Advertisement

မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့ အထောက်အကူပြုပေးမယ့် လက်ဝတ်ရတနာတွေ အရွေးမမှားရအောင် ဒီနည်းလမ်းလေးတွေနဲ့ ရွေးကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်။

 မင်္ဂလာပွဲနေ့မှာ လှပတဲ့ သတို့သမီးလေး တစ်ဦးဖြစ်ဖို့အတွက် လက်ဝတ်လက်စား၊ လက်ဝတ်ရတနာတွေကလည်း အရေးကြီးတာပဲ မဟုတ်လားနော်။ သတို့သမီးလေးတို့အနေနဲ့ လက်ဝတ်လက်စားအတွက် စဉ်းစားတဲ့အခါမှာလည်း ရွေးချယ်စရာတွေ များလွန်းပါတယ်။ ဘယ်လိုပုံစံလေး ရွေးချယ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

အရောင်

လက်ဝတ်လက်စား ရွေးချယ်တဲ့အခါမှာ ကျောက်မျက်ရတနာရဲ့ အရောင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။လက်ဝက်လက်စားရဲ့ အရောင်နဲ့ ဝတ်စုံရဲ့အရောင်လည်း လိုက်ဖက်အောင် ဝတ်ဆင်ရမှာပါနော်။ တချို့ကတော့လည်း လက်ဝတ်ရတနာရဲ့ အရောင်ကိုလိုက်ပြီး ကြည့်ကြပါတယ်။

သတိပြုရမယ့်အချက်

သတို့သမီးလောင်းလေးတို့ သတိပြုရမယ့် အချက်ကတော့ ဝတ်စုံရဲ့ လည်ပင်းပုံစံပါ။ လည်ပင်းဟိုက်တာလေးတွေဆိုရင်တေ့ာ ဆွဲကြိုးက ကြီးတာ ရှည်တာ ပြဿနာ မရှိပေမယ့် ဝတ်စုံရဲ့ လည်ပင်းက အပြည့်ဖြစ်နေတယ်၊ လည်ဆွဲက ရှည်နေတယ်ဆိုရင် ထောက်နေတာမျိုး ဖြစ်နေပြီး မလှနိုင်ပါဘူး။ ဒီတော့ ဝတ်စုံရဲ့လည်ပင်းက နည်းနည်းလေး ဟိုက်မယ်(လည်ပင်းပေါက်ကျယ်မယ်) ဆိုရင် ဆွဲကြိုးဘယက်အတွက် အဆင်ပြေမှာပါ။

သတိပြုရမယ့်အချက်

သတိပြုရမယ့်အချက်

ဒီဇိုင်း

သတို့သမီးလောင်းလေးတို့ရေ ဒီဇိုင်းနဲ့ ပက်သတ်ပြီးတော့လည်း သတို့သမီးလောင်းလေးတို့ သေချာလေး ရွေးချယ်ရမှာပါ။ ဆွဲကြိုးကို နှစ်ဆင့်ပုံစံ ဆွဲမလား၊ ကျောက်သေးတာကိုများများ ဆွဲမလား၊ ကျောက်ကြီးတာကိုပဲ ရွေးချယ်မလား။ ရွေးချယ်စရာတွေ များပါတယ်နော်။ သတို့သမီးလေး ပြည့်တဲ့ပုံစံလေး ဖြစ်ချင်တယ်ဆိုရင်တော့ ကျောက်ကြီးတာကိုပဲ ရွေးချယ်ပါ။ နောက်ထပ် ရွေးချယ်စရာကတော့ နှစ်ဆင့် ပုံစံ ဆွဲတာပါ။ လည်တိုင်ရှည်တဲ့ သတို့သမီးလေးတွေကတော့ ဆွဲကြိုးကို နှစ်ကုံး နည်းနည်းခြားပြီး တစ်ရစ်စီ ဆွဲတဲ့ ပုံစံလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ဒီဇိုင်း

ဒီဇိုင်း

ရွေးချယ်ကြတဲ့အခါ

သတို့သမီးလောင်းလေးတို့အနေနဲ့ လက်ဝတ်လက်စား ရွေးချယ်တဲ့အခါမှာ ငှားမလား၊ အပိုင်ဝယ်မလားဆိုပြီး (၂) မျိုး ရှိပါတယ်။ ငှားမယ်ဆိုရင်တော့ ကိုယ့်ကို မိတ်ကပ်ပြင်ပေးမယ့်သူတွေနဲ့ တိုင်ပင်ပြီး သူတို့ဆီကနေပဲ လက်ဝတ်ရတနာပါ အပြည့်အစုံ ငှားလို့ ရပါတယ်နော်။ ဝယ်မယ်ဆိုရင်တော့ ဝတ်စုံကို အရင်ဆုံး ရှာရမှာပါ။ ဝတ်စုံ ရပြီးမှသာ လက်ဝတ်လက်စား ရွေးချယ်ပေးပါ။ အစစ်ဝတ်မယ်ဆိုရင်တော့ ဝတ်စုံနဲ့လိုက်ဖက်တဲ့ ပုံစံလေးသာ ရွေးပါ။

ချစ်တို့ရေ မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့ အထောက်အကူပြုပေးမယ့် လက်ဝတ်ရတနာတွေ အရွေးမမှားရအောင် ဒီနည်းလမ်းလေးတွေနဲ့ ရွေးကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်။

Comments

0 comments