Advertisement

သတို့သမီးလေးတို့လည်း ထိုင်မသိမ်းဝတ်စုံ ဒီဇိုင်းလေးတွေ လေ့လာခွင့်ရမှာမလို့ ဇွန်လ(၈၊၉) ရက်နေ့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပမယ့် ပွဲလေးကို  အရောက်လှမ်းခဲ့နော်။ 

သတို့သမီးလေးတို့ မင်္ဂလာဆောင်တော့မယ်ဆိုရင် အရင်ဆုံး စဉ်းစားမိမယ့်အချက်ကတော့ ဝတ်စုံပဲ ဖြစ်မှာပါ။ မင်္ဂလာဝတ်စုံမှာလည်း ထိုင်မသိမ်းဝတ်စုံ၊ အနောက်တိုင်းဝတ်စုံတွေဆိုပြီး သတို့သမီးလေးတို့ ရွေးချယ်လို့ ရပါတယ်။ ခုနောက်ပိုင်း ထိုင်မသိမ်းမှာဆိုရင်လည်း ဆန်းသစ်တီထွင်မှုတွေ အများကြီး ဖန်တီးပြီး ဝတ်ဆင်လာကြပါတယ်။ အနောက်တိုင်းဝတ်စုံမှာလည်း ဆန်းသစ်တီထွင်ပြီး ချုပ်လုပ်မှုတွေက အရင်ကထက်ပိုပြီး များပြားလာပါတယ်။ မင်္ဂလာပွဲလေး ကျင်းပမယ့် ပုံစံကို လိုက်ပြပီး ချုပ်တဲ့ ဝတ်စုံပုံစံလေးတွေလည်း ရှိပါတယ်။

Marry က ကျင်းပတဲ့ Marry Wedding Day 2019 ပွဲလေးမှာလည်း ထူးခြားဆန်းသစ်တဲ့ ဝတ်စုံတွေကို ဖန်တီးပေးမယ့် အတတ်ပညာရှင် ဖက်ရှင်ဒီဇိုင်နာတွေ အများကြီး ပါဝင်မှာ ဖြစ်ပါတယ်။ ဒီထဲကမှ ဆန်းသစ်တဲ့ ထိုင်မသိမ်းဝတ်လေးတွေကို ပိုင်နိုင်စွာ ဖန်တီးပေးနေကျဖြစ်တဲ့ ဒီဇိုင်နာ မမဉ္ဇူ (Zu Zu Collection) လည်း ပါဝင်ဖန်တီးမှာ ဖြစ်ပါတယ်။

ဒီဇိုင်နာ မမဉ္ဇူ (Zu Zu Collection)

Marry Wedding Day မှာ ပါဝင်ပြသဖြစ်မယ့် ဝတ်စုံ ဖန်တီးမှုတွေ

ရိုးမြေကျ မင်းနဲ့အတူ Marry Wedding Day (2019) မှာ ပါဝင်ပြသဖြစ်မယ့် ဝတ်စုံဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ မမဉ္ဇူ (Zu Zu Collection) က ခုလိုပဲ ပြောပြထားပါတယ်။

“Marry နဲ့ လုပ်တဲ့ ပွဲမှာတော့ Antiage ဖြစ်တဲ့ ဒီဇိုင်းလေးတွေ ဖန်တီးဖြစ်မှာပါ။ အရင်တုန်းက (၁၉၆၀-၁၉၇၀) ခုနှစ်လောက်က မင်္ဂလာဆောင်ခဲ့ကြတဲ့ ထိုင်မသိမ်းဝတ်စုံ ပုံစံလေးတွေ သေချာဖန်တီးပြီး လုပ်ဆောင်ဖြစ်မှာပါ။ ပွဲက Retro ပုံစံလေးဆိုတော့ အဲဒီပုံစံလေးနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးဖြစ်မှာပါ။”

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : ? http://bit.ly/2LFtdkP ? ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

Comments

0 comments