Advertisement

မင်္ဂလာဆွမ်းကျွေး၊ လက်မှတ်ထိုး ပွဲတွေမှာ လှလှလေး ဖြစ်နေဖို့အတွက် ချစ်တို့ နှုတ်ခမ်းအသားအရေကို (၁၅) ရက်လောက် ကြိုပြီး ဂရုစိုက်ပါ။

သတို့သမီးတို့ရေ ခုက မင်္ဂလာပွဲကြီးတွေ မကျင်းပရဘူးဆိုပေမယ့် အကျဥ◌်းချုံးပြီး မင်္ဂလာဆွမ်းကျွေးတွေ လက်မှတ်ထိုးတာတွေတော့ လုပ်ကြတယ်မလားနော်။ သတို့သမီးလေးတို့ ကိုယ့်ရဲ့ အမှတ်တရနေ့မှာ အလှဆုံး ဖြစ်နေမှ ရမယ်လေ။ ဒီနေ့အတွက် ကြိုတင်ဂရုစိုက်ထားရမယ့်အထဲမှာ ကိုယ့်ရဲ့ နှုတ်ခမ်းလေးလည်း ပါတယ်နော်။ ဓါတ်ပုံထဲမှာ ထင်းလင်းနေမယ့် နေရာလေးဆိုတော့ သေချာပြင်ဆင်ရပါမယ်။

Scrub

နှုတ်ခမ်းသားလေးတွေ နူးညံ့ပြီး အစိုဓါတ် အပြည့်ရှိနေစေဖို့ဆိုရင် Scrub လုပ်ပေးဖို့ လိုပါတယ်။ ဒါကတော့ မင်္ဂလာပွဲရက် မတိုင်မီမှာ တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးပါ။ သကြားလေးနည်းနည်းနဲ့ ပျားရည်ကို ရောပြီး နှုတ်ခမ်းမှာ သုတ်ပါ။ ပြီးရင် လက်လေးနဲ့ အသာအယာ ပွတ်ပေးပါ။ ဆဲလ်သေတွေ ကင်းသွားပြီး နှုတ်ခမ်းမည်းတာတွေ မရှိတော့ဘဲ ပျားရည်ရဲ့ အစိုဓါတ်ကြောင့် နှုတ်ခမ်းသားလေး နူးညံ့နေမှာပါ။

https://www.lorealparisusa.com/

အစားအသောက်

နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေ မရှိစေဖို့အတွက် အပူအစပ် စားတာတွေ ရှောင်ရပါမယ်။ အစပ်အရမ်းကြိုက်တယ်ဆိုရင်တော့ နည်းနည်းလောက်ပဲ စားပါ။ အသီးအနှံလေးတွေလည်း စားပေးပါ။

ရေဓါတ်

ရေဓါတ်ကတော့ အရမ်းအရေးကြီးပါတယ်။ ရေဓါတ်များများ ရရှိကာမှ မင်္ဂလာပွဲနေ့မှာ အသားအရေလေး စိုပြေပြီး မျက်နှာလေးလည်း ကြည်နေမှာပါ။ ဒါ့အပြင် နှုတ်ခမ်းခြောက်တာတွေလည်း မရှိတော့မှာပါ။ ရေ တစ်နေ့ကို (၂) လီတာလောက် သောက်ပေးပါ။

https://www.healthline.com/

Lip balm

မင်္ဂလာပွဲရက်နီးလာပြီဆိုရင် ညအိပ်တဲ့အခါတိုင်း မျက်နှာကို Skin care သလို နှုတ်ခမ်းကိုလည်း လုပ်ရပါမယ်။ lip balm လေးတွေ လိမ်းတာ၊ နှုတ်ခမ်းအတွက် အဆီပါတဲ့ ခရင်မ်လေးတွေ လိမ်းအိပ်တာမျိုး လုပ်ပါ။

Matt type ရှောင်ပါ

မင်္ဂလာဆောင်ခါနီးရက်တွေ အပြင်သွားလို့ နှုတ်ခမ်းနီဆိုးတဲ့အခါမှာ Matt ပါတဲ့ နှုတ်ခမ်းနီတွေ မဆိုးဘဲနဲ့ lip glossလေးတွေနဲ့ အဆီပါတဲ့ နှုတ်ခမ်းနီလေးတွေပဲ ဆိုးပေးဖို့ လိုပါတယ်။

 

Tags: bride beauty

Comments

0 comments