Advertisement

အမက မနှစ်ကလည်း လက်တွဲခဲ့တယ်၊ အခုနှစ်မှာ အမလည်း Show တွေ အများကြီး မပြတော့ဘဲ Marry နဲ့ ပွဲလေးမှာပဲ သေချာလေး လုပ်မယ် စိတ်ကူးထားတယ်

မင်္ဂလာပွဲလေး ကျင်းပတော့မယ်ဆိုရင် သတို့သမီးလေးတို့ အရင်ဆုံး စဉ်းစားမိတာကတော့ မင်္ဂလာဆောင်မှာ ဘယ်လိုဝတ်စုံလေး ဝတ်မလဲ ဆိုတာပါပဲ။ မင်္ဂလာပွဲလေးအတွက် မင်္ဂလာဝတ်စုံ ရွေးချယ်ပြီဆိုရင်လည်း ထိုင်မသိမ်းဝတ်မှာလား၊ အနောက်တိုင်းဂါဝန် ဝတ်မှာလားဆိုတာ ထပ်ပြီး စဉ်းစားရပြန်တာပါပဲနော်။ ဒီလိုမျိုး မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေကို စဉ်းစားပြီဆိုရင် အရှေ့တိုင်းဆန်တာကြီးလည်း မဝတ်ချင်ဘူး၊ အနောက်တိုင်းဝတ်စုံသီးသန့်လည်း မဝတ်ချင်ဘူးဆိုရင်တော့ နှစ်မျိုးစလုံး ရောစပ်ထားတဲ့ မင်္ဂလာဝတ်စုံမျိုးကို ရွေးချယ်လို့ ရပါတယ်။

Marry က ကျင်းပတဲ့ Marry Wedding Day (2019) ရိုးမြေကျ မင်းနဲ့အတူ ပွဲကြီးမှာလည်း ဆန်းသစ်ပြီး အရှေ့တိုင်းရော အနောက်တိုင်းပါ ရောစပ်ထားတဲ့ မင်္ဂလာဝတ်စုံ ဖက်ရှင်ဒီဇိုင်းတွေကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ နာမည်ကြီး ဒီဇိုင်နာ များစွာ ပါဝင်ပြီး အဲဒီထဲကမှ အမြဲတမ်း အရှေ့တိုင်းနဲ့ အနောက်တိုင်းဖက်ရှင်တွေကို ရောစပ်ဖန်တီိးလေ့ ရှိတဲ့ ဒီဇိုင်နာ မပုံ့( My Favourite) ရဲ့ လက်ရာတွေကိုလည်း မြင်တွေ့ခွင့် ရမှာ ဖြစ်ပါတယ်။

ဒီဇိုင်နာ မပုံ့ (My Favourite)

Marry Wedding Day (2019) မှာ ပါဝင်ဖြစ်ပုံ

(၂၀၁၈) ခုနှစ်က လုပ်တဲ့ ပွဲမှာလည်း ပါဝင်ခဲ့တာပေါ့နော်။ ဒီနှစ်က Retro Theme လေးလည်း လုပ်ဖြစ်မယ်ပြောတယ်။ အမက မနှစ်ကလည်း လက်တွဲခဲ့တယ်၊ အခုနှစ်မှာ အမလည်း Show တွေ အများကြီး မပြတော့ဘဲ Marry နဲ့ ပွဲလေးမှာပဲ သေချာလေး လုပ်မယ် စိတ်ကူးထားတယ်။ Retro ကလည်း ဒီနှစ်အမကြိုက်နေတဲ့ ပုံစံလေးဆိုတော့ ပါဝင်ဖြစ်သွားတာပါ။

ဖန်တီးဖြစ်မယ့် ဝတ်စုံတွေအကြောင်း

Retro ဆိုရင်တော့ တော်တော်များများက အနောက်တိုင်း ဝတ်ကြတာ များတယ်ပေါ့နော်။ ဒီနှစ်ကိုတော့ အနောက်တိုင်းရော အရှေ့တိုင်းပါ စပ်ထားတဲ့ ဝတ်စုံလေး ဖန်တီးဖြစ်မယ်၊ Signing day ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ကမ်းခြေမှာပဲဖြစ်ဖြစ် မင်္ဂလာပွဲလေး လုပ်တဲ့အခါ ပေါ့ပေါ့ပါးပါး ဝတ်လို့ရမယ့် မင်္ဂလာဝတ်စုံလေးတွေ ဖန်တီးပြသဖြစ်မှာပါ။

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : ? http://bit.ly/2LFtdkP ? ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

Comments

0 comments