Advertisement

 ရှောင်ရမယ့် အစားအစာတွေကို အတိအကျ သိဖို့တော့ လိုပါတယ်။ အစားရှောင်တာနဲ့ ပတ်သက်ပြီး တချို့သတို့သမီးလေးတွေက ထမင်းလုံးဝ မစားတာမျိုး ရှိပါတယ်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်တော့မယ်ဆိုရင် အလှဆုံး ဖြစ်နေစေဖို့ ပိန်ပိန်ပါးပါးလေး ဖြစ်ချင်ကြတယ်မလား။ သတို့သမီးလေးတို့ နည်းလမ်းကောင်းတွေနဲ့ ပိန်ဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ်ဘယ်လောက်ပဲ ပိန်အောင် ကြိုးစားကြိုးစား မပိန်လာနိုင်ဘူးလေနော်။ ဒီတော့ သတို့သမီးလေးတို့ ဝိတ်ချမယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေက မှန်လဲ၊ မှားလဲဆိုတာ သိဖို့ လိုပါတယ်။

Gym တစ်မျိုးပဲ ဆော့တာ  (photo: medicalnewstoday.com)

အစားလုံးဝ မစားတာ

ခန္ဓာကိုယ် ပိန်သွားအောင် Diet လုပ်တာ မှန်ပေမယ့် အစားလုံးဝ မစားတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ သတို့သမီးလေးတို့ရဲ့ အစာအိမ်က ချေဖျက်ဖို့အတွက်တော့ အစာလိုအပ်ပါတယ်။ အစားလုံးဝမစားတာက ဇီဝဖြစ်စဉ်ကို ထိခိုက်စေပြီး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစားလုံးဝ မစားတာက ဝိတ်ချတာအတွက် နည်းလမ်းအမှားပါ။

အစားရှောင်တာ

သတို့သမီးလေးတို့ ဝိတ်ချပြီဆိုရင် အစားရှောင်တာမျိုး လုပ်လေ့ရှိကြပါတယ်။ ဝိတ်ကျဖို့အတွက် အစားရှောင်တာမျိုး လုပ်ရမှာဆိုပေမယ့် ရှောင်ရမယ့် အစားအစာတွေကို အတိအကျ သိဖို့တော့ လိုပါတယ်။ အစားရှောင်တာနဲ့ ပတ်သက်ပြီး တချို့သတို့သမီးလေးတွေက ထမင်းလုံးဝ မစားတာမျိုး ရှိပါတယ်။ ထမင်းမစားပေမယ့် တခြားသကြားဓါတ် ပါတာတွေနဲ့ ကာဗိုလ်ဟိုက်ဒရိတ် ပါတာတွေ စားနေမယ်ဆိုရင်လည်း ထင်သလောက် ဝိတ်ကျမှာ မဟုတ်ပါဘူး။ ဒီတော့ အစားရှောင်မယ်ဆိုရင် ကာဗိုလ်ဟိုက်ဒရိတ်နဲ့ သကြားဓါတ်ပါတဲ့ အစားအစာတွေကို ရှောင်ရပါမယ်နော်။ အစားရှောင်တဲ့နည်းမှန်ဖို့ လိုပါတယ်။

သတို့သမီးလေးတို့ နည်းလမ်းအမှားတွေနဲ့ ဝိတ်ချနေတာမျိုး မဖြစ်ရအောင်  (photo: medicalnewstoday.com)

 

ချက်ချင်းကျစေမယ့် နည်းလမ်းတွေ

သတို့သမီးလောင်းလေးတို့ရေ ချက်ချင်းကျစေမယ်လို့တော့ မတွေးထားပါနဲ့နော်။ အမြဲတမ်း ရှိနေခဲ့တဲ့ အဆီတွေဟာ ချက်ချင်းတော့ မကျသွားနိုင်ပါဘူး။သတို့သမီးလောင်းလေးတို့  ဝိတ်ချတဲ့အခါမှာ စိတ်ရှည်ရှည်ထားဖို့ လိုပါတယ်။ ပိန်ဆေးတွေ အလွန်အကျွံသောက်တာ၊ ဆေးထိုးတာတွေ လုပ်မယ်ဆိုရင်လည်း သေချာ သိထားပြီးမှ သောက်တာ၊ ထိုးတာ လုပ်ပါ။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာမျိုး လုပ်ပါ။

အစားရှောင်တာ (photo: medicalnewstoday.com)

Gym တစ်မျိုးပဲ ဆော့တာ

Gym ဆော့တာက ဝိတ်ကျစေပါတယ်။ ဒါပေမယ့် ကိုယ်က အမြန်ကျချင်တယ်ဆိုရင်တော့ Gym ဆော့ပြီးတဲ့အပြင် အစားအသောက်ကို ထိန်းပြီးစားတာမျိုး လုပ်ပါ။ Gym လည်းဆော့ အစားအသောက်လည်း ထိန်းတာက မှန်ကန်တဲ့ နည်းလမ်းပါနော်။

သတို့သမီးလေးတို့ နည်းလမ်းမှန်မှန်နဲ့ ဝိတ်ကျချင်တယ်ဆိုရင်တော့ သိဖို့ လိုပါတယ်နော်။

Tags: advicebeautybridewellness

Comments

0 comments