မနက်ဖြန် မင်္ဂလာပွဲအတွက် ညဘက်မှာ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

by: Phyo Pyae Thu
 0 comments  0 love

ညဘက်မှာ မျက်နှာကို deep cleansing လုပ်ဖို့ လိုပါတယ်။ အညစ်အကြေးတွေ သန့်စင်ဖို့အတွက်ပေါ့။ မျက်နှာသေချာ သစ်ဖို့ လိုပါတယ်။

သတို့သမီးလောင်းတို့ရေ မနက်ဖြန်က သတို့သမီးလေးရဲ့ မင်္ဂလာပွဲလေးဆိုရင် ဒီညမှာ ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့် ဖြစ်နေမှာ သေချာပါတယ်။ ရင်ခုန်စိတ်လှုပ်နေလို့ဆိုပြီး အသားအရေကို ပစ်ထားလို့ မရဘူးနော်။ အမြဲတမ်း အသားအရေ ကောင်းဖို့ ထိန်းသိမ်းလာပြီး ဒီလိုညမျိုးမှ အသားအရေကို ဂရုမစိုက်လို့ မရပါဘူး။ မနက်ဖြန် အသားအရေ ခြောက်နေတာ၊ ဝက်ခြံထွက်လာတာမျိုး ဖြစ်တတ်တယ်လေနော်။ ဒီတော့ မနက်ဖြန် မင်္ဂလာပွဲဆိုရင် ဒီည ဘယ်လိုထိန်းသိမ်းလို့ ရမလဲဆိုတာ ပြောပြမယ်နော်။

အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ (photo: www.myweekly.co.uk/)

ဝက်ခြံ ရှိတဲ့သူဆိုရင်

မနက်ဖြန်မနက်မှာ အလှဆုံးဖြစ်ဖို့အတွက် ဝက်ခြံထွက်နေတာမျိုးရှိရင် တခါတည်း နှိမ်နင်းထားဖို့ လိုပါတယ်။ ဝက်ခြံရောင်ရမ်းနေရင် ရေခဲကပ်တာမျိုး လုပ်ပါ။ မျက်နှာကို ဆိုင်မှာ ပေါင်းတင်တာမျိုး မလုပ်တော့ဘဲ Mask လေး ကပ်ပါ။ မျက်ကွင်းညိုတာတွေ ရှိတယ်ဆိုရင် သခွားသီးလေး ပါးပါးလှီးပြီး မျက်လုံးနား တဝိုက်မှာ ကပ်ထားပါနော်။ ဆယ်မိနစ်လောက်ပဲ ကပ်ပါ။ ပုံမှန်လိမ်းနေကျ Skin care အဆင့်ဆင့်လိမ်းပါ။

အသစ်လုံးဝ ပြောင်းမသုံးပါနဲ့

ကိုယ်တစ်ခါမှ မလိမ်းဘူးတဲ့ လိမ်းနေကျ မဟုတ်တဲ့ ဘယ်လို skin care ကိုမှ မလိမ်းပါနဲ့နော်။ အသားအရေ မညီညာတာမျိုး ဖြစ်သွားနိုင်တာကြောင့်ပါ။ သတို့သမီးလောင်းလေးတို့ ရေဓါတ်ပါဝင်တဲ့ ပစ္စည်းလေးတွေကိုပဲ ညဘက်မှာ လိမ်းပါ။ ဒါမှ မနက်မှာ မျက်နှာက ကြည်ကြည်လင်လင်လေးနဲ့ စိုစိုပြေပြေဖြစ်နေပြီး မိတ်ကပ်လိမ်းရတာ အဆင်ပြေမှာပါ။ မိတ်ကပ်လိမ်းတာ အဆင်ပြေမှ အလှဆုံး သတို့သမီးလေး ဖြစ်မှာပါနော်။

အသစ်လုံးဝ ပြောင်းမသုံးပါနဲ့ (photo: www.myweekly.co.uk/)

မျက်နှာသစ်တဲ့အခါ

ညဘက်မှာ မျက်နှာကို deep cleansing လုပ်ဖို့ လိုပါတယ်။ အညစ်အကြေးတွေ သန့်စင်ဖို့အတွက်ပေါ့။ မျက်နှာသေချာ သစ်ဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းထားတယ်ဆိုရင် မိတ်ကပ်ဖျက်ဆေးလေး သုံးပြီး ဖျက်ဖို့လိုပါတယ်နော်။ မျက်နှာသစ်ဆေးကိုလည်း အဲဒီညမှ ပြောင်းသုံးတာမျိုး၊ အသစ်စမ်းသုံးတာမျိုး လုံးဝလုံးဝကို မလုပ်ပါနဲ့နော်။ မျက်နှာကို သန့်တဲ့ သဘက်နဲ့ပဲ သုတ်ပါ။ မျက်နှာအတွက် သုံးတဲ့ တစ်ရှူးသုံးရင် အကောင်းဆုံးပါ။

အသားအရေ စိုအောင် (photo: www.myweekly.co.uk/)

မနက်မှာ အသားအရေ စိုအောင်

သတို့သမီးလေးတို့ မနက်မှာ မျက်နှာအသားအရေ စိုစိုလေး ဖြစ်နေအောင် လုပ်ဆောင်ဖို့ လိုတာတွေကတော့ ရေများများ သောက်အိပ်ပါ။ Mask ကပ်တာမျိုး လုပ်ပါ။ အိပ်ရေးဝဝ အိပ်ပါ။ စောစောအိပ်ရာဝင်ပါနော်။ ဒါမှ မနက်မှာ မျက်နှာအသားအရေ စိုစိုလေး ဖြစ်နေမှာပါ။

မနက်ဖြန် မင်္ဂလာပွဲမှာ အလှဆုံးသတို့သမီးလေး ဖြစ်ဖို့လိုတယ်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords