Advertisement

မဂၤလာဝတ္စံု မဝတ္ခင္မွာ အက်ႌလွလွေလး ဝတ်ထားဖို့ မမေ့ပါနဲ့နော်။ ဒါမှ မင်္ဂလာဝတ်စုံလေးနဲ့ ဓါတ်ပုံတွဲရိုက်တဲ့အခါမှာ လှလှပပလေး ဖြစ်နေမှာပါ

သတို့သမီးလေးတို့ရေ ခန်းမထဲမှာ အလှဆုံးသတို့သမီးလေး တစ်ဦးဖြစ်ဖို့ မင်္ဂလာဝတ်စုံ လှလှလေး လိုတယ်မလား။ မင်္ဂလာဝတ်စုံ လှလှလေး ဝတ်ပြီး ပွဲထွက်ရမယ်ဆိုတော့ မင်္ဂလာဝတ်စုံကို သေချာပြင်ဆင်ထားဖို့ လိုတယ်လေ။ ဒီတော့ မင်္ဂလာဝတ်စုံ မဝတ်ခင်မှာ သတို့သမီးလေးတို့ ဘာတွေလုပ်ထားဖို့ လိုမလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာဝတ်စုံ မဝတ်ခင်မှာ လုပ်သင့်တာတွေ(photo: ဒေါက်တာပြည့်ပိုင်ဟိန်းနဲ့ ဒေါက်တာမေသူဇင်)

 

မိတ်ကပ်နဲ့ ဆံပင်

သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံ မဝတ်ခင်မှာ မိတ်ကပ်လိမ်းထားဖို့ လိုပါတယ်နော်။ ဒါကလည်း သတို့သမီးလေးတို့ရဲ့ ဝတ်စုံပေါ်ကိုတော့ မူတည်ပါတယ်။ အများစုကတော့ မိတ်ကပ်လိမ်းပြီးမှ ဝတ်စုံဝတ်လေ့ရှိကြပါတယ်။ ဆံပင်ကတော့ မင်္ဂလာဝတ်စုံ ဝတ်ပြီးမှ ပြင်တာ ပိုပြီးတော့ အဆင်ပြေမှာပါနော်။ ဒါမှ ထုံးဖွဲ့ထားတဲ့ ဆံထုံးတွေ ဝတ်စုံကြောင့် မပျက်မှာပါ။

အခက်မကြုံအောင် အပေါ့သွားထားပါ

 ဒီလိုမျိုး စိတ်လှုပ်ရှားမှုတွေ ကြုံတွေ့ရတဲ့အခါမှာ အပေါ့သွားချင်သလိုလို အိမ်သာတက်ချင်သလိုလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သတို့သမီး ဝတ်စုံကြီး ဝတ်ပြီးတဲ့အခါမှာဆိုရင်တော့ အပေါ့သွားဖို့က ခက်ခဲနိုင်ပါတယ်။ ခဏခဏ ဝတ်စုံကြီးနဲ့ သွားမယ်ဆိုရင် အလှပျက်နိုင်သလို စိတ်လည်းရှုပ်ရမှာပါ။ ဒါကြောင့် ကြိုတင်ပြီး အပေါ့သွားပါ။ သတို့သမီးလေးတို့အနေနဲ့ ရွေးချယ်ထားတဲ့ ဝတ်စုံက ထိုင်မသိမ်းဆိုရင်တော့ အဆင်ပြေပါတယ်။ ထိုင်မသိမ်းက ပတ်ထမီဆိုရင်တော့ အပေါ့သွားရတာ  လွယ်ကူနိုင်ပါတယ်။ ဂါဝန်အကားကြီးတွေ ဆိုရင်တော့ အပေါ့သွားဖို့က ခက်နိုင်ပါတယ်။ ဒါကြောင့် ဝတ်စုံမဝတ်ခင်မှာ အပေါ့သွားပါ။ ဝတ်စုံဝတ်ပြီးရင် အပေါ့သွားဖို့ကို စိတ်မရောက်နေပါနဲ့နော်။

မိတ်ကပ်နဲ့ ဆံပင် (photo: Calvin Waiyan)

ဓါတ်ပုံရိုက်ဖို့ မမေ့ပါနဲ့

ခုခေတ်မှာ အလှပြင်ပြီးနောက်ပိုင်း ဝတ်စုံမဝတ်ခင် အလှအင်္ကျီတွေ ဝတ်ပြီး ဝတ်စုံလေးနဲ့ အမှတ်တရ ဓါတ်ပုံရိုက်တာတွေ ရှိပါတယ်။ ဒီလိုပုံလေးတွေ လိုချင်တယ်ဆိုရင်တော့ ဝတ်စုံမဝတ်ခင် လုပ်ရမှာပါနော်။ တသက်မှာတစ်ခါသာ ရတဲ့ အမှတ်တရ ဖြစ်တာမို့ အမိအရ မှတ်တမ်းတင်ထားဖို့ လိုပါတယ်နော်။ သတို့သမီးလေးတို့အနေနဲ့ ဝတ်စုံလှလှလေး စီစဉ်ထားတယ်ဆိုရင် ဓါတ်ပုံရိုက်ဖြစ်အောင် ရိုက်ပါ။

အလှအင်္ကျီဝတ်ထားဖို့ မမေ့ပါနဲ့

မင်္ဂလာဝတ်စုံ မဝတ်ခင်မှာ အင်္ကျီလှလှလေး ဝတ်ထားဖို့ မမေ့ပါနဲ့နော်။ ဒါမှ မင်္ဂလာဝတ်စုံလေးနဲ့ ဓါတ်ပုံတွဲရိုက်တဲ့အခါမှာ လှလှပပလေး ဖြစ်နေမှာပါ။ ခုနောက်ပိုင်းမှာတော့ Pajamas လိုမျိုးလေးတွေ သီးသန့်ရှာပြီး ဝတ်ကြပါတယ်နော်။

သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံ မဝတ်ခင်မှာ လုပ်သင့်တာတွေ မမေ့နဲ့နော်။

Comments

0 comments