Advertisement

မင်္ဂလာပွဲမှာ အလှဆုံး၊ အရွှင်လန်းဆုံး ဖြစ်နေစေဖို့အတွက် သတို့သမီးလေးတွေ အနေနဲ့  ဗီတာမင်တွေ စုံလင်အောင် စားသောက်ပေးဖို့ လိုအပ်ပါတယ်။

 

အာဟာရ ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်

သတို့သမီးလောင်းလေးတို့ရေ ဝတ်စုံလေးတွေ တိုင်းနဲ့ လိုက်ဖက်မှု ရှိစေဖို့၊ ဓာတ်ပုံတွေ ထဲမှာ အလှဆုံး ဖြစ်နေစေဖို့ သတို့သမီးလောင်းလေးတွေက ကိုယ်အလေးချိန်ကို အရေးတကြီး လျှော့ချသင့်တယ် ဆိုပေမယ့် စီစဉ် ဆောင်ရွက်စရာတွေ များပြားလှတဲ့ မင်္ဂလာပွဲရက်တွေမှာ ပင်ပန်းတဲ့ဒဏ်ကို အပြုံးမပျက် တွန်းလှန်နိုင်ဖို့အတွက် အာဟာရ ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာက ကိုယ်အလေးချိန် ကျစေဖို့ အစားစားတာကို လုံးဝ လျှော့ပစ်လိုက်တာမျိုး မလုပ်ဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစားအစာနဲ့ မလိုအပ်တဲ့ အစားအစာ ဆိုတာတွေကို ခွဲခြားပြီး ချင့်ချိန် စားသောက်ပေးဖို့ ပါပဲ။

ဗီတာမင်တွေ စုံလင်အောင် စားသောက်ပေးဖို့ လိုအပ်ပါတယ်

စားသောက်တဲ့ အခါမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ စုံလင်အောင် စားပေးသင့်ပါတယ်။ ဗီတာမင်ဓာတ်တွေက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်တွေ ဖြစ်တာမို့ ဗီတာမင် ချို့တဲ့မယ်ဆိုရင် ကိုယ်ခန္ဓာနဲ့ အလှအပ အတွက် ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမှာ အလှဆုံး၊ အရွှင်လန်းဆုံး ဖြစ်နေစေဖို့အတွက် သတို့သမီးလေးတွေ အနေနဲ့  ဗီတာမင်တွေ စုံလင်အောင် စားသောက်ပေးဖို့ လိုအပ်ပါတယ်။

 

ဗီတာမင် စုံလင်အောင် စားသောက်ပေးရမှာက သတို့သမီးလေးတို့ တာဝန်နော်

ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လို ဗီတာမင်တွေ လိုအပ်နေသလဲ ဆိုတာကိုတော့ ကိုယ်တိုင် မသိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ အစားအစာ အပြင် ဖြည့်စွက် အာဟာရနဲ့ ဗီတာမင်ဆေးတွေကိုလည်း လိုအပ်သလို မှီဝဲပေးသင့်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင် ပမာဏ ပြည့်မှီပြီး ဗီတာမင် ချို့တဲ့ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အလားအလာတွေကိုလည်း တားဆီးပြီးသား ဖြစ်မှာပါ။

မျက်နှာနဲ့  ခန္ဓာကိုယ် အတွက်ပါ မကဘဲ ဆံပင်၊ ခြေသည်း၊ လက်သည်းနဲ့ အသားအရောင် အတွက်လည်း ဗီတာမင်ဓာတ်တွေက အကောင်းဆုံး အကျိုးပြုနိုင်တဲ့ အတွက် ဗီတာမင် စုံလင်အောင် စားသောက်ပေးရမှာက သတို့သမီးလေးတို့ တာဝန်နော်။

Tags: advicebeautybridefoodhealth

Comments

0 comments