Advertisement

ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်

မင်္ဂလာပွဲကျင်းပမယ့် သတို့သမီးလောင်းတို့အနေနဲ့ မင်္ဂလာပွဲမှာ အလှပဆုံး ကျက်သရေ အရှိဆုံး ဖြစ်ဖို့ဆိုတာ မင်္ဂလာဝတ်စုံကလည်း အရေးကြီးတယ်မလား၊ သတို့သမီးလောင်းလေးတို့ အများဆုံး စဉ်းစားဖြစ်ကြတာလည်း မင်္ဂလာဝတ်စုံပဲ ဖြစ်မှာပါ။ မင်္ဂလာဝတ်စုံ ဖန်တီးတဲ့အခါမှာလည်း အချိန်နဲ့ နှစ်ကို လိုက်ပြီး ခေတ်စားတာလေးတွေ ရှိစမြဲပါပဲနော်။ ကိုယ့်ရဲ့ မင်္ဂလာပွဲ မတိုင်ခင် ကိုယ့်ရဲ့ဘိုးဘွားဘီဘင်လက်ထပ်မှာကတည်းက မင်္ဂလာဝတ်စုံ ဖက်ရှင်နဲ့ ပတ်သက်ပြီး သတို့သမီးလေးတို့ အများကြီး စဉ်းစားတီထွင်ဖန်တီးခဲ့ကြတာပါ။ ခုနောက်ပိုင်းမှာလည်း ထိုင်မသိမ်းပဲ ဖြစ်ဖြစ်၊ အနောက်တိုင်း မင်္ဂလာဝတ်စုံပဲ ဖြစ်ဖြစ် ဒီဇိုင်နာတွေနဲ့ သေချာတိုင်ပင်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေ မင်္ဂလာဝတ်စုံ ဖန်တီးတာ များလာပါတယ်။

ဒီဇိုင်နာ သွင်စုထွေး

မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေအတွက် အကောင်းဆုံး အကြံဥာဏ်တွေနဲ့ ဖန်တီးမှု အသစ်တွေ ပေးစွမ်းမယ့် Marry Wedding Day “ရိုးမြေကျမင်းနဲ့အတူ” ပွဲကြီးမှာလည်း သတို့သမီးလောင်းတို့အတွက် ထူးခြားဆန်းသစ်တဲ့ မင်္ဂလာဝတ်စုံတွေကို မြင်တွေ့ရမှာပါ။ ဒီလိုမျိုး ထူးခြားဆန်းသစ်တဲ့ ဝတ်စုံလေးတွေကို ဖန်တီးပေးမယ့်သူကတော့ ဒီဇိုင်နာ သွင်စုထွေးပဲ ဖြစ်ပါတယ်။

Marry Wedding Day ဖန်တီးပြသဖြစ်မယ့် မင်္ဂလာဝတ်စုံအကြောင်း

Marry Wedding Dayမှာ မင်္ဂလာဝတ်စုံတွေ ဖန်တီးပြသမယ့် ဒီဇိုင်နာ သွင်စုထွေးက

“Marry Wedding Day က Retro ပုံစံလေးနဲ့ လုပ်ဖြစ်မယ်ဆိုတော့ ဒါက ကိုယ်ဖန်တီးနေကျ ဖက်ရှင်ပုံစံလေးနဲ့ ကိုက်ညီတယ်ဆိုပြီး ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကိုယ်ကလည်း အနောက်တိုင်းဝတ်စုံကို ဖန်တီးရတာ ပိုပြီး ကြိုက်တယ်၊ စိတ်လည်းဝင်စားတယ်၊ ကိုယ်လုပ်နိုင်တဲ့ အပိုင်းဖြစ်တာဆိုတော့ ဒီပွဲမှာလည်း အနောက်တိုင်းမင်္ဂလာဝတ်စုံ ဖန်တီးပြသဖြစ်မှာပါ။ ပထမဆုံးတော့ Retro ဖြစ်မယ့် ပုံစံလေးကို စဉ်းစားတယ်၊ ဒါကိုမှ အခြေခံပြီး Unique ဖြစ်မယ့် ဒီဇိုင်းလေးကို ဖန်တီးဖြစ်မှာပါ။ မင်္ဂလာပွဲတွေမှာ တွေ့မြင်နေကြဖြစ်တဲ့ Evening Grown တွေ မဟုတ်ဘဲ နည်းနည်းလေး သွေဖီပြီးတော့ Unique ဖြစ်တဲ့ ဒီဇိုင်းလေးတွေ ဖန်တီးပြသသွားမှာပါ” လို့ ပြောပြထားပါတယ်။

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : ? http://bit.ly/2LFtdkP ? ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

 

Comments

0 comments