Advertisement

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲရက်မှာ ရာသီလာမှာစိုးလို့ ရာသီလာရက်ကို ရွှေ့ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေ့နော်။

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲနေ့အတွက် စိုးရိမ်ပူပန်ကြတဲ့အချက်တွေထဲမှာ တစ်လတစ်ခါကြုံရတဲ့ ရာသီလာတာလည်း ပါဝင်မှာပါ။ သတို့သမီးလောင်းလေးတို့အနေနဲ့လည်း မင်္ဂလာပွဲရက်ကို ဘက်ပေါင်းစုံကနေ စီစဉ်ရတော့ ရာသီလာရက်ကို ချက်ချင်းမတွေးမိလောက်ပါဘူး။ မင်္ဂလာဆောင်ဖို့ ရက်နည်းနည်းပဲ လိုမှ ရာသီလာရက် ဖြစ်နေပြီး စိတ်တွေ ညစ်နေရပြီဆိုရင်တော့ အဲဒီရက်မှာ ရာသီမလာအောင် ရက်ရွေ့လို့ ရပါတယ်နော်။

ရာသီလာရက်ရွေ့ချင်ရင် (photo: Flo)

နေ့စဉ်တားဆေးကတ် သောက်တာ

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်ရက်က ရာသီလာရက်နဲ့ တိုက်နေတယ်ဆိုရင်တော့ နေ့စဉ်သောက်ဆေးကတ် သောက်ပြီး ရွေ့တာမျိုး လုပ်လို့ ရပါတယ်နော်။ နေ့စဉ်တားဆေးကတ်မှာ စုစုပေါင်း(၂၈) လုံး ပါဝင်ပြီး အဖြူရောင် (၂၁) လုံးနဲ့ အညိုရောင်(၇) လုံး ပါဝင်ပါတယ်။ အဲဒီ အဖြူရောင်ဆေးလုံးလေးတွေကတော့ ဟော်မုန်းပါဝင်ပြီး အညိုရောင်လေးတွေကတော့ ဟော်မုန်းမပါဝင်ပါဘူး။ ရာသီလာတဲ့ရက်ကို ရွှေ့ချင်တယ်ဆိုရင်တော့ အဲဒီအဖြူရောင် ဆေးလုံးကတ်လေးကို တနေ့တလုံး ရာသီရက်ရွေ့ချင်တဲ့အထိ သောက်သွားပေးပါ။ မင်္ဂလာပွဲရက် ပြီးပြီဆိုရင်တော့ ဆေးကတ်သောက်တာကို ရပ်လိုက်လို့ ရပါပြီနော်။

သတိပြုရမယ့်အချက် (photo: Star2.com)

သတိပြုရမယ့်အချက်

သတို့သမီးလောင်းလေးတို့ရေ ဆေးက ဟော်မုန်းပါတဲ့ ဆေးမို့ ရာသီလာတာ အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့အပြင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်နော်။

ဆရာဝန်နဲ့ တိုင်ပင်ပါ (photo: cancertherapyadvisor.com)

ဆရာဝန်နဲ့ တိုင်ပင်ပါ

သတို့သမီးလေးလောင်းလေးတို့ သောက်မယ်ဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ဖို့ လိုပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ရက်၊ ဆေးကို တိတိကျကျ လိုက်နာပြီး သောက်ဖို့ လိုပါတယ်နော်။ ရာသီလာရက်ကို မရွေ့ချင်ဘူး ရာသီအလာနည်းချင်တာမျိုးဆိုရင်လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ဆွေးနွေးပါ။

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲရက်မှာ ရာသီလာမှာစိုးလို့ ရာသီလာရက်ကို ရွှေ့ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေ့နော်။

Comments

0 comments