ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်လေးတွေရေ အိမ်မှာ ဒီလိုလေးလုပ်ကြမယ်

by: Khin Nyein Lwin
 0 comments  0 love

ဒီနည်းလမ်းတွေ အကုန်လုံး အိမ်ထဲမှာ လုပ်လို့ရတဲ့ နည်းလမ်းတွေပါပဲနော်

 

ခြောက်သွေ့တဲ့ အသားအရေဟာ အသားအရေ နာကျင်ရောင်ရမ်းတာ၊ နီရဲတာ၊ အရေပြားကွာကျစေတာတွေအပြင် တစ်ခါတစ်ရံ အရေပြားပေါ်မှာ သွေးထွက်စေတဲ့အထိ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ မသုံးဖြစ်သေးရင် အိမ်မှာရှိတဲ့ ဘယ်လိုအရာလေးတွေက ချစ်တို့ရဲ့အသားအရေ ခြောက်သွေ့တဲ့ ဒါဏ်ကို ကုစားပေးသလဲဆိုတာ Marryရဲ့ကနေ ပြောပြပေးပါမယ်နော်။

သံလွင်ဆီ


သံလွင်ဆီဟာ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဆိုင်တွေမှာ ဝယ်နေတဲ့ အစိုဓါတ်ထိန်းခရင်မ်တွေမှာ အဓိက ပါဝင်တာလည်း သံလွင်ဆီပါပဲ။ ဒါပေမဲ့ သံလွင်ဆီကို အရေပြားပေါ်ကို  တိုက်ရိုက်လိမ်းတာ မကြိုက်ကြပါဘူး။ ဒါကြောင့် လတ်ဆတ်တဲ့ သံပုရာသီးကို အရည်ညှစ်ပြီး သံလွင်ဆီရယ် ပင်လယ်ဆားရယ် ရောထည့်ပါ။ ဒီလိုရောစပ်ထားတဲ့အရာက ခန္ဓာကိုယ်အတွက် အရေပြား ခြောက်သွေ့ခြင်း ၊ အသားအရေ ရောင်ရမ်းနာကျင်ခြင်းတို့ကို ကုစားပေးတဲ့ နည်းလမ်းတစ်မျိုး ပါပဲ။ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်မှာ လိမ်းထားပြီး မိနစ်၂၀ ခန့်ထားပါ။ ပြီးမှ ရေလောင်းချပြီး ရေပြန်ချိုးပေးပါ။ အရေးကြောင်းနဲ့  အစက်ပြောက်ထွက်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်သလို အရေပြားကို နူးညံ့စိုပြေစေပါတယ်။ တစ်ပတ်တစ်ခါ အိမ်တွင်း Spa ပုံစံမျိုးလေး ပြုလုပ်နိုင်ပါတယ်။ 

အုန်းဆီ

 အုန်းဆီကလည်း ခြောက်သွေ့တဲ့အသားအရေအတွက် သဘာဝဆေးနည်းတစ်မျိုးပါပဲ။ အုန်းဆီမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်ဓါတ်တွေ ၊ ဗီတာမင် Cနဲ့ E စတဲ့ ပါဝင်ပစ္စည်းတွေဟာ အသားအရေ ခြောက်သွေ့တာတွေ၊ အမာရွတ်တွေ ၊ နေရောင်ကြောင့် ဖြစ်တတ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို ကုသပေးပါတယ်။  အနံ့လည်း ယဉ်သလို ဈေးနှုန်းလည်း သက်သာတာကြောင့် အရေပြားပေါ်မှာလိမ်းပေးခြင်းဖြင့် အသားအရေကို နူးညံ့စိုပြေစေပါတယ်။ ညအိပ်ယာမဝင်ခင်လိမ်းပေးနိုင်တယ်နော်။ 

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ ဂျဲလ်ဟာ ခန္ဓာကိုယ်မှာ ဖြစ်ပွားနေတဲ့ နေလောင်ဒဏ်ကို သက်သာစေသလို အရေပြားကို စိုစွတ်နူးညံ့စေပါတယ်။ ဝက်ခြံကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်အပင်က  အရမ်းဂရုစိုက်စရာလည်း မလိုသလို သက်တမ်းရှည်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ တစ်ခါ အသုံးပြုဖို့ ကိုင်းဖြတ်ပြီးရင်လည်း အလွယ်တကူ ပြန်လည်ပေါက်လာတဲ့ အပင်မျိုးဖြစ်ပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်း ခြေထောက်နဲ့လက်တွေ ၊ မျက်နှာကိုလိမ်းပြီး အိပ်လိုက်တဲ့အခါ နူးညံ့စိုပြေ ဝင်းလက်တဲ့အသားအရေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ Cleaning ကောင်းကောင်းလုပ်ဖို့လည်း မမေ့နဲ့နော်။ 

ပြောပြခဲ့တာတွေအပြင် ပျားရည်တို့ ၊ အုတ်ဂျုံကြမ်းတို့ကလည်း ခြောက်သွေ့တဲ့ အသားအရေကို နူးညံ့စိုပြေစေတဲ့ အစွမ်းတွေရှိတယ်ဆိုတာ ချစ်တို့ကို အသိပေးလိုက်ပေးလိုက်ပါတယ်နော်။ အားလုံး စိုပြေနူးညံ့တဲ့အသားအရည်ကောင်းကောင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords