကိုယ့်ရဲ့ ဆံပင်စမြိတ်အစစ်လေးကသာ ပိုလှပြီး နေရထိုင်ရတာလည်း အဆင်ပြေတာပါ။ အဲဒါကြောင့် ညှပ်မယ်ဆိုရင်တောင် အရှေ့ဆံပင်တွေကိုတော့ လုံးဝ မညှပ်ပါနဲ့နော်။

မင်္ဂလာပွဲနီးမှ ဆံပင်ပြုပြင်ချင်တဲ့ သတို့သမီးလောင်းလေးတို့အတွက် ပြုပြင်တဲ့အခါ သိထားရမယ့် အချက်တွေနော်။ 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords