Advertisement

မိတ်ကပ်ဆရာတွေထဲက ဘယ်သူ့ကို ရွေးရမယ် စဉ်းစားနေရရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့သူကို ရွေးချယ်လိုက်တော့နော်။

သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက် ခေါင်းအစားဆုံးကိစ္စကတော့ မိတ်ကပ်ဆရာ ရွေးချယ်ခြင်းပါပဲ။ မိတ်ကပ်ဆရာရွေးချယ်ပြီးဆိုရင်လည်း သတို့သမီးလေးတို့ (၃) ဦးလောက်တော့ ဇကာတင် ရွေးချယ်ထားဖြစ်ကြမှာပါ။ ဒီထဲကမှ ကိုယ့်စိတ်တိုင်းကျ  ရွေးချယ်ရမှာပါ။ ဒီတော့ စိတ်တိုင်းကျ ဖြစ်ဖို့ ဘယ်လိုရွေးရမလဲဆိုတာ သိထားသင့်ပါတယ်နော်။

အစမ်းပြင်ပေးမယ့်သူ

သတို့သမီးလောင်းလေးတို့ ရွေးချယ်ထားတဲ့ မိတ်ကပ်ဆရာတွေထဲကမှ အစမ်းပြင်ပေးမယ့်သူကို ရွေးချယ်ပါ။ ဒါက ပိုတိကျပြီး စိတ်ပူပန်စိုးရိမ်တာတွေလည်း လျှော့စေမှာပါ။ မိတ်ကပ် ဆံပင် အစမ်းပြင်ပေးတဲ့သူဆိုရင် အစမ်းပြင်ပြီးမှ မကြိုက်ရင် တခြားတစ်ယောက် ရွေးချယ်ခွင့် ထပ်ရနိုင်ပါတယ်။ ဒါကြောင့် အစမ်းပြင်ပေးမယ့်သူကို ဦးစားပေးပါ။

အစမ်းပြင်ပေးမယ့်သူ

အချိန်အတိကျနိုင်ဆုံးသူ

သတို့သမီးလောင်းလေးတို့ ဒီအချက်ကို ဦးစားပေး ရွေးချယ်ထားမှာ သေချာပါတယ်။ ဒီလိုရွေးချယ်ထားတဲ့သူတွေထဲမှာမှ ပိုပြီး အချိန်တိကျတဲ့သူကို ရွေးချယ်ပါ။ ဒီအချက်နဲ့ ပတ်သက်ပြီး Review လေးတွေ ဖတ်လို့ ရပါတယ်နော်။

ပြင်ထားပြီးသားပုံတွေ

ကိုယ်ရွေးချယ်ထားတဲ့ မိတ်ကပ်ဆရာတွေနဲ့ ပြင်ထားတဲ့ စီနီယာ သတို့သမီးလေးတွေဆီက ပုံလေးတွေ ယူကြည့်ပါ။ အဓိကအားဖြင့်တော့ ကိုယ့်အသားအရေနဲ့ တူလောက်တဲ့ စီနီယာသတို့သမီးလေးတွေဆီက ကြည့်ပါ။ ဒီလိုဆိုရင် ရွေးချယ်ရတာ ပိုပြီးတော့ လွယ်မှာပါ။

ဆံထုံး (photo: Luxe Spa Ottawa)

ဆံထုံး

မိတ်ကပ်တစ်ခုတည်းတော့ မဟုတ်ဘူးနော် ဆံထုံး ထုံးတဲ့အခါမှာရော အဆင်ပြေလား၊ ကိုယ်လိုချင်တဲ့ပုံစံ ထုံးပေးလား၊ တပည့်ထုံးပေးတာလား၊ ဆံထုံးအတွက် တခြားစရိတ်တွေ ထပ်ပေးဖို့လိုလားတွေလည်း စုံစမ်းပြီး ဆံထုံးအတွက်ပါ အဆင်ပြေမယ့် သူကို ရွေးပါနော်။

Honest review (photo: magdadesignsbeauty.net)

Honest review

အကောင်းဆုံး မိတ်ကပ်ဆရာတွေထဲက တစ်ယောက်ကို ရွေးရတာဆိုတော့ သတို့သမီးလေးတို့ စိတ်ရှုပ်ရမှာ အမှန်ပါပဲ။ ဒီတော့ Honest review များများ ဖတ်ကြည့်ပါ။ အဲဒီထဲကမှ အဆင်အပြေဆုံးကို ရွေးပါ။ ဒါက သတို့သမီးလေးတို့ စိတ်ချမ်းသာရမှာပါနော်။

ကုန်ကျစရိတ်

သတို့သမီးလေးတို့ မင်္ဂလာမိတ်ကပ်အတွက် ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရမှာပါနော်။ ဒါကလည်း သတို့သမီးလေးတို့အတွက် အရေးကြီးတဲ့အချက်ပါ။ နောက်ပြီး သတို့သမီးအရံလေးတွေကိုပါ ပြင်ပေးမှာဆိုတော့ သူတို့ရော အဆင်ပြေလားဆိုတာ ကြည့်ပါ။ ဒီလိုဆိုရင် ရွေးချယ်ရ လွယ်သွားမှာပါနော်။

ဝန်ဆောင်မှု

သတို့သမီးလေးတို့ရေ ဆက်ဆံရေး၊ ဝန်ဆောင်မှုမှာရော ဘယ်သူက ပိုပြီး အဆင်ပြေမလဲဆိုတာ စဉ်းစားပါ။ ဆက်ဆံရေး ပိုပြီး ကောင်းမွန်တဲ့သူကို ဦးစားပေး ရွေးချယ်ပါ။

မိတ်ကပ်ဆရာတွေထဲက ဘယ်သူ့ကို ရွေးရမယ် စဉ်းစားနေရရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့သူကို ရွေးချယ်လိုက်တော့နော်။

Comments

0 comments